Friday, October 17, 2008

ခေါင်းတိုက်ခြင်း

နိုင်ငံကျော်ကာတွန်းဆရာကြီးတစ်ယောက်ဖြစ်တဲ့ အော်ပီကျယ်က ဒီလိုလေးပြောတာကြားဖူးတယ်...။


“ကာတွန်းဆရာတွေက ဘာနဲ့တူသလဲဆိုတော့..ကော်နာကန်တဲ့သူတွေနဲ့တူတယ်တဲ့.... ကျွန်တော်တို့ကတော့ ကန်တင်ပေးလိုက်တာပဲတဲ့...ခင်ဗျားတို့ကို အားထုတ်မှုလုပ်ပီး ခေါင်းတိုက်သွင်းပါမှ ဂိုးဝင်နိုင်မယ်တယ်...”




ဒီစကားလေးကိုကြားရတော့ နဲနဲလေး ဆက်ပီးတွေးကြည့်မိတယ်...။




ဘောလုံးပွဲတစ်ပွဲမှာ အနိုင်ရဖို့ ဂိုးသွင်းခြင်းဟာလည်း အရေးပါတယ်။ ဂိုးသွင်းနိုင်ဖို့အတွက် အမျိုးမျိုးကြိုးစားကြတယ်..။ ဒီလိုကြိုးစားမှုတွေထဲကမှ ကော်နာဘောတွေကို ခေါင်းတိုက်ခြင်းဆိုတာလေးကို သွားတွေ့တယ်။ ခေါင်းတိုက်ဖို့အတွက်ဆိုရင် ကစားသမားတိုင်းမှာ အခွင့်အရေးရှိတယ်။ ရှေ့တန်းမှ အလယ်တန်းမှ မဟုတ်ဘူး။ နောက်တန်းကလည်း တက်ပြီးခေါင်းတိုက်ကြတယ်။ တခါတလေ ဂိုးသမားတောင် တက်ပီး ခေါင်းတိုက်တာတွေ့ရတယ်။


ခေါင်းတိုက်ဖို့ဆိုရင်တော့ အနည်းဆုံးတော့ အရပ်မြင့်ဖို့လိုမယ်။ နေရာယူတတ်ရမယ်။ မြင့်မြင့်ခုန်နိုင်ရမယ်။ ခေါင်းတိုက်တတ်ရမယ်။ ဘောလုံးလမ်းကြောင်းကို မှန်းနိုင်ရမယ်။ ကိုယ့်ကို ကာထားတဲ့လူတွေကို တွန်းတိုက်ပီး ကိုယ့်အတွက်နေရာလေးတစ်ခု ဖန်တီးယူနိုင်ရမယ်။




ဒီလိုလေးပဲလေ....။


ကျွန်တော်တို့ဘ၀မှာလည်း ဒီလိုမျိုးခေါင်းတိုက်တတ်ဖို့အရေးကြီးတယ်။ ဒီလိုဗျာ...။ နေရာတိုင်းကနေ သင်ခန်းစာယူပြီး ကိုယ်အောင်မြင်မှုအတွက် အားစိုက်လုပ်ဆောင်နိုင်ရမယ်။ လောကမှာ အခွင့်အရေးတွေ...သင်ခန်းစာတွေ...အသိပညာတွေဟာ နေရာတိုင်းက ၀ဲပျံပြီး ကိုယ်ဆီရောက်လာမယ်..။ အဲဒီအပေါ်မှာ ကိုယ်က ရအောင်ယူနိုင်ရမယ်..။ အသိလေးတစ်ချက် အလက်မှာ ဖမ်းဆုပ်နိုင်ရမယ်။ ဒီလိုရနိုင်ဖို့အတွက်တော့ ကိုယ်မှာ စိတ်အခံမြင့်နေရမယ်။ စိတ်ကို ဖွင့်ထားနိုင်ရမယ်။ ပတ်ဝန်းကျင်ကို အကောင်းဖက်က မြင်နိုင်ရမယ်။ ကိုယ့်အတွက် ဘာအကျိုးရှိမလဲဆိုတာကို သင်ယူနိုင်ရမယ်။ ပီးတော့မှာ ဒီအပေါ်အခြေခံပီး ဘယ်လိုပြန်အသုံးချမလဲ။ ဆင်ခြင်စဉ်းစားနိုင်ရမယ်။ ပီးတော့ ဒီအသိလေးက ကိုယ့်ကို ဘာတွေပြောနေပီလဲ...။


ဘာလို့ဆိုတော့...တချို့သော သေးသေးမွှားမွှားအကြောင်းအရာလေးတွေက ကမ္ဘာကြီးကိုတောင် ပြောင်းလဲသွားစေနိုင်တယ်လေ...။


ပန်းသီးလေး သူ့ဟာသူ ကြွေကျတာကနေ “နယူတန်” က ဆွဲငင်အားရှိတယ်ဆိုတာကို တွေ့ရှိခဲ့တယ်။

ရေနွေးအိုးဆူလို့ အဖုံးလေးကြွလာတာကနေ ”ဂျိမ်းဝပ်”က ရေနွေးငွေ့စွမ်းအားကိုတွေ့ရှိခဲ့တယ်လေ။


ဒီလိုပဲ ကျွန်တော်တို့လည်း နေ့စဉ် လိုင်းကားတိုးစီးရခြင်းကနေရော သင်ခန်းစာတွေ မယူနိုင်ဘူးလား။ သဘောတခုပြောရရင်.... လိုင်းကားပေါ်မှာ ဒီအတိုင်းကြီး တင်းပြီးရပ်နေသမျှတော့ ကိုယ့်မှာ ပင်ပန်းတယ်။ သူများလည်း အကျိုးမရှိဘူး။ ကိုယ်က အလိုက်သင့်လေး ဟပေးရင် နေရလေးချိန်းပေးမယ်ဆိုရင် အဆင်ပြေမယ်ဗျာ။ ဒီလိုပဲ.... ဘ၀မှာလည်း ငါသိတာပဲ အမှန်ဆိုပီး မာနကြီးနေမယ်ဆိုရင်... အဆင်မပြေဘူးလေ။ အဲဒီလူ တနေ့ကျဆုံးမှာပဲ။ ပတ်ဝန်းကျင်ကိုကြည့်လိုက်...။ ဒီအချိန်မှာ ဒါလေးတော့ သိဖို့လိုအပ်နေပီရင် သိအောင်လုပ်လိုက်။ ငါသိထားကတော့ ဘာတွေ ဖြည့်ဖို့လိုပီလည်း။ ဒီလိုလေးတွေ စဉ်းစားဆင်ခြင်သုံးသပ်ရင်

Wednesday, July 23, 2008

for babys....

ရွှေတိဂုံဘုရားသွားတဲ့အခါမှာလေ...
အပေါက်ဝမှာ ကလေးလေးတွေ အမြဲတမ်းရှိတယ်....
တကယ့်ကို ငယ်ငယ်လေးတွေပါ....
မူကြိုအရွယ်လေးတွေ.....တချို့ဆိုရင် နှပ်ချီးတွဲလောင်းလေးတွေ...
သူတို့က ဘာလုပ်ကြလဲဆိုတော့...ကြွပ်ကြွပ်အိတ်ကလေးတွေ ပေးတယ်...
ဘုရားပေါ်တက်ရင် ဖိနပ်ချွတ်ရတယ်လေ...အဲဒီအခါ ဖိနပ်ကို အိတ်ထဲထည့်ရတယ်မဟုတ်လား...
သူတို့က အဲဒီအိတ်ကလေးတွေကို ၀န်ဆောင်မှုပေးတယ်....
ရောင်းတာမဟုတ်ဘူးနော်...ပေးတာ...
ပီးမှသာ...မုန့်ဖိုးပေးဖို့ပြောတာ....တကယ်ကို အလုအယက်ပဲဗျာ...
ရှောင်ထွက်သွားရင်လည်း အတင်းလိုက်ပီးပေးတာ....
ဖိနပ်ကိုပါ အတင်းချွတ်တာ....ဘယ်လိုသွားပြောရမလဲဗျာ....
ဒီအရွယ်လေးတွေဆိုတာ အပူအပင်မရှိ....ဆော့ကစားနေရမယ့်အရွယ်....
သူတို့လေးမှာတော့ ဘုရားရှေ့က နေပူထဲမှာရပ်ပီး...လူတွေကို စောင့်နေရတာ....
သိပ်သနားစရာကောင်းတာပဲ....
ဒီကလေးလေးတွေအတွက် ကျွန်တော်တို့ တစ်ခုခုများ မလုပ်ပေးနိုင်ဘူးလားဗျာ...
စဉ်းစားမိတယ်လေ...
သူတို့မိဘတွေကရော ဘာလိုများ ဒီလိုလွှတ်ထားရတာလဲ...
ဘာလို့များ ဒီလိုခိုင်းရတာလဲ...မတတ်နိုင်လို့ပဲပေါ့ဗျာနော်...
ဘယ်မိဘကတော့ ကိုယ့်သားသမီးကို ငယ်ငယ်ရွယ်ရွယ် အလုပ်ခိုင်းချင်မလဲ....
မတက်သာလို့သာပေါ့.....
ဒီလိုဆိုတော့ ပြန်စဉ်းစားကြည့်တယ်...
ကျွန်တော်တို့ငယ်ငယ်ကရော ဒီလိုပဲ လုပ်ခဲ့ရသလား....
ပြန်စဉ်းစားကြည့်ရင် မိဘရဲ့မေတ္တာကို သိလာမယ်....
ကျွန်တော်ဆိုလည်း ငယ်ငယ်က ဆင်းရဲတယ်...
ဒါပေမယ့် အမေက ကျွန်တော့်ကို အေးအေးဆေးဆေးဆော့ခိုင်းတယ်....
သူကတော့ အလုပ်ကလေးတွေ ရှာကြံလုပ်တယ်...
ကျောင်းဆရာမဗျာ...ကလေးက ခြောက်ယောက်...
တနယ်တကျေးမှာ တာဝန်ကျတယ်...အဖေကလည်း ကျောင်းဆရာပဲ....
တာဝန်ကျရာ နယ်သွားရတယ်...ဒီတော့ ခြစ်ရတယ်...ကုတ်ရတယ်...
ဝတ်သားဆို မှန်ဘီလူးဟင်းစားရတယ်...
ဟင်းတွေက အမည်ဖေါ်လို့မရအောင် စုပေါင်းစပ်ပေါင်း....
မုန့်ဖိုးဆိုလည်း မပေးနိုင်ဘူး....ဒါပေမယ့် သူပေးနိုင်တဲ့ ပညာရေးကိုတော့ ပေးတယ်....
အခုဆိုရင်ဗျာ...အားလုံးကအလုပ်ကိုယ်စီ...ဒီလိုဆိုတော့ မိဘကျေးဇူးကို သိလာရတယ်...
တချို့ဆို ကိုယ်တိုင်တောင် မိဘဖြစ်လာတော့ ပိုသိလာရပီ....
ကိုယ်ကိုယ်တိုင် အေးချမ်းပီဆိုတော့ မအေးချမ်းနိုင်သေးတဲ့
ဒီကလေးလေးတွေအတွက် တခုခုလုပ်ပေးကြရင် မကောင်းဘူးလားဗျာ...
တကယ်ကို နွေးထွေးတဲ့ အသိုက်အမြုံလေးတွေ ဖန်တီးပေးကြရင် မကောင်းဘူးလားဗျာ....

Saturday, July 19, 2008

ပြန်မလိုချင်နဲ့.....

တခါတလေကျတော့....ဘ၀မှာ မျှော်လင့်ခြင်းတွေက လူကို ပူလောင်စေတယ်...
တခုခုလုပ်ပေးလိုက်ရရင် တခုခုတော့ ပြန်လိုချင်မိတယ်....
ပြန်မရတဲ့အခါ ရင်ထဲမှာ ခံစားရတယ်...
စေတနာနဲ့လုပ်ပေးခဲ့ရင်လည်း စေတနာလေးကို ပြန်ပြီး အသိအမှတ်ပြုတာလေးတော့ ခံချင်တယ်...
လှူတယ်...တန်းတယ်ဆိုရင်လည်း ဒီလိုပဲ...
ကိုယ်လှူတာလေး ဘယ်လိုအဖတ်တင်သလဲ...ဒါလေးကို ကြည့်ပြီးကြည်နူးချင်တယ်...
တကယ်ဆိုရင်ပေါ့နော်...
လှူခဲ့ရင်လည်း ကိုယ့်ကိုယ်တိုင်က စိတ်နှလုံးပါစွာ လှူတန်းလိုက်ပါ...
ပြန်မလိုချင်နဲ့တော့...
ပြန်လိုချင်ခဲ့တဲ့အခါ မဖြစ်ခဲ့ရင် စိတ်က စေတနာလျှော့သွားတက်တယ်...
ဒီလိုပဲ အလုပ်လုပ်တဲ့အခါမှာလည်း...စေတနာပါစွာ...စိတ်ပါစွာသာ လုပ်လိုက်ပါ...
လုပ်စရာရှိတာတွေကိုသာ စိတ်ပါလက်ပါလုပ်လိုက်....
အသိအမှတ် ပြုပြု...မပြုပြု...အကောင်းဆုံးသာလုပ်ပေးလိုက်ပါ...
ဒါဆို ကိုယ့်ကိုယ်ကို သိတယ်လေ...
ငါအကောင်းဆုံးလုပ်ပေးလိုက်တယ်....သူကောင်းသွားတာ တွေ့ရင် ကိုယ်ကျေနပ်တယ်...
ဒါကမှ တကယ့်ပီတိလေ...
ဒီကြားထဲကမှ ကိုယ့်ကို အသိအမှတ်ပြုတယ်...ချီးကျူးတယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့...
ချီးကျူးခံချင်လို့ လုပ်တာမျိုး မဟုတ်ပဲ....
လုပ်တာကောင်းလို့ ချီးကျူးတာမျိုးလေး ဖြစ်အောင် ကြိုးစားကြမယ်လေ...
မကောင်းဘူးလား...

Thursday, June 26, 2008

တောင်းပန်ခြင်း

စိတ်မဆိုးကျနဲ့နော်.....
အီးမေးတောင် နှပ်မှန်အောင် မနည်းသုံးနေရတဲ့ ဘ၀လေးကို စာနာနိုင်ကြမယ်လို့ထင်ပါတယ်....
လာလည်သူတွေကို ကျေးဇူးတင်ပါသည်....

Wednesday, June 11, 2008

I LOVE KBCS

ကျွန်တော် စင်ကာပူကို အလုပ်ရှာဖို့လာခဲ့တယ်...။
သူငယ်ချင်းတွေကို အားကိုးမယ်ပေါ့...။
ဒီရောက်တော့ ဘယ်သူမှ မကူနိုင်ဘူး...။ ကိုယ့်ဟာကိုတောင် မအားကြတာ...။
ဒီတော့ ဒုက္ခနည်းနည်းရောက်တာပေါ့ဗျာ...။ ပူပန်မှုတွေက စတော့တာပဲ..။
အလုပ်မရမှာ ကြောက်ရတဲ့အပူ....။ လမ်းရှာမတွေ့မှာ ပူရတဲ့အပူ...။ အင်တာဗျူးမှာ အဆင်မပြေမှာပူရတဲ့အပူ...။ ဒီလို...အပူ...အပူ...တွေနဲ့လောင်ကျွမ်းမတတ်ခံစားရတဲ့အချိန်မှာ
ဖြေအေးစရာ နေရာလေးတစ်ခုကို သွားတွေ့တယ်...။
အဲဒါကတော့ KBCS လို့ခေါ်တဲ့ ဘုရားကျောင်းလေးပဲ...။
အဲဒီမှာ သူငယ်ချင်းတွေ ရှိတယ်...။ ဆရာတွေရှိတယ်...။
ဒီထက်ပြောရရင် ဘုရားသခင်ကို ချစ်တဲ့လူတွေ ရှိတယ်...။
ဒီရောက်လာတဲ့အခါ လူတွေက ဘုရားနဲ့ပိုပြီးနီးလာရတယ်...။
ဘာလို့ဆိုတော့ လူက ဒုက္ခတွေ အကြပ်အတည်းတွေ ဖိနှိပ်မှုတွေ ခံလာရတဲ့အခါ ဘုရားကို ပိုသိလာတယ်...။
လူတွေက ကိုယ့်ကို မကူညီနိုင်ဘူး...။ ဘုရားသခင်သာ ငါတို့ကို ကူညီနိုင်တယ်...။
ဘုရားကိုသာ ပိုအားကိုးလာကြတယ်...။ မိဝေးဖဝေး တစိမ်းတွေကြားမှာ ရပ်တည်နိုင်ဖို့က ဘုရားသခင်သာ အားကိုးရာဖြစ်တယ်..။ တခါတလေ ကိုယ်စိတ်ထဲမှာ အထီးကျန်သလို ခံစားနေရတယ်...။ ဒီလိုအခါမျိုးမှာ ဘုရားကျောင်းကို သွားလိုက်တယ်...။ ဒီနေရာလေးမှာ ဘ၀တူလူငယ်လေးတွေ လာစုနေကြတယ်..။
တယောက်နဲ့တယောက် ရင်းနှီးကြတယ်...တိုင်ပင်ကြတယ်...အတွေ့အကြုံတွေ ဝေမျှကြတယ်...။
ကျွန်တော်ဆို အင်တာဗျူးသွားခါနီးဆို...ဒီသူငယ်ချင်းတွေကို မက်ဆေ့ပို့ပြီး ဆုတောင်းခိုင်းရတယ်...။
ပီးတော့ ဒီမှာက စနေနေ့ညနေဆို ဘောလုံးကန်ကြတယ်...သီချင်းကျင့်ကြတယ်...ကွန်ပြူတာသင်တန်းလည်းရှိတယ်လေ...။ ပီးတော့ ကျမ်းစာတွေလည်း ဆွေးနွေးကြတယ်...။
အထူးသဖြင့် လူငယ်သင်းအုပ်ဆရာရဲ့ ပေးဆပ်မှုကို ကြည့်ပြီး ခွန်အားယူရတယ်...။
သူက ဆန်းဒေးတရက်လုံး ဘုရားကျောင်းမှာ ဘုရားရှိခိုးတယ်...။ ဒါတင်မကဘူး ညနေဆိုရင်လည်း ဘုရားကျောင်းမရောက်နိုင်တဲ့ သူတွေဆီမှာ သွားပီးဆုတောင်းပေးတယ်..။ တခုခုဆို သူ့ပဲ အပူကပ်ရတာ..။
မလေးပြေးရတုန်းကလည်း သူ့ပဲအပူကပ်ရတာ...။ သူကပဲ ဆက်သွယ်ပေးတယ်...။
သူအမြဲပြောတဲ့စကားလေးတစ်ခွန်းရှိတယ်...။ GOD is GOOD...တဲ့။
ဘုရားသခင်ဟာ ကောင်းမြတ်တယ်...။ ဒီလောက်ကောင်းမြတ်တဲ့ဘုရားအတွက် ဒီဆန်းဒေးလေးတရက်ကို မပေးနိုင်ဘူးလား...။ သူကပေးဆပ်တယ်...။ ဒီမှာ တစ်ခုခုဖြစ်ရင် သူ့ဆီဖုန်းဆက်..။ သူက အကုန်ကူညီပေးတယ်...။ တစ်ယောက်ယောက် ဆေးရုံတက်ရပီလား...။ သူ့ဆီဖုန်းဆက်...။ သူလာပီး ကူညီတယ်..ဆုတောင်းပေးတယ်..။
နောက်ပီး အသင်းတော်ကလူတွေကလည်း အရမ်းကိုပဲ ကျွန်တော်ကို ချစ်တယ်..။ ကူညီတယ်..။
လူငယ်ဥက္ကဌဆိုရင် မလေးသွားတုန်းက ဟိုဘက်ကမ်းအထိ လိုက်ပို့တယ်..။ မနက်အလုပ်တက်ရမှာ ရှိပေမယ့်လည်း ည ၁၂အထိ ကျွန်တော်ကိုလိုက်ပို့တယ်...။ မလေးကိုသွားမယ့် ၁၂း၃၀ ကားပေါ်ကို အရောက်တင်ပေးတယ်...။ သူနဲ့က အိမ်ချင်းကလည်း နီးတာကိုး..။ အိမ်လည်ခေါ်တယ်..။ အားပေးစကားပြောတယ်...။
နောက်တစ်ယောက်ဆိုရင်လည်း ကျွန်တော့်ရဲ့ မလေးသွားမယ့် ဗီဇာကိစတွေ..သက်တမ်းတို့ကိစတွေ လိုက်ကူညီတယ်...။ တကယ်ကိုမှ တနေကုန်တယ်..။ ဒါတင် မကသေးဘူး..။ ထမင်းလည်းကျွေးတယ်...။ ရုပ်ရှင်လည်းပြတယ်..။ သိပ်ချစ်ဖို့ကောင်းတာ..။
ဒါတင်မကသေးပါဘူး...။ ဒီရောက်တဲ့ကာလလေးမှာ လူငယ်သင်တန်းတွေ...ဘောလုံးပွဲတွေမှာ ပါဝင်ခွင့်ရတယ်...။ အရမ်းပျော်ဖို့ကောင်းတာ...။ တကယ့်ကို မမေ့နိုင်စရာပါပဲ...။
ရန်ကုန်မှာ ရှိတုန်းကတော့ ဘုရားက ကိုယ်အသိထဲမှာပဲရှိတာ...။
ဒီရောက်တော့မှာ ဘုရားသခင်က ကိုယ့်ရဲ့အသိထဲမှာတင်မကဘူး....နှလုံးသားထဲမှာပါ ရောက်နေတော့တာ..။
ဒီလိုရောက်ဖို့ကလည်း ဒီဘုရားကျောင်းလေးရဲ့ တရားဒေသနာတွေ...ဝေမျှချက်တွေ..သက်သေခံချက်တွေကပဲ ရရှိခဲ့တာ...။ ဒီဘုရားကျောင်းလေးဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို အိုအေစစ်လေးပါပဲ...။
ကျွန်တော် ဒီဘုရားကျောင်းလေးကို အရမ်းချစ်တယ်...။
ကျွန်တော် ပြန်သွားရပေမယ့်လည်း ဒီဘုရားကျောင်းလေးကို လွမ်းနေမယ်...။
ပြန်လာနိုင်အောင်လည်း အမြန်ဆုံးကြိုးစားမယ်...။
ဒီဘုရားကျောင်းလေးက ပေးလိုက်တဲ့ အသိတရားတွေက ဘ၀ကိုရင်ဆိုင်ဖို့ အားအင်တွေ ရရှိခဲ့ပြီလေ...။
ဒီတော့ အခက်အခဲတွေကို ရင်ဆိုင်မယ်...။ တခါလဲ ပြန်ထ...။ ထပ်ရင်ဆိုင်မယ်ဗျာ...။
ဘုရားသခင်က မခံနိုင်တဲ့ စုံစမ်းခြင်းကို မပေးပါဘူး...။ ထွက်မြောက်ရာလမ်းလေးတွေ ပြင်ဆင်ပေးထားတယ်..။ ဒီအခက်အခဲနဲ့ ကျွန်တော့်ကို စစ်နေတာ...။ တခါတလေ ကိုယ်က ဘုရားအလိုတော် ဘယ်လိုရှိမှန်းမသိဘူး...။ လိုချင်တာတွေပဲ စွပ်တောင်းနေတာ...။ ဘုရားက သိတယ်...။ ကိုယ်ဘာလိုအပ်သလဲဆိုတာ ပေးတယ်...။ ဒီတော့ အလိုတော်ကို ၀န်ခံရုံပဲလေ...။ အရမ်းကို ပေါ့တာ...။ သူ့ကို အားကိုးလိုက်...ပုံအပ်လိုက်...။ အားလုံးက အကောင်းဆုံးတွေ ဖြစ်လာမှာပဲ...။ အခုဆိုရင်ပဲကြည့်...။ ကျွန်တော်ပြန်ရမယ်...။ ကျွန်တော် ၀မ်းမနည်းဘူး...။ ဘုရားသခင်အလိုတော်မရှိလို့ပဲ...။ အခု ရန်ကုန်မှာ အဆက်အသွယ်တစ်ခုရတယ်...။ Save the Children မှာတဲ့ Design Assistant လိုတယ်..တဲ့။ သုံးလပဲလုပ်ရမှာ...။ Design Officer ကလည်း ကိုယ်နဲ့သူငယ်ချင်းလို ခင်နေတဲ့ အကိုကြီး...။ ကဲကြည့်...။ ဘယ်လောက်ကောင်းမြတ်လိုက်သလဲ...။ ဒါပဲလေ...။ ကိုယ့်မှာ ဒီအသိလေးရှိနေရင် ပြီးပြီ..။ ကိုယ်လုပ်စရာတာတွေ ကိုယ်လုပ်ထား....။ ကျန်တာဘုရားလက်အပ်လိုက်ရုံပဲ...။ ဘုရားသခင်က အကောင်းဆုံး ပြင်ဆင်ပေးသွားလိမ့်မယ်...။


Tuesday, June 10, 2008

ကျော်ဟိန်းပြောသော စကားများ...

ဒီနေ့တော့ အေးအေးဆေးဆေးရှိတာနဲ့ YouTube လေးမွှေလိုက်တယ်....။
အေးဆေးဆို မနက်ဖြန်ပြန်ရတော့မှာကိုး...။
သတင်းစာလည်း မ၀ယ်တော့ဘူး..။ အလုပ်လည်း မလျှောက်တော့ဘူး...။
စိတ်ကို ဖေါ့ထားလိုက်တယ် ဆိုပါတော့ဗျာ...။
အဲဒီမှာ ဘာလေးကို သွားတွေ့လည်း ဆိုတော့..... ကျော်ဟိန်းတဲ့..။
YouTube ထဲဝင်ပီး kyaw hein 001 ဆိုပီးရိုက်ထည့်လိုက်တယ်...။
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အဲဒီမှာ ကျော်ဟိန်းက Special Talk ပြောနေတာဗျ...။
သူ့ဘ၀ဖြတ်သန်းမှုတွေအပေါ်မှာအခြေခံပြီး လူငယ်တွေကို ပြောပြနေတာ...။
အရမ်းမိုက်တယ်ဗျာ...။
Kyaw Hein 001 ကနေ 010 အထိရှိတယ်ဗျ...။
အရမ်းကောင်းတယ်ဗျာ...။ ခင်ဗျားတို့လည်း အချိန်အားရင် ၀င်ကြည့်ကြပေါ့ဗျာ...။
အဲဒီမှာ ယူစရာတွေက အများကြီးရယ်...။ အနှစ်တွေချည်းပဲ....။
ဥပမာပြောရရင်....
“ဘယ်အရာမှ အကြာကြီးမခံဘူး....။
ဝမ်းနည်းတာလည်း အကြာကြီးမခံဘူး...။
ဝမ်းသာတာလည်း အကြာကြီးမခံဘူး...။
ဒီတော့ လက်ရှိအချိန်တည့်တည့်မှာ လုပ်စရာရှိတာတွေလုပ်....။”
အောင်မြင်မှုကို တည်ဆောက်ဖို့ဆို အမြဲသင်ယူနေရမယ်...။
ဘယ်က သင်ယူရမလဲဆိုတော့ လူတွေဆီက သင်ယူရမယ်....။
လူတွေနဲ့ပေါင်းသင်းရမယ်...။ တိုင်ပင်ရမယ်...။
နောက်ပြီး စဉ်းစားရမယ်...။ စဉ်းစားတာ ပိုက်ဆံမပေးရဘူး...။
စဉ်းစားကြစမ်းပါ...။ စဉ်းစားရင်ကမှ အဖြေတွေ တွေ့လာရမယ်...။
တွေ့လာတဲ့အဖြေကို ချက်ချင်းလုပ်လိုက်....။
ဒါဟာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပဲပေါ့....။”
အဲလို....အဲလိုတွေ.....
ဝင်ကြည့်လိုက်တာ ပိုကောင်းပါမယ်...။
ကျွန်တော့်ကတော့ ထိသွားတယ်...။ ခင်ဗျားတို့လည်း ထိစေချင်တယ်...။
အချိန်လေးပေးပြီး ၀င်ကြည့်လိုက်ပါဗျာ...။ တစ်ခုခုကို ရစေရမယ်...။
အိုကေ...။

Monday, June 9, 2008

အဖေ

လာမည့် ဇွန်လ ၁၅ရက်က ဖခင်များနေ့...။
ကျွန်တော် အဖေကလည်း ဇွန်လ ၆ ရက် ၂၀၀၆ မှာ ကွယ်လွန်သွားတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့နှလုံးသားထဲမှာတော့ အခုထိ ရှင်သန်နေဆဲပါပဲ...။
ကျွန်တော်တို့ ငယ်စဉ်က တော်တော်လေး ဆင်းရဲတယ်ဗျ...။
နေစရာအိမ်တောင်မှမရှိလို့...ဘုရားကျောင်းမှ အိမ်လေးဆောက်ပီး နေရတာ...။
အဖေရော...အမေရောက ကျောင်းဆရာမတွေ...။
သိတဲ့အတိုင်းပဲ ၀န်ထမ်းလစာက ဘယ်လောက်ရလဲဆိုတာ...။
ဒီမြို့လေးမှာ အခြေချနေဖြစ်တော့ တော်တော်လေး ရုန်းကန်ရတယ်...။
ငယ်စဉ်က အိမ်မှာ ၀က်မွေးတယ်...ကြက်မွေးတယ်...ဘဲမွေးတယ်...။
ဒါလေးတွေနဲ့ အသက်ဆက်ရှင်ခဲ့ရတယ်...။
ဒါပေမယ့် အဖေဟာ စိတ်ပျက်မသွားဘူး...။
သူဟာ သူ့မိသားစုလေးနဲ့ အတူနေချင်ပေမယ့် မိသားစုအတွက် အဝေးနယ်တွေကို ထွက်ပီးအလုပ်လုပ်ရတယ်...။
အစက အထက်တန်းပြဆရာ..။
မူလတန်းကျောင်းအုပ်ဖြစ်ဖို့ နယ်အဝေးကို သွားရတယ်...။
အဲဒီကမှ အလယ်တန်းကျောင်းအုပ်....တွဲဘက်အထက်တန်း...။
ဒီလိုမျိုးဖြစ်အောင် ရုန်းကန်ခဲ့တယ်..။
သူက ဖခင်ဖြစ်တဲ့အတွက် မိခင်လိုတော့ ကြင်နာမှုကို သိပ်မပြဘူး..။
ဒါပေမယ့် သိတဲ့အတိုင်းပဲ ခပ်ဝေးဝေးကနေပဲ အကဲခတ်နေတယ်...။
ငါ့သားသမီးတွေ ဘာလိုအပ်သလဲ..။ ဘာတွေ လမ်းမှားနေလဲ...။
ပထမဦးဆုံး ကျွန်တော်သတိထားမိတာကတော့ စာဖတ်တတ်ဖို့ သူသင်ပေးတယ်...။
စာဖတ်တယ်ဆိုတာ ကျောင်းစာမဟုတ်တဲ့ အပြင်စာ...။
သူက ဖတ်ပါလို့တော့ မပြောဘူး...။ ဒီလိုပဲ ဆိုင်ကနေ ငှားလာပေးတယ်..။
မှတ်မိပါသေးတယ်..။ ကျွန်တော်တို့ စာတွေကို စစွဲတာ... သိုင်းဝတ္တုနဲ့...။
သိတဲ့အတိုင်းပဲ...သိုင်းစာအုပ်တွေက သိပ်ဖတ်လို့ကောင်းတာ...ပေါ့ပေါ့ပါးပါးလည်းရှိတယ်...။
အမေကတော့ မကြိုက်ဘူး...။ ဒီတော့ ခိုးဖတ်ရတယ်...။
ခိုးဖတ်လို့ အကောင်းဆုံးနေရာက အိမ်သာပဲ...။ ငှဲငှဲ..။
အခုထိကိုစွဲနေတာ...။ အိမ်သာတက်ပီးဆို စာအုပ်ရှာရတာ...အလုပ်တစ်ခု..။
ဆင်းရဲသားဇိမ်ခံနည်း...ခေါ်မလားပဲ..။
အဲလို..သိုင်းစာအုပ်...အဲဒီကနေ...သုတစွယ်စုံ...ဒီလို တဆင့်တဆင့် သင်သွားပေးတာ။
စာဆိုတာ ဖတ်ရကောင်းမှန်း သိလာတယ်..။
အဖေက စကားတွေ သိပ်ပြောတာမဟုတ်ဘူး...။
သူကျောင်းအုပ်ဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့အိမ်က (၅) နာရီလောက် စက်ဘီးစီးသွားရတယ်...။
အဲဒီနေရာကို သူဟာ နေ့တိုင်းလိုလို စက်ဘီးနဲ့အသွားအပြန်လုပ်တယ်...။
ဟိုမှာနေရင်ရပေမယ့် မိသားစုနဲ့နေချင်တော့ ပြန်ပြန်လာတယ်...။
မှတ်မိသေးတယ်...။
ကျွန်တော်မြို့မှာ အဲယားကွန်းဘတ်စ်...မှန်လုံကားတွေကို အဖေကျေးဇူးကြောင့် ကျွန်တော်တို့ ဦးဆုံးစီးရတာ..။
သူ့ကျောင်းက တွဲဘက်အထက်တန်းဆိုတော့ စာမေးပွဲနီးရင် မြို့က ဆရာတွေကို ခေါ်ပီးစာသင်တယ်..။
နည်းနည်းအရေးကြီးတာလေးတွေ ရအောင်ပေါ့...။ အဲဒီအခါ မှန်လုံကားတွေကို လိုင်းမဆွဲခင် သူက အရင်ဆုံးငှားပီး ဆရာတွေကို တင်ခေါ်လာတာ...။ ကျွန်တော်တို့ကတော့ ဆရာကြီးသားသမီးတွေပေါ့ဗျာ...။
မှတ်မိသေးတယ်...။
အဖေက အားကစားသမားဗျ..။ သူငယ်ငယ်က တက္ကသိုလ်မှာ ဆုတွေအများကြီးရခဲ့တာ..။ ပြေးခုန်ပစ်...။ ဘောလုံးဆိုလည်း လက်ရွေးစင်...။ ကျောင်းဆရာဖြစ်တော့လည်း ဘောလုံးနည်းပြ..။ ပညာရေးအသင်းဆိုရင် အနည်းဆုံး ဖိုင်နယ်တော့ ရောက်တာကြီးပဲ...။
သူက ကျောင်းဆရာဆိုတော့ တပည့်တွေက အများသား...။
ကျောင်းမှာဆိုလည်း သူ့ကို သူ့တပည့်တွေက အရမ်းကြောက်...အရမ်းချစ်ရတာ....။
ဆရာချစ်ဆွေ...ဆိုရင် အားလုံးမီးသေပဲ..။ အရိုက်ကလည်း ကြမ်းတာကိုး...။
သိတဲ့အတိုင်းပဲ...ကျောင်းဆရာဆိုတာက ပီတိပဲစားရတာ..။
အဲဒီပီတိက ကျွန်တော်တို့ပါစားရတာ...။ ဆရာချစ်ဆွေသား...ဆိုပီးတော့လေ...။
နောက်ပီး အဖေက အစအနောက်လည်း သန်တယ်ဗျ...။
ငယ်ငယ်က ရေကူးသင်တော့ သူများတွေလိုမဟုတ်ဘူး..။
အစ်ကိုတွေက ရေထဲဆင်းပီး ၀ိုင်းထားတယ်...။ ပီးတော့ အဖေက ချီပီးတော့ ၀ုန်းဆို ပစ်ချတော့တာ...။
ကူးစမ်းပဲ...။ အားပါးပါး...ကူးလိုက်ရတာ...ငုပ်လိုက်ရတာ...ငိုလိုက်ရတာ...ရေသောက်လိုက်တာ...။
နောက်ကျတော့ ရေထဲကကို မတက်ချင်တော့ဘူး...။
ကျွန်တော်နဲ့ ကျွန်တော့်အမက မောင်နှမခြောက်ရောက်ထဲမှာ အငယ်ဆုံးဆိုတော့ အိမ်မှာ အများဆုံးနေရတယ်...။ ကျောင်းတက်တယ်...။
အစ်ကိုတွေက နဲနဲကွာတော့ သူတို့က အပြင်ရောက်ကုန်ပီ...။
ကျောင်းစရိတ်ကို အလုပ်လုပ်ရင်း ရှာရတာ...။
ကျွန်တော်တို့သာ အေးအေးဆေးဆေး...အိမ်မှာ နေရတာ...။
နောက်တစ်ခုက...
ကျွန်တော်ဘွဲ့ယူတဲ့အချိန်မှာ အဖေရောအမေရော တက်တယ်ဗျ...။
ကျန်တဲ့လူတွေတုန်းကတော့ အမေပဲ ဒိုင်ခံသွားနေတာ...။
သူက မသွားဘူးဗျ...။ အဖေက အဲလို..တခါတလေ မလုပ်ဘူးဆို...လုံးဝပဲ...။
သူ့ခံစားချက်နဲ့သူပေါ့ဗျာ...။
နောက်ဆုံး ကျွန်တော့်အလှည့်ကျမှာ သူတတ်တာ...။ သူလည်း အားပီ...အငြိမ်းစားယူပီဆိုတော့လေ...။
နောက်တော့မှာ ကျွန်တော်လည်း သိတာဗျ...။ ဘာလို့သူမသွားလည်းဆိုတာ...။
သူက သူ့သားသမီးတွေ အားလုံး..ပညာတတ်..ဘွဲ့ရဖြစ်စေချင်တာ...
ဒီတော့ သားသမီးတွေအားလုံး ... ဘွဲ့မရမချင်း...သူ့မှာတာဝန်မကျေသေးဘူးလို့ပဲ သူမှတ်ယူထားတာ..။
အဲဒါကြောင့်လေ...။
သူဆုံးခါအချိန်ထိတောင် သူ့သားသမီးတွေကို စိတ်မချတာ...။
သူဟာ တသက်လုံး လူတန်းစေ့ မနေရတဲ့ဘ၀ကို မလိုချင်တာ...။
နောက်ဆုံး ကျွန်တော်အစ်ကိုတွေလည်း အလုပ်တွေလုပ်ကြ...ကျွန်တော်တို့လည်း အလုပ်တွေလုပ်ကြတဲ့အချိန်ထိတောင် သူက မကျေနပ်အားသေးဘူး...။
သူရဲ့ အိမ်လေးကို သူ သေချာကို ပြင်တာ...။ အစက ပျဉ်ထောင်အိမ်ကို တိုက်အိမ်ဆောက်တယ်...။
အဲဒီအချိန်မှာ ကျွန်တော်တို့ အားလုံးက ရန်ကုန်ရောက်ကုန်ကျပြီ...။
ဘယ်သူမှလည်း ပြန်မနေနိုင်တော့ဘူးလေ...။
ဒါပေမယ့်လည်း သူုဟာ သူ့အိမ်လေးကို သူဆက်ဆောက်တယ်...။
သူ့..ခံစားချက်ကတော့ ငယ်ငယ်ကတည်းက ကိုယ်ပိုင်အိမ်မှာ မနေခဲ့ရတာကို စိတ်မကောင်းတာပေါ့ဗျာ...။
အဲဒီအိမ်စဆောက်တဲ့အချိန်မှာ သူမှာ ရောဂါတစ်ခုရတယ်...။
အဲဒါကတော့ လည်ချောင်းကင်ဆာ....။
သူက ဒီလိုပဲ ကျိတ်မှိတ်နေလာတာ...။ သိတဲ့အချိန်ကျတော့ လည်ချောင်းကင်ဆာ..တဲ့...။
အဲဒီအချိန်မှာ သူ့သားတစ်ယောက်က စင်ကာပူရောက်နေပီ...။
တစ်ယောက်က စင်ကာပူသံရုံးမှာ...။ တစ်ယောက်က ထရေးဒါး ဟိုတယ်မှာ...။
ဝိုင်းပီးတော့ ကုကြတာပေါ့ဗျာ...။
အဖေက နားလည်း နဲနဲကောက်တယ်ဗျ...။
သူက အရက်လည်းသောက်တယ်...။ သောက်တယ်ဆိုတာ ဒီလို...။
သူက ရာထူးတိုးလို့ ကျောင်းပြောင်းတိုင်း အဲဒီကျောင်းမှာ ကျောင်းသစ်ဆောက်တယ်...။
ဒီတော့ဗျာ...လူတွေနဲ့ ပေါင်းသင်းရတယ်ပေါ့ဗျာ...။ ဒီတော့ ၀ိုင်းထောင်ပေးရတယ်ပေါ့ဗျာ...။
သူလည်းသောက်ရတယ်ပေါ့ဗျာ...။ ကျောင်းသုံးကျောင်းလောက် ပြောင်းတာ...သုံးကျောင်းစလုံး ကျောင်းသစ်ဆောက်ရတော့ အရှိန်တက်သွားတာပေါ့ဗျာ..။
အဲလို....သူ့ရောဂါကို ကင်ဆာကို ဓါတ်ကင်တဲ့အချိန်မှာတောင် အရက်ကို ခိုးသောက်တာ...။
နောက်ဆုံး သူ့ရောဂါပျောက်လို့ အစားတွေဝင်...အသံပြန်ထွက်လာတော့...။
သူ့အိမ်လေးကို သူဆက်ဆောက်တယ်...။ ကျွန်တော်တို့က ပြောတယ်...။
အပါးရယ်...ဘယ်သူနေမှာမို့လို့တုန်း....တော်ရုံဆိုရပီပေါ့....။
ဒါပေမယ့် သူက မရဘူးထပ်ဆောက်တာပဲ...။
နောက်ဆုံးတော့ ရောဂါအသစ်ထပ်ရတယ်...။ အသဲကြီးတဲ့ရောဂါ...။
သူတော်တော် ခံစားရမှာ...။ ဆေးရုံမှာတက်ကုတယ်...။ သိပ်မသက်သာဘူး...။
တနေ့တနေ့ ပိုးသတ်ဆေးတွေ လူးရတယ်...။ ဆေးတွေလည်း လက်တဆုပ်လောက် သောက်ရတယ်...။
ဒါလည်း သူ့အိမ်လေး ဆက်ဆောက်တာပဲ...။ နောက်ဆုံး ဗမာဆေးနဲ့ ကုတာ သက်သာတယ်လို့ ထင်ရတယ်...။
သူ့ဆေးကုန်သွားလို့ ရန်ကုန်မှာ တက်လာပီး လာဝယ်ရင်း ခဏနေတဲ့အချိန်မှာပဲ ရုတ်တရက် ဆုံးပါးသွားတယ်...။
ရုတ်တရက်လို့ ပြောရတာက အဲဒီညက သူ့နဲ့ ကျွန်တော်အတူအိပ်တယ်...။
မနက်ကျတော့ သူ့မြေးလေးနဲ့သူ ဆော့လို့...။ ကျွန်တော်က အလုပ်သွားတယ်...။
ဒေါ်လာစရတဲ့အလုပ်ပေါ့ဗျာ...။ နေ့ခင်းကြတော့ ကျွန်တော့်ဆရာဆီ ဖုန်းလာတယ်....။
မင်းအိမ်ပြန်လိုက်ဦးတဲ့...။ ဘာလို့မှန်းမသိသေးဘူး...။ အိမ်ရောက်တော့ အဖေဆုံးနေလို့ လူတွေ ပြင်ဆင်နေတာ တွေ့သွားတယ်...။ မေးကြည့်တော့...ဒီလိုပဲ သူမြေးနဲ့ဆော့ပီး ခဏနားတုန်း လဲကျသွားတာတဲ့..။ နောက်ဆုံးအချိန်ထိ သူ့သားတွေကို မေးသွားသေးတယ်တဲ့...။ သူ့သားတွေ အလုပ်တွေကိုယ်စီနဲ့ အဆင်ပြေသွားတာကို သူကျေနပ်သွားတယ်...တဲ့။
အခုဆိုရင် အဖေကွယ်လွန်သွားတာ.... ၂နှစ်ကျော်လာပီ...။
ဒါပေမယ့် အဖေဟာ ကျွန်တော်တို့နဲ့အတူ ရှင်သန်နေတုန်းပဲ...။
အဖေရဲ့စကားတွေက ကျွန်တော်တို့ကို လမ်းပြနေတုန်းပဲ...။
အဖေရဲ့လုပ်ဆောင်ချက်တွေကို အတုယူနေရဆဲ...။

My Two Heart

ဒီနေ့ ဘောလုံးသတင်းတွေ ဖတ်ကြည့်တော့ ဖြစ်ရပ်လေးတစ်ခုသွားတွေ့တယ်...။

အဲဒါကတော့ ....နှလုံးသားနှစ်ခုနဲ့ လူတစ်ယောက်အကြောင်းပဲ...။

လူတစ်ယောက်ပါပဲ....။
သူ့နံမည်က ပိုဒေါစကီး...တဲ့။
ဂျာမနီအသင်းမှာ ကစားတယ်..။
တစ်ဖက်အသင်းကို ဂိုးနှစ်ဂိုးသွင်းပြီး အနိုင်ယူတယ်...။
ဒါပေမယ့် သူ့ခမျာ မပျော်နိုင်ရှာဘူးတဲ့...။
ဂိုးသွင်းပီးတာတောင်မှ အောင်ပွဲမခံနိုင်ရှာဘူးတဲ့..။
ဘာလို့လဲဆိုတော့....
သူကိုယ်ပိုင်သွင်းယူတဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တဲ့အသင်းက ပိုလန်အသင်းဖြစ်နေလို့ပဲ...။

သူဟာ ပိုလန်နိုင်ငံမှာ မွေးခဲ့တယ်...။
သူ့အဖေဟာ ပိုလန်နိုင်ငံရဲ့ လက်ရွေးစင် ဘောလုံးသမားတစ်ယောက်...။
သူ့ဟာ ငယ်စဉ်အခါထဲက ဂျာမဏီနိုင်ငံကို ပြောင်းရွေ့ခဲ့ပီး....
ဂျာမဏီနိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့တယ်...။
World Cup 2006 မှာ Best Young Player Award ကို ရော်နယ်ဒိုတို့..ရွန်းနီတို့ကို ကျော်ပြီးရခဲ့တယ်...။
ဒီလို လက်ရွေးစင်ဘ၀နဲ့ ဘောလုံးပွဲများစွာကို ကစားခဲ့တယ်...။
နောက်ဆုံး ဒီနေ့မှာတော့ သူရဲ့မိခင်နိုင်ငံအသင်းကို ရင်ဆိုင်ပီး professional ပီသစွာ အနိုင်ဂိုးတွေ သွင်းယူခဲ့တယ်...။
ဒါပေမယ့်....သူဟာ မပျော်နိုင်ရှာဘူး...။ သူ့ရင်ထဲမှာ ဘယ်လိုများ ခံစားရမလဲ...။
သူဟာ သူ့ခံစားချက်တွေကို ဒီလို ဖွင့်ဟပြတယ်...။
"My dad, uncle and relatives from Poland were there in stand."
"I didn't celebrate because I was born in Poland. I've got a big family there and you have to have some respect for the Land. I have two hearts - a German one and a Polish one!."....တဲ့။
ကျွန်တော်တို့ ဘ၀တွေမှာရော ဒီလိုအဖြစ်တွေ မကြုံနိုင်ဘူးလား...။
ဒီလိုဆိုရင်ကော ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ...။
ကျွန်တော်တို့ဟာ ကိုယ့်ဘ၀တက်လမ်းတွေအတွက် ကိုယ်နိုင်ငံတွေကို စွန့်ပြေးခဲ့ရတယ်...။
ဒီလိုနိုင်ငံတွေမှာ အခြေကျဖို့ကြိုးစားရင်း လှုပ်ရှားကြတယ်...ရုန်းကန်ကြတယ်...။
ဒီလိုအချိန် ကျွန်တော်တို့လို့ စွန့်မပြေးနိုင်ခဲ့တဲ့လူတွေ အများကြီးကျန်ခဲ့တယ်...။
ဒီလိုလူတွေအတွက်ကော ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...။
အထူးသဖြင့် ကလေးလေးတွေ...။
ဘယ်လိုမှ မကောင်းနိုင်တဲ့...ပညာရေးတွေ..။ ပတ်ဝန်းကျင်တွေ...။ မျှော်လင့်စရာတွေ...။ သင်ယူစရာတွေ...။
ဒီလိုအခြေအနေတွေအတွက်ကော ဘာတွေလုပ်ကြမလဲ...။ ဘယ်လိုလုပ်ကြမလဲ...။
လုပ်နေတဲ့လူတွေတော့ ရှိပါတယ်..။
ဒါပေမယ့် မလုံလောက်နိုင်သေးဘူး....။
တချက်လေး...ပြောကြည့်တာပါ...။ စိတ်ဆိုးရင်လည်း မတတ်နိုင်ဘူး...။
ဒီက တစ်ရာဆိုတဲ့ ငွေကြေးလေးဟာ....ဟိုမှာဆို ဘယ်လောက်များ အသုံးကြလိုက်မလဲ...။
ကျွန်တော်လည်း သိပါတယ်...။
ဒီမှာလည်း ဘယ်လောက်တောင် ရုန်းနေရတာ...။ အနိမ်ခံနေရတာ...။ ပင်ပန်းကြတာ...။
ဒါတွေဟာ ဘာကြောင့်လဲ....။ စဉ်းစားကြည့်မိတာပါ...။
ကိုယ်တွေ ဒီလိုဖြစ်နေရင်....နောက်မျိုးဆက်တွေ မဖြစ်အောင် ဘယ်လိုများလုပ်ကြရင်ကောင်းမလဲပေါ့...။
ဒီလို...ဒီလိုလေး...စဉ်းစားမိတော့...

အချစ်ဆုံးနှင့် အကြောက်ဆုံးအရာ...

ဒီနေ့ညနေ အပြင်ကနေ ကားစီးပြီးပြန်လာတယ်...။
ကားကလည်း ညနေပိုင်းဆိုတော့ ကြပ်လိုက်တာ...။
ကိုယ့်စီးတဲ့ကားက (၁၈၁)။ အရမ်းကြာတဲ့ကား..။
မှတ်တိုင်တိုလေးပဲလေ...။
ရုံးဆင်းချိန်ဆိုတော့ လူတွေကလည်း တန်းစီးထားလိုက်တာ အရှည်ကြီးပဲ...။
ကိုယ်က အရှေ့မှာရောက်တော့ အရင်တက်ရပီး နေရာလေးရတယ်...။
ဒီလိုနဲ့ လူတွေတက်လိုက်တာ...ကိုယ်ဘေးနားကို မိန်းမလတ်တယောက်လာထိုင်တယ်..။
လက်ထဲမှာလည်း အထုတ်အပိုးတွေနဲ့။ သူ့သားလေးကိုလည်း ဆွဲလို့ပေါ့...။
ကားကလည်း မတ်တက်ရပ်တဲ့လူတွေတောင် ပြည့်နေတာ...။
ကားလည်း ထွက်လာတော့ အရှေ့နားမှာ နောက်ပြန်စီးရတဲ့ထိုင်ခုံက ကလေးလေးက အဟင့်အဟင့်နဲ့ စငိုပါရော..။
သူ့ကို ချီထားတာ သူ့ဦးလေးလား..သူ့အဖေလားပဲ..။
အဲဒီခုံနဲ့ ကိုယ်ခုံနဲ့က နှစ်ခုံလောက်ခြားပီး လူတွေကလည်း ကြပ်နေတယ်လေ...။
အစတော့ ငိုတာ ဟင့်ဟင့်ပဲ...။ နောက်တော့ ဗြဲဗြဲဖြစ်လာတယ်...။
ဗြဲဗြဲကနေ အဟွတ်ဟွတ်ဖြစ်လာတယ်...။ ခေါင်းတွေကို ခါလို့ ရှိုက်ကြီးတငင်ကို ငိုတော့တာ...။
ဘယ်ဟုတ်မလဲ...ကိုယ့်ဘေးက တစ်ယောက်က သူ့အမေဖြစ်နေတယ်..။
သူကလည်း သူ့အမေကို တွေ့တော့ လာချင်လို့ငိုတာ...။
သူ့အမေမှာလည်း သူ့ကိုထည့်တဲ့ တွန်းလှည်းလေးရယ်...ပစည်းတွေရယ်...ကလေးရယ်နဲ့ဆိုတော့ ဘယ်လိုမှ မသွားနိုင်ဘူး...။ ကလေးကလည်း သဲသဲမဲမဲကို ငိုတာ...။
ကိုယ်တွေကတော့ ကလေးအဖြစ်ကို သိပီး ပြုံးကြတာပေါ့...။
အဲဒီလိုမှ စဉ်းစားမိတယ်...။ ဒီကလေးလေးငိုရင် သူ့အမေ ဘယ်လိုခံစားရမလဲပေါ့...။
အားပါး...မလွယ်ဘူးနော်...။
ကလေးကတော့ သူ့လိုချင်တာပဲ သိပေမယ့် အမေကလည်း လာချင်ပေမယ့် လာလိုမရဘူးလေ..။
တကယ်ကတော့ ဘာမှမဟုတ်တဲ့ အဖြစ်အပျက်လေးပါ..။
ကားကလည်း ခဏနေရောက်တော့မှာ...အဲဒီအခါကျရင် အမေက ကလေးကို ချီလိုက်ရင် ကလေးက အငိုတိတ်ပီး..ရယ်တော့မှာပဲ..။
အဲဒါဖြစ်ရပ်လေးကနေမှ ဆက်စပ်တွေးကြည့်တော့...
အိုး...နာဂစ်ဖြစ်နေတဲ့အခိုက်အတန့်မှာရော ဒီလိုအဖြစ်အပျက်တွေ မဖြစ်နိုင်ဘူးလား...။
ကလေးတွေနဲ့ အမေတွေနဲ့....လှမ်းတွေ့လို့မှ မကယ်နိုင်တဲ့အဖြစ်တွေ မဖြစ်နိုင်ဘူးလား...။
ဒါဆိုရင်ကော မိခင်တွေ...ကလေးတွေ ဘယ်လိုများခံစားရမလား...။
မျောပါလွင့်သွားမှာစိုးလို့ ချည်ခဲ့တဲ့ကြိုးလေးတွေက ကလေးတွေကို ရုန်းထွက်မရအောင် နစ်မြုပ်သွားစေတဲ့ အဖြစ်မျိုးတွေ ဖတ်ရတော့ ရင်မှာ မချိဘူးဗျာ...။
ကိုယ်မှာတော့ စိုးရိမ်တကြီး လုပ်ခဲ့တဲ့ဟာတွေပဲ...
ဒါပေမယ့် ကိုယ်တိုင်ကမှ ပြန်လာပီး မကယ်နိုင်တော့ ကလေးတွေမှာ နစ်မွန်းအသက်ဆုံးရတယ်...။
ဒါတွေ...ဒါတွေ...ဒီလိုတွေးမိတော့...ကြောက်လာတယ်...။
ကျွန်တော်ကလေ ခလေးတွေဆို သိပ်ချစ်တာ...။
ကလေးတွေကလည်း သိပ်ချစ်ဖို့ကောင်းတယ်လေ...။
သူများကလေးတွေတောင်မှ ဒီလောက်ချစ်နေရင်...ကိုယ့်ကလေးဆိုရင်ကော ဘယ်လောက်များ ချစ်လိုက်မလဲ...။
အဲဒီကလေးတွေ ချစ်ဖို့ကောင်းလာအောင် ကိုယ်မလုပ်ပေးနိုင်ရင် မုန်းဖို့ကောင်းတဲ့ကလေးတွေဖြစ်လာမှာ....။
ကလေးလေးတွေကို ကိုယ်အကောင်းဆုံး ပုံသွင်းမပေးနိုင်မှာ....
တာဝန်မကျေမှာ... ပုံစံကောင်းမပြနိုင်မှာ.... ပတ်ဝန်းကျင်ကောင်းမှာ မထားပေးနိုင်မှာ...
လိုအင်တွေကို မဖြည့်ဆည်းနိုင်မှာ.... မသွန်သင်နိုင်မှာ....
ဒါတွေ...ဒါတွေ တွေးမိတော့...အရမ်းကို ကြောက်သွားတယ်...။
လူဟာ တစ်နေ့မှာတော့ ကိုယ်ပိုင်ဘ၀တွေ မိသားစုတွေ တည်ထောင်ရမှာပဲလေ...။
ကလေးတွေကို မွေးရမှာပဲလေ...။
ဒီလိုအခါ........

Thursday, June 5, 2008

ရောက်တတ်ရာရာ

မနေ့က သတင်းစာဖတ်တော့ တစ်ခုသွားတွေ့တယ်...
(အထင်မကြီးနဲ့...အလုပ်ရှာဖို့ဝယ်ရင်း ဖတ်ဖြစ်တာ)
Maids Today, Business owners tommorrow...တဲ့။
သိပ်ကောင်းတဲ့အစီအစဉ်လေးပဲ...။
သူများနိုင်ငံမှာ အိမ်ဖေါ်လာလုပ်နေရပေမယ့်လည်း
အိပ်မက်တွေပျောက်မသွားဘူးလေ...။
ကိုယ်နိုင်ငံပြန်ရောက်ရင် လုပ်ငန်းလုပ်နိုင်အောင် သင်တန်းလေးတွေပေးတာ...။
ဖားတွေပါပဲ...။
ကျွန်တော်တို့ရော ဒီလိုစိတ်ကူးရှိလား...။
ရွှေတွေလည်း အဲလို အိမ်ဖေါ်လာလုပ်နေတာ အများကြီးရယ်...။
ဒီလိုလေး မကူပေးချင်ဘူးလား...။

အလို...ကြည့်ဦး....
ထိုင်းနိုင်ငံမှာတဲ့...လိင်လုပ်သားတွေ ဆန္နပြကြတယ်တဲ့....
ခေါင်းစဉ်က prostitutes fight for rights..တဲ့။
သူတို့ကိုင်ထားတဲ့ ဆိုင်းပုဒ်လေးက ဒီလို...
Sex work is Work...
Defend the right to livelihood....
"they demanded the right to make a living, and said they were being abused in custody. ...တဲ့။
ဒါလည်း တမျိုးတပါး...

အဲ... အိုဗားမားကြီးတော့ ဒေါ်ကလင်တန်ကို နိုင်သွားပီ....။
ဘလက်တွေ သမိုင်းသစ်ရေးတော့မယ်...။ ဒီလူက မူစလင်ဆိုလားပဲ...။
ကဲ...အမေရိကန်ရေ ကြည့်ကောင်းပီ....။

အိုး... ရှာရာပိုဗာလေး...ရှုံးသွားတယ်ဗျာ...စိတ်မကောင်းဘူး..။

ဟိတ်..ရော်နယ်ဒိုတော့ ရီးယဲလ်ပြောင်းချင်တယ်ဆိုပဲ... ဖာဂူဆန်ကြီးကြောက်လို့သာပေါ့...ငှဲငှဲ..
သူရဲနီပရိသတ်ရေ..ရင်မနေနော်...။

ဟိုစပ်စပ်...ဒီစပ်စပ်လျှောက်ကြည့်ရင်းက နောက်ဆုံးတော့ ကိုယ်ဆီရောက်လာတယ်...
ကဲ..မောင်မင်း..လုပ်ထားဦး...နီးနေပီတဲ့...ငှဲငှဲ..။

Wednesday, June 4, 2008

အလွမ်းပြေ...



ကျွန်တော်တို့သုံးယောက်က မနှေးမနှောင်း အတူတူရောက်ကြတယ်....
ရှာကြတယ်....ဖွေကြတယ်....
တယောက်က လက်မှတ်တွေ တပုံကြီးနဲ့....
အဆင်မပြေတော့လည်း ပြန်သွားရတယ်....
နောက်တယောက်က အလုပ်ရပါတယ်.... အက်စပတ်တင်ထားတော့ စိမ်နေလိုက်တယ်....
နောက်မှ အလုပ်က ကိုတာမရှိလို့...ပြန်သွားရတယ်...
ဒီတယောက်ကော အလုပ်ရတယ်....အက်စပတ်က ကွိုင်တက်ပီး...အလုပ်က ပြန်ဆွဲချ (withdraw)လုပ်သွားတယ်...
မင်းရော...ဘယ်တော့လဲ...

Tuesday, June 3, 2008

နှလုံးသားလေး မောနေတယ်...

အဲဒီနေ့မနက်က ဖုန်းသံကြားတယ်...
မင်းအက်စပတ်..အပရုတဲ့...
အားပါး...ငါနှလုံးသား...ရုန်းရင်းခတ်သွားတယ်...
အနားမှာပြန့်ကျဲနေတဲ့ အထုတ်အပိုးတွေ..
ရောင်းထားတဲ့ ကီလိုတွေ...
လေယာဉ်လက်မှတ်....
ဒါတွေကို အပြေးအလွှား ကန်စယ်လုပ်...
အမ်အိုအမ်ကို အမြန်ပြေး...
တံဆိပ်အသစ်တစ်ခုသွားတောင်း...
အလုပ်ကိုဖုန်းဆက်တော့ အိုကေ....
ဒါနဲ့ နေလိုက်တယ်....
နောက်နေ့ကျတော့ အေးဂျင့်က စာရွက်တစ်ရွက်လာပေးတယ်...
အလုပ်မှာ အသော်ရိုက်သွားတောင်းတဲ့...
အလုပ်ကိုရောက်တော့... အလုပ်က အေးဂျင့်ကိုအသိအမှတ်မပြု...
လျှို့ဝှက်ကုတ်တင်နဲ့ အေးဂျင့်က ၀င်မွှေသွား...
ဒီလိုနဲ့ အလုပ်က အက်စပတ်ကို ပြန်ဆွဲချသွားတယ်....
အားပါး...ငါနှလုံးသား...ဒတ်စတော့အုပ်ခံလိုက်ရတယ်....
ဒီလိုနဲ့ပဲ....
မ၀င်ရသေးတဲ့အလုပ်က ပြုတ်သွားတယ်...
ရှာစမ်း...အလုပ်အသစ်တွေ.....
အသစ်ရတဲ့တံဆိပ်တုန်းရဲ့ နေ၀င်ချိန်က...
၁၂ ဂျွန်....

Thursday, May 29, 2008

ခြင်္သေ့လိုလိုငါးလိုလို မှတ်တမ်း...

အဲဒီနေ့က ဖေဖေါ်ဝါရီ ၉ ရက်....

ရင်ဘတ်မှာ ငုံဖူးနေတဲ့ မျှော်လင့်ခြင်းတွေနဲ့ပေါ့....
နောက်တနေ့က စပြီး....
မနက်ခင်းတွေကို သတင်းစာတွေနဲ့စဖွင့်တယ်...
လက်တွေကို အင်တာနက်နဲ့ ချိတ်ထားတယ်...
ငါ့ရာဇ၀င်ကိုယ်ပွားတွေ လေပြေထဲပြေးလွှားညှို့ငင်....
လမ်းလျှောက်လာပါဆိုတဲ့ ဖိတ်ခေါ်မှုတွေထဲ ပျော်ဝင်စီးမျော...
နိုင်ငံခြားသားမလိုပါဆိုတဲ့ စကားတွေမှာပဲ အားအင်ချိနဲ့....
နိုင်ငံသားခွဲခြားခံရခြင်းထဲ အံသွားတွေ တွန့်ကြေ...
အော်...အမိမြေမှာ မြက်နုတွေမရှိတော့...
ရေကြည်ရာလေး ရှာရသေးတာပေါ့နော်...
ရှာလေရှာလေ....ရှာလေရှာလေ....
အပေါင်းအသင်းတချို့လည်း ပြည်တော်ပြန်...
အပေါင်းအသင်းတချို့လည်း ထပ်ရောက်လာ...
လေယာဉ်သုံးစီးစာ ရွှေတွေလည်း နေစဉ်ရောက်ရှိ...
အင်တာဗျူးတွေအတွက် အီးကဒ်တွေလဲ ပွန်းပဲခဲ့ပြီ...
အဆင့်အတန်းမြင့်ရှင်းသန့်ခြင်းတွေအတွက် အိတ်ကပ်တွေလဲ ပြားခဲ့ပြီ...
မိုးကောင်းချိန်တချို့မှာ တပတ်စာအပြည့် တွေ့ဆုံခြင်းတွေ....
မိုးနည်းချိန်တချို့မှာ လက်ကိုင်ဖုန်းတောင် အသံမမြည်ရှာ...
ရင်ဘတ်ခြင်း သုံးကြိမ်မြောက်တွေ့ဆုံခြင်းမှာ အနီရောင်စာအုပ်လေး သတ်တမ်းကုန်ရှာ...
အသက်သွင်းရာကာလမှာ ရွေးကောက်ပွဲတွေကျင်းပ...
ဒီလိုနဲ့... မျှော်စင်ညီနောင်ဆီ ခဏတာသွားရောက်ခိုနား....
ပြန်လာပြီး အသက်သွင်းချိန်....အခွန်ဆောင်က ထုနှိပ်ရိုက်နှက်...
အဲ... အက်စပတ်တင်ရာကာလ ချက်ချင်းသိရပေမယ့် အဖြေကမလှ...
ရီဂျက်တဲ့... ပြေးရလွှားရ... တောင်းပန်စာတင်ရ...
ဒီလိုနဲ့.... တံဆိပ်တုံးတစ်ခုရဲ့ နေ၀င်ချိန်မှာ...
ငါဟာ ပြည်တော်ပြန်ရရှာပေါ့...

အဲဒီနေ့က မေလ ၃၀......

Tuesday, May 27, 2008

ကျွန်တော်နှင့် မလေးရှား.....

ညီအစ်ကိုနှစ်ယောက်နဲ့ ကျွန်တော်

ဒီကောင်မလေးတော့ ကြိုက်သား
တောင်ပေါ်မှာ

မောသွားပီ
မလေးရှားက မြန်မာသံရုံးရှေ့မှာ..

မလေးမြို့ထဲတနေရာ...
မလေးဘူတာရုံမှာ..
ကျွန်တော့အိမ်ရှင်

triangle


ပြန်လည်ပြင်ဆင်ရဦးမယ်.....

ချစ်ရပါသော သူငယ်ချင်းမိတ်ဆွေအပေါင်းတို့ရေ...
ကိုယ်သူငယ်ချင်းတွေကို အားလည်းနာတယ်...ခင်လည်းခင်တယ်..
ကျွန်တော်အတွက် ၀ိုင်းဆုတောင်းပေးကြတယ်....၀ိုင်းအားပေးကြတယ်....
ရင်ထဲမှာ တကယ်ပဲ ကြည်နူးတယ်ဗျာ....
အဲဒီကျေးဇူးတွေကြောင့်ပဲ..ကျွန်တော် အလုပ်လေး တစ်ခုရတယ်...
အရမ်းပျော်လိုက်တာ....
ဒီကြားထဲ ကျွန်တော်တို့နိုင်ငံကြီးမှာ မုန်တိုင်းဒဏ်ခံရတော့....
စိတ်လည်းမကောင်းသလို...တဖက်ကလည်း ကူညီခွင့်ရပီဆိုပီး ပြောလိုက်တာ....
ပျော်လို့မှ မကြာသေးဘူး....
ကျွန်တော့် အက်စ်ပတ်က ရီဂျတ်တဲ့....
သိတယ်ဟုတ်...အက်စ်ပတ်ဆိုတာ...အလုပ်လုပ်ရင်ဗျာ....ကြာကြာနေလို့ရအောင် ကဒ်တွေထုတ်ပေးမယ်...
လစာပေါ်မူတည်ပြီး...အက်စ်ပတ်....ဒဗလျူပီ...အီးပီဆိုပီးခွဲတာ...
WP = work permit (basic pay below S$ 1000)
S pass = special pass (basic pay S$1800)
EP = (basic pay S$2000)
အဲလိုလေး ခွဲထားတာ....
ဒီကြားထဲဗျာ... ပတ်စပို့သက်တမ်းမလောက်လို့....တိုးရသေးတယ်..
တိုးမယ်ကြံတော့ မဲပေးတာကြီး ၀င်လာလို့ သံရုံးက ပိတ်....
စတေးက မကျန်တော့..မလေးကိုပြေး....
မလေးမှာ တိုးဖို့ကြံ... မရ
စလုံးပြန်ရောက်တော့ တိုး... အခွန်ပါဆောင်လိုက်ရသေး...
သံရုံးတွေကဗျာ...တကယ့် ပြည်သူ့ချည်ပတ်တွေ....
ကျွန်တော်ဆိုလည်း အလုပ်မှ မလုပ်ရသေးဘူး... အခွန်ကဆောင်ရသေး...
၅၀၀ လောက်ထွက်သွားတယ်....
ပိုက်ဆံက မ၀င်သေးဘူး... အရင်ထွက်နေပီ...
ဒါနဲ့ အက်စ်ပတ်က ရီဂျက်..... သုံးပတ်စောင့်ရမယ်...
အဲဒီမှာ တစ်ခုပြောရဦးမယ်ဗျ....
အဝေးသင်ဘွဲ့တွေက နဲနဲဂဂျီဂဂျောင်နိုင်တယ်ဗျ..
ကျွန်တော်လည်း အဲဒါနဲ့ပဲ ခံရတာ.. သူများတွေမှာ လျောလျောရှူရှူ...
စတေးက မကျန်... သက်တမ်းက ထပ်တိုးလို့မရနဲ့....
နောက်ဆုံးမှာ.... အမိမြန်မာနိုင်ငံတော်ကို ပြန်လည်ဝင်ရောက်ခိုနားရဦးမှာပေါ့....
ပြန်ပြီးတော့ စောင့်ရဦးမှာပဲ.....
ပီးတော့လည်း လိုနေတာလေးတွေ ပြန်ပြင်ဆင်ရဦးမယ်....
စလုံးမှာက autoCAD ပိုင်ရင် အလုပ်ပေါတယ်ဗျ....
ပီးတော့ accountant ကို ACCA လောက်ဆိုလဲပေါတယ်ဗျ...
သတင်းစာမှာ တစ်ရွက်စာလောက်ကို အလုပ်ခေါ်တာ...
နောက်ပီး... အင်ဂျင်နီယာ...... အလုပ်ပေါတာ....
ကျွန်တော့်မှာ နဲနဲကွိုင်တယ်....
ကျွန်တော်က သင်္ချာနဲ့ကျောင်းကို အဝေးသင်နဲ့ဘွဲ့ရတယ်...
အလုပ်ကတော့ ဂရက်ဖစ်ဒီဇိုင်းနာ...
photoshop, pageMaker အားကိုးတာ...
ဒီရောက်တော့ illustrator, inDesign တဲ့... နဲနဲလေးကွိုင်သွားတယ်...
ပီးတော့ Mac တွေအသုံးများတာ....
နောက်ထပ် 3Dmax ရရင်လည်း ပိုကောင်းတယ်....
FreeHand ... အဲဒါတွေ အသုံးများတယ်..
ဒီမှာကတော့ဗျာ...ဒီဇိုင်းတွေက တကယ့်အကြီးကြီးတွေပဲ...လုပ်ကြတယ်...
အိုကေလေ....
အဲ..ပီးတော့ madrian လည်း ပြောတတ်ဖို့လိုတယ်ဗျ...
အဲဒါရရင်တော့ ပိုအခွင့်အရေးများတယ်ဗျ.... အနည်းဆုံးတော့ဗျာ...
ကိုယ်ရှေ့မှာထားပီး...သူတို့ ကိုယ့်အတင်း တုတ်လို့မရတော့ဘူးပေါ့....
အိုကေ...
ဒါကတော့ ကျွန်တော့်အတွေ့အကြုံကို ပြန်ဝေမျှတာ..
နိုင်ငံခြားလေး ထွက်တော့မယ်ဆို .... ပြင်ရမှာတွေများမှများ...
အဓိက အီးလေးကောင်းရမယ်....
ဟုတ်တယ်ဟုတ်......
ကျွန်တော်တော့ ပြန်ပြီးတော့ စောင့်ရဦးမယ်...
ပြန်ပြီးတော့ ပြင်ဆင်လိုက်ဦးမယ်....
ပြန်ပြီးတော့ ကြိုးစားလိုက်ဦးမယ်...
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ... ဆုတောင်းပေးကြပါဦး..
သူငယ်ချင်းတွေပဲ.. အချင်းချင်း ဘယ်လိုမှ ကူညီမပေးနိုင်ရင်တောင် ဆုတော့တောင်တောင်းပေးနိုင်တာပဲ...
ရန်ကုန်ရောက်ရင် ဒီလို အင်တာနက်မှ ကောင်းကောင်း သုံးနိုင်ပါ့မလားပဲ..
မေ ၃၀ မှာ ပြန်ရမယ်
စရောက်တာက ဖေဖေါ်ဝါရီ ၉....
အင်း.... တော်တော်လေးတော့ နေလိုက်ရသား....
ဒီနှစ်မှ ရွှေတွေကလည်း လှိမ့်ဝင်လိုက်ကြတာ....
တစ်နေ့လေယာဉ်သုံးစီး အပြည့်ဆိုပဲ....
အိုကေလေ....
သိသွားပီပဲ...
ပြန်လည်ခိုနားရဦးမယ်...
ပြန်လည်ပြင်ဆင်ရဦးမယ်....
ပြန်လည်အားမွေးရဦးမယ်...
ပြန်လည်ကြိုးစားရဦးမယ်...
ပြန်လည်ကူညီလိုက်ဦးမယ်.... တက်နိုင်သလောက်....
ပြန်လည်တိုက်ပွဲဝင်ရမယ်... ခြင်ရယ်...မီးရယ်....
ပြန်လည်လှုပ်ရှားလိုက်ဦးမယ်....
အိုကေ...
ကျေးဇူးသေလုအောင်တင်ပါတယ်ဗျာ....

ရင်တုန်ခြင်း...

သူများတွေဘလော့မှာ နိုင်ငံလေးတွေတွေ့တော့ ကိုယ်လည်းတင်ချင်သား...
ဒါပေမယ့် နဲနဲကြောက်တယ်ဗျာ...
တင်ပြီးမှ ဘလန့်ကြီးဖြစ်နေရင် ချက်ချရာကြီး....
စဉ်းစားနေတာ...ချိန်နေတာ...တော်တော်ကြာသွားတယ်...
မနေ့ကမှ ဖြစ်ချင်ရာဖြစ်ဆိုပီးတင်လိုက်တာ...
ငှီးငှီး... ရင်တုန်လိုက်တာ...
တက်မှ တက်လာပါ့မလားလို့.....
ဒါနဲ့ တွေ့ရာသူငယ်ချင်းတွေကို ဘလော့ကို အတင်းလိုက်ဖိတ်လိုက်တယ်...
ကိုယ့်သူငယ်ချင်းတွေကလည်း ချစ်ဖို့ကောင်းကြပါတယ်...
လာလည်ပေးကြတယ်.... နိုင်ငံတော့ မနည်းစုံသား...
ငှီးငှီး... အခုမှ ရင်ထဲက အပြားကြီးကျသွားတော့တယ်...အဲ..အလုံးပါ...
မသိဘူး.... ကမာကြီးလည်း ပြားသွားပီဆိုတော့...ငါ့ရင်ဘတ်ထဲလည်း အပြားကြီးတစ်နေသလိုပဲ...ငှဲငှဲ..
အိုကေ... ကျေးဇူးတင်တယ်ဗျာ...
ကျွန်တော် ဘလော့ညီအစ်ကိုမောင်နှမတွေနဲ့ ချစ်ရပါသော သူငယ်ချင်းတွေရေ...
သိုင်းခယူ....မီလျှံ...ဘီလျှံ...တြီလျှံ...

ဝေမျှခြင်း

အီးမေးက ရတာလေး ပြန်ဝေမျှတာပါ...

ဘောလုံးစကား

ပြတ်အောင်လိုက်....

ဘောလုံးကန်ရင်လေ...
ကိုယ်ဆီကထွက်သွားတဲ့ဘောလုံး...
ကိုယ့်ကြောင့်ပျက်သွားတဲ့ ဘောလုံးကို ပျက်အောင်လိုက်ဖို့လိုတယ်...
ဒါမှလည်း တခြားလူတွေ အလုပ်မရှုပ်ရမှာ...
ကိုယ်ဆီက ဘောလုံးထွက်မသွားအောင်.... ပျက်မသွားအောင် ကြိုးစားဖို့လိုတယ်...
ကိုယ်ဆီက ထွက်သွားတဲ့ ဘောလုံးကို ကိုယ်က ပျက်အောင်မလိုက်ရင်...
တခြားလူက ကိုယ်နေရာမှာ ၀င်လိုက်ရရင် ပိုပင်ပန်းပီး လစ်ဟင်းမှုတွေ ဖြစ်သွားတယ်လေ...

ဒီလိုပဲ ဘ၀မှာလည်း ပြတ်အောင်လိုက်ဖို့အရေးကြီးတယ်....
အလုပ်တစ်ခုကို လုပ်မိပြီဆို...ပြီးပြတ်အောင်လုပ်ဖို့ အရေးကြီးတယ်....
ရည်မှန်းချက်တစ်ခုကို ထားမိပြီဆိုရင်လည်း ရောက်အောင်ကို သွားရမယ်...
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်... အဆုံးထိအောင် လုပ်ရမယ်...
ငုတ်မိသဲကိုင်...တက်နိုင်ဖျားရောက် ဆိုသလိုပေါ့....
မလုပ်ခင် သေချာစဉ်းစား... လုပ်မိပြီဆို ဖြစ်အောင်လုပ်...
နောင်တဆိုတာတွေ ဖြစ်မလာစေရအောင်...
တခါတလေ... ဘ၀မှာ တိုးလိုးတန်းလန်းတွေက အများကြီး ကျန်ခဲ့ရတယ်...
တချို့ကိစတွေမှာ ကိုယ်အတွက်ပဲ တိုးလိုးတန်းလန်းဖြစ်ပေမယ့်...
တခါတလေမှာ တခြားသူတွေအတွက်ပါ တိုးလိုးတန်းလန်းဖြစ်စေမိတယ်...
တခါတလေ မျှော်လင့်ချက်တွေ ပေးပြီးမှ ဖြစ်အောင် မဖြည့်စွမ်းနိုင်တာမျိုး...
တခါတလေ ကတိတွေပေးပြီးမှ မတည်တာမျိုး.....
အဲလို....အဲလို....တွေဖြစ်သွားရင် ကိုယ်လည်း တန်ဖိုးမဲ့သွားမယ်လေ...
ဒီတော့ ဘ၀မှာ ပြတ်အောင်လုပ်ကြပါစို့ရယ်....

Friday, May 23, 2008

မလေးရှားသွား...တောလား

မလေးရှားသွားရမယ်ဆိုတော့....
ရင်တော့ခုန်သား....
တခါမှလည်း မရောက်ဖူးဘူး....
တယောက်တည်းသွားရမှာ...
ဘုရားကျောင်းကတော့ စီစဉ်ပေးပါတယ်...
ဟိုမှာ နေဖို့စားဖို့.....
အဲ...သွားရမယ်ညနေကျတော့...
မလေးရှားဗီဇာသွားယူတယ်....
ကြာလိုက်တာ....
ရထားက ၉နာရီထွက်မှာ....ဗီဇာက ၈း၃၀ ကျော်ကျော်မှရောက်တယ်...
ဘူတာကို လိုက်တော့ ကိုယ်လည်း ဘူတာရောက်...ရထားကလည်း ဘူဘော်အော်ပီး ထွက်သွားရော...
ဒါနဲ့ ကားဂိတ်ကို ပြေးရပြန်ရော...
ဟိုရောက်တော့ တန်းစီတဲ့လူတွေက အရှည်ကြီးရယ်....
မဖြစ်ဘူး...တက်စီနဲ့ ပြေးရမယ်...တက်စီကလည်း ရှားပီး သွားမယ်လူကများနေတယ်...
တက်စီစတန်း မှာ စောင့်တယ်...ဒီမှာက တက်စီငှားတာတောင် စတန်းနဲ့ဘာနဲ့... တန်းစီပဲ...
တဖက်ကလည်း ဘုရားကျောင်းက လူတွေဆီဆက်တော့
သူငယ်ချင်းတယောက်က သူ့မှာ မလေးဗီဇာရှိသေးတယ်...သူလိုက်ပို့မယ်တဲ့...
သူကလည်း လေဆိပ်ဘက်ကနေ သူအိမ်ကို ပက်စပို့စာအုပ်ပြန်ယူ....
ပီးတော့ ချက်ပွိုင့်ကို ပြေး...ဟိုကနေစောင့်နေ....
ကိုယ်ကလည်း ဒီမှာ တက်စီက ကြာနေတော့ အွန်ကောခေါ်လိုက်တယ်...
အွန်ကော ဆိုတာ တက်စီကို ဖုန်းဆက်ခေါ်တာ.... ပိုက်ဆံတော့ ပိုပေးရတာပေါ့ဗျာ....
တက်စီရတော့...ချက်ပွိုင့်ကို တန်းပြေး...သူငယ်ချင်းကလည်းစောင့်နေ...
အချိန်ကြည့်လိုက်တော့...၁၀း၃၀ နေပီ....
ဗီဇာကလည်း နောက်ဆုံးရက်ဖြစ်နေပီလေ...အချိန်ကို လုနေရတယ်...
အဲ... immagration ကျတော့မယ် .... အရစ်ခံရပါလေရော...
သူငယ်ချင်းကတော့ အရှေ့က သွားနှင့်ပီ.... ဟိုဘက်ထိပ်ကနေ စောင့်နေတာပေါ့...
ကျွန်တော်မှာတော့ ရုံးခန်းထဲဝင်ပီး officer နဲ့ဝင်တွေ့ရတယ်...
ဖြစ်ချင်တော့ duty change တဲ့အချိန်ဖြစ်နေတယ်...
မလေးဘက်ကို ပေးမ၀င်တော့ဘူးလုပ်နေတာ...သူငယ်ချင်းကို လှမ်းခေါ်ပီး ပြောခိုင်းတော့မှ ဗီဇာရတယ်...
ဒါနဲ့ မလေးဘက်ကို ကားငှားပီးပြေးရပါလေရော....
ဟိုရောက်တော့ ကားတစ်စီးကထွက်ခါနီးပီ...
သူတို့လည်း မြန်မာနိုင်ငံနဲ့မထူးဘူး...ကားဆိုက်တယ်ဆိုတာနဲ့ လူက ပြေးလာပီး လက်မှတ်ရောင်းတော့တာပဲ...
ဒါနဲ့ ကားပေါ်အမြန်တက်.... နာရီက ၁၂း၃၀ နေပီ...
သူငယ်ချင်းကလည်း ပြန်ပြေးသွားတော့တယ်...သူလည်း အလုပ်တက်ရမှာကိုး...
ဒါနဲ့ပဲ ကားပေါ်မှာ ကြောက်ကြောက်လန့်လန့်နဲ့ပဲ စီးသွားလိုက်တာ ဟိုရောက်ကော ဆိုပါတော့...
ကားရပ်တော့ ခပ်တည်တည်ဆင်းပီး ဖုန်းဆက်ဖို့ လိုက်ရှာတယ်...
အကြွေစေ့ဖုန်းတိုင်လေးတွေ့တော့ ဖုန်းလှမ်းဆက်တယ်...ဟိုဘက်က မကိုင်ဘူး...
နာရီကြည့်လိုက်တော့ ၄း၃၀ ပဲရှိသေးတာ....
ဒါနဲ့ အအေးဘူးလေး ၀ယ်သောက်ပီး ထပ်ဆပ်တော့ ဟိုဘက်က လာခေါ်တယ်....
အင်း....အလုံးတစ်လုံးတော့ကျသွားပီ....
လာခေါ်တဲ့ ဖားထီကလည်း သဘောကောင်းပါတယ်....
သူက မနက် ၇း၀၀ နာရီဆီ အလုပ်သွားပီ...ညဆို ၆ နာရီလောက်မှ ပြန်လာတာ...
သူက ပြောတယ်...ဒီမှာသော့...အခုမင်းက အိမ်ရှင်ဖြစ်သွားပီ...
မင်းဟာမင်းရှာစား...တွေ့တာချက်ပီးစား....မချက်တက်ရင်တော့ မစားနဲ့တဲ့...
အေး...ချက်တက်တယ်ဆိုရင်တော့ ငါ့အတွက်လည်း ချက်ပေးဦးတဲ့...
ငါက မင်းတို့ချက်ကျွေးမှာ စားရမှာတဲ့....
အဲဒီလို ပွင့်ပွင့်လင်းလင်းပဲ....

ကျွန်တော်ရောက်သွားတာ သောကြာ...
စနေနေ့ကျတော့ လူငယ်တွေ သူ့အိမ်မှာ လာအိပ်ကြတယ်...
ဒီလိုပဲ မလေးမှာ အလုပ်လာလုပ်တဲ့လူငယ်လေးတွေ...
ရှိတာတွေ မွှေနှောက်ရှာစားကြ....
မနက်ကျတော့ သူ့ကောင်လေးနှစ်ယောက်ကို တောင်ပေါ်လိုက်ပို့ခိုင်းတယ်....
အေးပေါ့...လိုက်သွားတယ်...
မလေးမှာတော့ နံမည်ကြီးပဲ....အပေါ်မှာ ကစားကွင်းအစုံရှိတယ်....
ကားနဲ့တောင်ခြေကိုသွား...တောင်ခြေကနေ sky train နဲ့ တောင်ပေါ်တက်ရတယ်...
နဲနဲနောနော အမြင့်မှမဟုတ်တာ...တောင်ထိပ်နားရောက်တော့ မြူတွေကို ပိတ်လို့....












အပြင်မှာတော့ အရမ်းအေးတာပဲ... လေတွေကလည်း ဟူးဟူးတိုက်လို့...
အပြင်မှာ သိပ်မနေနိုင်ဘူး.... ဓါတ်ပုံလေး အပြေးအလွှားရိုက်ပြီး အထဲပြန်ဝင်နေရတယ်...
ကစားနည်းတွေကတော့ အစုံပဲ...
ရိုလာကိုစတာ...ဆိုတာတွေ....
ဟိုးအမြင့်ကြီးကနေမှာ ၀ုန်းဆို ဆွဲချပီး... အပေါ်ပျံခေါ်သွားတဲ့ ဟာတွေရော...
စပိုက်ဒါမန်း...လို့ လေထဲမှာ ချွမ်းထိုးမှောက်ခုံ ပြန်တဲ့ဟာတွေရော...
အားပါး...အများကြီးပဲ....
ဆော့ချင်လိုက်တာ..... ဖြစ်ချင်တော့ ပိုက်ဆံက မလဲရသေးဘူးဖြစ်နေတာ...
ငါးဆယ်လောက်ပဲပါသွားတာ... ကိုယ့်ကို လိုက်ပို့တဲ့ကောင်လေးတွေနဲ့ကလည်း သိပ်မရင်းနှီးသေးတော့ အပူမကပ်ရဲနဲ့ ဘာမှကို မဆော့ဖြစ်လိုက်ပါဘူး....
အပြန်လက်မှတ်ကလည်း လေးနာရီမှာဆိုတော့ ဒီလိုပဲ လျှောက်ကြည့်ရတာပေါ့....

ဒီလိုနဲ့ပဲ...အပြန်မှာကျတော့....နံမည်ကျော် twin tower ကို သွားကြည့်တယ်...
အဲဒီမှာတော့ KLCC ခေါ်တာပေါ့....
အဲဒီမှာ ဓါတ်ပုံရိုက်ပီးတော့ အပြန်မှာကျတော့ လိုင်းကားစီးပီးပြန်တယ်...
လိုင်းကားကလည်း မြန်မာနိုင်ငံလိုပါပဲ....
စပယ်ယာက ပိုက်ဆံလာကောက်ပီး လက်မှတ်လေးပေးတယ်..
လက်မှတ်စစ်က နောက်ကနေ လက်မှတ်လိုက်စစ်တယ်...
ကားကလည်း ကြာသလားမမေးနဲ့....
မလေးမှာက ကားတွေ တအားပေါတာ...
ကျွန်တော်သွားနေတဲ့အိမ်ကဦးလေးဆို တွင်ခုံမှာလုပ်တာနော်...ကားဝယ်စီးနိုင်တယ်...
အဲဒီတော့ ကားတွေကများပီး လမ်းတွေက ကျပ်နေတယ်....
ဆိုင်ကယ်တွေရော ... လူတွေရော ...
လမ်းကူးတော့လည်း ကူးချင်တဲ့နေရာက ကူးကြတာပဲ....
ဒီလိုနဲ့ပဲ ... အိမ်ပြန်ရောက်လာရော ဆိုပါတော့....

ဒီလိုနဲ့ပဲ...တနေ့တနေ့ စားလိုက်...အိပ်လိုက်.....
ဖြစ်ချင်တော့ အဲဒီမှာလည်း အစ်ကိုတစ်ယောက်က ခဏလာနေတယ်...
အလုပ်တစ်ခုကနေ ထွက်ပီး နောက်တစ်ခုကို အရှာမှာ ခဏလာနားနေတယ်...
သူက ချက်တတ်ပြုတ်တတ်တယ်... ကျွန်တော်ကတော့ ကြက်သွန်လှီး ဘာလှီးပေါ့...
အတူတူပဲ.. အောက်ဆင်း ၀ယ်ကျ.... ချက်စားကြပေါ့...
တီဗွီလိုင်းလေးကလည်း ရှိနေတော့ ဟန်ကျတာပေါ့...
သူတို့ဆီက တီဗွီလိုင်းက တော်တော်စုံတာဗျ...
အားကစားဆို.... ESPN, StarSport, EURO sport, Golf Channel လေးငါးလိုင်းလောက် တန်းစီ...
သတင်းဆိုလည်း... BBC, CNN, Aljazeera တန်းစီလို့
Discovery, National Gerographic, Animal Planet လိုင်းလေးက တန်းစီလို့
တော်တော်စုံတာဗျ...
ဒီကကောင်ကလည်း ဒါမျိုးသိပ်ကြိုက်ဆိုတော့ ဟန်ကို ကျလို့...
ညဆိုရင် ၁နာရီ၂နာရီလောက်ထိ ကြည့်...
မနက်ဆို ၁၀နာရီလောက်မှ ထပြီး... ထမင်းချက်....ထမင်းစား...
နေ့ခင်း ကျတော့လည်း ပြန်အိပ်လိုက်နဲ့.... ဟုတ်နေတာပဲ
အပြင်လည်း သိပ်မထွက်ရဲဘူးဗျ... နံမည်ကြီးဆိုတော့လေ...
အောက်နားမှာ အင်တာနက်ဆိုင်ရှိတာတောင် တစ်ရက်ပဲ သွားဖြစ်တယ်....


အဲဒီမှာနေရင်းနဲ့ ပက်စပို့သက်တမ်းလေးတိုးလို့ရမလားလို့ .... သံရုံးသွားကြည့်တယ်...
အဲ....ပြောရဦးမယ်...
ကျွန်တော့်က သောကြာနေရောက်ပီး စနေနေ့ကျတော့ သံရုံးမှာ ဆန
ပြကြတယ်တဲ့...

တိုင်းရင်းသားပေါင်းစုံပဲ ဆိုပဲ...

ချင်းတွေက အများဆုံးပဲတဲ့...လူက သုံးလေးထောင်လောက်ရှိတယ်တဲ့....

သံရုံးသွားမယ်ဆိုတော့ ... အိမ်က အစ်ကို ကြီးက ... မင်းသွားချင်လဲ သွားကြည့်ပေါ့ကွာတဲ့...

ရမယ်တော့ မထင်ဘူးတဲ့.... ဒါနဲ့ပဲ သံရုံးသွားရောဆိုပါတော့...

ဟိုရောက်တော့ ဖေါင်လေးယူတယ်... ဖြည့်မယ်ဆိုတော့ အဲဒီမှာက အင်္ဂလိပ်လိုနဲ့ ဗမာလိုနှစ်မျိုးရေးထားတာကော.... မေးကြည့်လိုက်မိတော့ ဘာပြောလဲသိလား...

မင်းက မြန်မာလူမျိုးမဟုတ်လား...မြန်မာလိုဖြည့်ပေါ့တဲ့....

နဲနဲတော့ ဖုသွားတယ်..... အဲဒီအချိန်မှာ ဘေးနားက ကောင်တာက အသံထွက်လာတယ်...

တရုတ်မတစ်ယောက်က ကောင်တာတစ်ခုမှာ ငွေသွင်းပီးတဲ့ စလစ်ကလေး သွားပြတာ...

ကောင်တာက အော်ထုတ်တယ်... ဒါတွေ ဘာလုပ်ရအောင်လဲတဲ့...

သူ့ကောင်တာမဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးပေါ့... ဒီကောင်တာမဟုတ်ဘူး.... ဟိုဘက်ကောင်တာ သွားပါဆိုပီးတဲ့ကိစကို.... အဲဒီမှာက သက်တမ်းတိုးချင်ရင် သံရုံးသွား ဖေါင်ဖြည့်ပီး...အခွန်ဆောင်ဖို့လိုရင် ဘဏ်ကို ပြေး... အခွန်ဆောင်... စလစ်ကို ပြန်လာပြ....

ဒါနဲ့ဖေါင်ဖြည့်ပီးတင်လိုက်တော့... အလည်ဆိုရင် မတိုးပေးဘူးတဲ့... အလုပ်နဲ့ကျောင်းသမားပဲ တိုးပေးတယ်တဲ့... အပြင်ပြန်ထွက်လာပီးတော့ သံရုံးရှေ့မှာ ဓါတ်ပုံလေးဘာလေးရိုက်နေတုန်း...

ကောင်မလေးနှစ်ယောက်က ရောက်လာပီး... အဲဒီအစ်ကိုကြီးကို အင်တာဗျူးတယ်....

အခွန်ကိစတွေပေါ့.... သဘောကျရဲ့လားပေါ့....ဘာညာပေါ့... အဲဒီအစ်ကိုကြီးကလည်း ပြန်ဖြေလိုက်ပါတယ်...

ဒီလိုနဲ့ပဲ ငါးရက်လောက်နေပီးတော့ ပြန်မယ်ဆိုပီး ရထားလက်မှတ်သွားဝယ်တယ်...

ကားနဲ့က ၅နာရီလောက်ပဲ ကြာတဲ့ခရီးကို ....

ရထားနဲ့ဆို ၁၀နာရီလောက်ကြားတယ်....

ဒါပေမယ့် ကားက နဲနဲအဆင့်များတယ်... ရထားကတန်းရောက်တယ်လေ...

ရထားခက စင်ကာပူနဲ့ အတူတူပဲ.... ၃၀...ဒါပေမယ့် တန်ဖိုးက နှစ်ဆကွာတယ်...

ငွေလဲနှုန်းက ၂.၃၃ ရှိတယ်.... ည ၉နာရီရထားလက်မှတ် ၀ယ်လိုက်တယ်....

ညကျတော့ အိမ်က အတီးက လိုက်ပို့တယ်...

ရထားကလည်း အဲယားကွန်းအပြည့်ပဲ.... အစကတော့ နဲနဲပူသေးတာ....

ဘေးနားမှာ ဘယ်လိုမလေးကောင်တွေလာပီး ငါဘယ်လိုများ ဆက်ဆံရမလဲပေါ့...

ဒါပေမယ့်...ဘေးနားမှာ ကျတဲ့တစ်ယောက်က သူ့သူငယ်ချင်းနဲ့ အခြားတွဲမှာ သွားထိုင်တယ်...

ကြားရက်မို့လို့ထင်တယ် လူသိပ်မများဘူး..... နှစ်ခုံကို တယောက်ပဲ ထိုင်လာရတယ်...

အပြန်မှာလဲ...Immagration ဖြစ်တော့ officer နဲ့တွေ့ရပြန်ရော....

ဒါပေမယ့် အေးဆေးပါပဲ.... ရထားမှာ white card ဖြည့်ရတယ်ဗျ....

အဲဒီမှာ stay date ဘယ်လို့ဖြည့်ရမှန်းမသိတာနဲ့ 30 days ရေးလိုက်မိတယ်...

အသွားမှာ လေယာဉ်လက်မှတ်ကို ဖြတ်သွားရတာကိုး.... လေယာဉ်လက်မှတ်က မေ ၃၀ ဆိုပီးဖြည့်ထားတာ.... stay ကိုလည်း မေ ၃၀ အထိပဲပေးမယ်....

မလေးက ည ၉း၀၀နာရီ ထွက်လာတဲ့ ရထားက စင်ကာပူကို မနက် ၈း၃၀ ရောက်ရမှာ ၉း၃၀ လောက်မှာရောက်တယ်....

ဒီဘက်ကို ပြန်ရောက်တော့ ဘူတာက ထွက်.... လိုင်းကားရှာစီးပီး... အိမ်ပြန်လာတယ် ဆိုပါတော့ဗျာ....

Tuesday, May 20, 2008

ဘောလုံးစကား (၃)

Opening......

ဘောလုံးကန်ရင် opening ဖွင့်ဖို့က အရမ်းအရေးကြီးတယ်...
ဒါမှလည်း နေရာလွတ်တွေ ပေါ်လာမယ်... အချိတ်အဆက်လုပ်ဖို့လွယ်မယ်...
ပီးတော့ လူလည်း သက်သာတယ်လေ...

ဒီလိုပဲ ဘ၀မှာလည်း opening ဖွင့်ဖို့က အရမ်းအရေးကြီးတယ်...
အသိတွေကို ဖွင့်ထားရမယ်...
ခံစားချက်ကို ဖွင့်ထားရမယ်...
မျှော်လင့်ခြင်းတွေကို ဖွင့်ထားရမယ်...
ပွင့်လင်းရမယ်...ရိုးသားရမယ်...
တခါတလေ.. ကိုယ်စိတ်ကို ပိတ်ထားမိတဲ့အခါမျိုးမှာ ဘယ်လို့မှ နေပျော်မှာမဟုတ်ဘူး...
ကိုယ်အတ္တထဲမှာပဲ ကိုယ်လှောင်ပိတ်မိနေတဲ့အခါမျိုးမှာ ဘယ်သူကိုမှ တန်ဖိုးမထားတော့ဘူး...မယုံကြည်တော့ဘူး... အထင်မကြီးတော့ဘူး....
ကိုယ်အမြင်တခုထဲမှာပဲ ... ပိတ်မိနေရင်...သူ့ဘက်ကို ထည့်မတွက်မိဘူး...
ကိုယ်ဘက်က မှန်တယ်ထင်တာနဲ့ပဲ လျှောက်လုပ်မိနေရင်... သူတပါးကို ထိခိုက်သလို ကိုယ်ကိုကိုယ်လည်း ထိခိုက်တယ်...
ဒီတော့ စိတ်ကို ဖွင့်ထားရမယ်... ရိုးသားစွာ အသက်ရှင်ရမယ်...
ကိုယ်တော့ ဒီလိုထင်တယ်...မင်းကော ဘယ်လိုထင်လဲ...
ဒီလိုမျိုးလေး...စိတ်ထဲမှာ ဖွင့်ထားနိုင်ရင်..အားလုံးအတွက် အဆင်ပြေမယ်...

Wednesday, May 7, 2008

ခဏပျောက်နေမယ်

ခဏလောက်ပျောက်နေမယ်နော်..
တစ်ပတ်လောက်ပေါ့...
မလေးကို ခဏသွားရမှာ...
ဆုတောင်းပေးကြဦးနော်....
အလုပ်က ရပေမယ့် အက်စပတ်လျှောက်ဖို့ ပတ်စပို့သက်တမ်းမလောက်...
ပတ်စပို့သက်တမ်းတိုးဖို့ သံရုံးကပိတ်...ဗီဇာကကုန်...
ဒီလိုဆိုတော့...မလေးခဏသွားမယ်...ပြန်လာမယ်...
အိုကေ...
အလုပ်အတွက် ဆုတောင်းပေးကြပါနော်...
အလုပ်ကလေးရရင်...သူများတွေကို ကူညီနိုင်မှာလေ...
အခုတော့... ဆုတောင်းပေးရုံပဲ တတ်နိုင်သေးတယ်...
အိုကေ..

နာဂစ်...တဲ့

ဟေ့....ဘယ်လိုလဲ...
ကြားရကြားရ...နားဝကမသက်သာ....
အထိတ်ရယ်တလန့်...
မုန်တိုင်းတွေ...မွှေ
မမှန်တဲ့မီးက လုံးလုံးပျက်..
ရေတွေလျှံလျက်ကကို သုံးစရာရေမရှိ..သောက်စရာရေမရှိ...
အမိုးတွေက လန်...
ဆန်အိုးက ဂေါင်ဂင်သံပေး....
ကုန်ဈေးနှုန်းက မိုးပေါ်မှာ...
ဘယ်လိုလုပ်ကြမလဲ....
ဘယ်လိုကူကြမလဲ...
တက်နိုင်သမျှ လုပ်ပေးကြစို့ရယ်...
တို့ကတော့ ဒီကိုရောက်နေတယ်...
ကူညီချင်ပေမယ့် ကိုယ်မှာလည်း ကိုယ်ဒုက္ခနဲ့ကိုယ်...
ဒီတော့ ဆုတွေပဲတောင်း...
အဆင်သင့်ဖြစ်နေတဲ့ ကူညီမှုတွေ အမြန်ဆုံးရပါစေ...
ပျောက်သူတွေ ပြန်တွေ့လို့....စိတ်ချမ်းမြေ့ပါစေ...
ပျက်တာတွေ အမြန်ဆုံးပြင်လို့...ဘ၀င်လည်း အေးနိုင်ပါစေ...
အော်...နာဂစ်...တဲ့
တခါဖြစ်တာနဲ့ကို....ကျန်ရစ်တဲ့ဝေဒနာ...
တယ် မသက်သာပါလားနော်....

Tuesday, May 6, 2008

ဘောလုံးစကား (၂)

Marking.....
ဘောလုံးကစားတဲ့အခါမှာ marking က အရမ်းအရေးကြီးတယ်...
ကိုယ့်လူကို marking ကပ်ထားနိုင်ဖို့က အရေးကြီးတယ်...
တဖက်အသင်းက ဘယ်လူကတော့ ပွဲမှာအရေးပါလဲ...
အဲဒီလူကို အသေသာ marking လုပ်ထားလိုက်...
ဒီလိုမျိုး မလှုပ်နိုင်အောင် လုပ်ထားနိုင်ပီဆို... ပွဲက အေးဆေးဖြစ်သွားပီ...

ဒီလိုပဲ...ဘ၀မှာလည်း marking ကပ်ထားဖို့က အရေးကြီးတယ်...
မင်း ဘယ်လမ်းကို ရွေးမလဲ... အဲဒီလမ်းကို အပိုင်သာလုပ်.... ဒါဆို အေးဆေးပဲ..
တခါတလေကျတော့ ဘ၀မှာ ဘယ်လမ်းရွေးရမှန်း မသိဖြစ်တတ်တယ်...
ရွေးမိတဲ့လမ်းကိုလည်း သေချာမလုပ်ထားနိုင်ရင် ဒုက္ခရောက်ရော...
ဒီတော့ ဘယ်လမ်းကို ရွေးမလဲ... သေသေချာချာ စဉ်းစား...
မင်းဟာ ဘာကို ၀ါသနာပါလဲ... တကယ်ဝါသနာပါတာလား...
ကိုယ့်ကိုယ်ကို အရင်မေး... အေး ... သေချာပီဆိုရင်တော့...
အဲဒီလမ်းကို ပိုင်အောင်သာ လုပ်ပေးတော့...
အဲဒီလမ်းကို ပိုင်နိုင်ပီ..သေချာပီ... ဘယ်ဘက်ကလာမေးမေး ... အိုကေဆိုရင်တော့...
ဘ၀မှာ ကြောက်စရာ သိပ်မလိုတော့ဘူး....

Tuesday, April 29, 2008

ဘောလုံးစကား (၁)

ဘောလုံးစကားပြောကြရအောင်....
ဒီလိုလေ...
ကျွန်တော်တို့ ဘောလုံးကန်ရင်းနဲ့ ပြောဖြစ်တဲ့ စကားတွေက
တွေးကြည့်ရင် ဘ၀အတွက်လည်း အသုံးဝင်တယ်ဗျ...
ယူတတ်ရင် ရတယ်...ဆိုသလိုပေါ့ဗျာ...

ခေါင်းမော့ထား......
ဘောလုံးကန်ရင် ခေါင်းမော့ထားဆိုပီး လှမ်းလှမ်းအော်ကြတယ်...
ဘာလို့လဲဆိုတော့ ခေါင်းငုံ့ပီး ဘောလုံးပဲ ကြည့်ရင် လူကိုမမြင်ရဘူးလေ...
လူကို မြင်မှ ပေးလို့ရမှာပေါ့....အကွက်ဆင်လို့ရမယ်...ကြပ်နေရင်လည်း လူကြည့်ပြီး ကစားလို့ရမှာ...

ဒီလိုပဲလေ...
ဘ၀မှာလည်း ကိုယ်နေရာလေးထဲမှာပဲ အဟုတ်ကြီးထင်နေလို့မရဘူးလေ...
ခေါင်းမော့ရမယ်.... ပတ်ဝန်းကျင်ကို ကြည့်ရမယ်...
ပတ်ဝန်းကျင်က ဘာဖြစ်နေပီလဲ...ငါကကော ဘယ်လိုပြင်ဆင်ရမလဲ...
ကိုယ့်နေရာလေးမှာပဲ ရပ်နေလို့ မရဘူးလေ...
ခေတ်က တောင်းဆိုတာကို အမှီလိုက်ရမယ်... ကိုယ်က လိုနေရင်လည်း ပြင်ဆင်ရမယ်..
သူများတွေကော ဘယ်လိုလုပ်လို့ ဘယ်လိုအောင်မြင်နေတယ်...
ဘယ်လိုဖြစ်လို့ ကျရှုံးနေတယ်ဆိုတာကို သိဖို့ ... ခေါင်းမော့ထားမှ ... ရမှာ
ဟုတ်တယ်ဟုတ်....

နောက်တစ်ခုက...
ဘ၀ဆိုတာကြီးက တိုက်ပွဲကြီးပဲလေ.... နေတိုင်းကို တိုက်နေရတာ...
တခြားသူတွေနဲ့ မတိုက်ရင်တောင်မှာ ကိုယ်ဟာကိုယ်ပြန်တိုက်နေရတာ...
ဟေ့ကောင်...မင်းအခု ဘာကောင်လဲ... မင်းဘာဖြစ်နေလဲ...
မင်းဘာတွေ လုပ်နိုင်ခဲ့ပီလဲ...ဘာတွေ လုပ်ရဦးမလဲ...
အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင်လည်း ခေါင်းမော့ထားရမယ်..အားတင်းထားရမယ်...
ဒါမှ ဖြစ်မှာ... မဟုတ်ရင်တော့ လဲသွားပီသာမှတ်...

Monday, April 28, 2008

အလုပ်ရပီဗျို့....

အလုပ်ရပီဗျို့.......
၂၆.၈.၂၀၀၈...မှာ အလုပ်ရတယ်ဗျို့....
အိုး...ရှာလိုက်ရတဲ့အလုပ်တွေ...
အခုတော့ ရပါပြီ...
http://www.richart.com.sg/ မှာ
ဘုရားရဲ့ကျေးဇူးပဲ...
တကယ်က သွားပီထင်နေတာ...
ပထမအင်တာဗျူး....အိုကေ...အလုံးကြီးကြီးတွေ ပစ်သွင်းလိုက်တယ်...
ဒုတိယအင်တာဗျူး...ကားရော...
လုပ်ခိုင်းတယ်ဗျာ...ဆိုက်အကြီးကြီး....photoshop 6 တဲ့.. illustrator 9 တဲ့..
ကြည့်တော့လုပ်လိုက်တာပဲ..သိပ်တော့ ဘ၀င်မကျဘူး...
တတိယအင်တာဗျူး... အလုပ်ရရော..
ဒါတောင် အင်တာဗျူးတဲ့လူက တရုတ်...စကားက တိုးတိုးပြော..နှုတ်ခမ်းကရောင်နေသေး...
မနဲလိုက်နားထောင်ရတယ်.... အလုပ်ခန့်ပီတဲ့... ပျော်လိုက်တာ...
အဲ...ပျော်လို့မှ မဆုံးသေးဘူး...
ဒီမနက်ကျ အလုပ်က ဖုန်းဆက်တယ်...
ပတ်စ်ပို့ကတဲ့ သက်တမ်းမလောက်ဘူးတဲ့...
အိုး... သက်တမ်းတိုးရဦးမှာ...
ဒီမှာက မဲပေးနေတာနဲ့ ၂၈-၂၉ ပိတ်တယ်ဗျ...
၃၀မှ သွားရမှာ... တုံကင်ယူရမယ်တဲ့... မနက် ၄ နာရီ...
ပိုက်ဆံပေးရမယ်တဲ့... ၃၀၀
အခွန်ပါဆောင်ရဦးမယ်တဲ့....
အားပါး..ခေါင်းကြီးရောပဲ...
သက်တမ်းက မေ ၈ ဆို ကုန်မှာ...
တော်တော်ကပ်နေပီ....
လုပ်ကြဦး...ဆုတောင်းပေးကြဦးနော်...
ထီပေါက်ပီး ထီလက်မှတ်ပျောက်နေဦးမယ်...
အိုး.... မောလိုက်တဲ့ စင်ကာပူ...
ဟူး... ခက်လိုက်တဲ့ စင်ကာပူ....

Tuesday, April 22, 2008

မိုးသည်းခိုက်...



သဲသဲလှုပ်မိုးတွေထဲ
လှိုင်းကြက်ခွပ်တွေထနေတဲ့
ကန်ရေပြင်က
တောင်ကမ်းပါးတွေကြားထဲ
မောပန်းလို့နေမလား....။

လေပြင်းရယ် သုန်သုန်ဖြိုး
မိုးစက်တို့သည်းထန်
ကောင်းကင်ယံမှောင်မှောင်မဲ
မိုးတွေကသည်း...။

မရီကြနဲ့နော်....


မြို့ပြလမင်းလေးပေါ့....

Friday, April 18, 2008

လွမ်းတယ်.....

ဒီစင်ကာပူကြီးရောက်မှပဲ...
ငါ့မှာ လွမ်းစရာ တော်တော်များလာတော့တယ်....
ပထမဆုံးလွမ်းတာ...နေပြည်တော်ရုံကြီးနဲ့ လမ်းဘေးက စီဒီဆိုင်တွေပဲ...
ဘာလို့လဲဆို.. ရုပ်ရှင်သိပ်ကြိုက်တာကိုးဟ..
ဒီမှာတော့...အွန်လိုင်းက ဟာတွေပဲ ကြည့်နေရတယ်....
ဈေးတွေကလည်း ကြီးပ...တစ်ခါကြည့်ရင် ရှစ်ကျပ်တဲ့....
အခွေတော့သွားမ၀ယ်ချင်နဲ့... အနည်းဆုံး ၂၀ ပဲ..
ငါသိပ်ကြိုက်တဲ့ ကြေးအိုးဆိုင်တွေကို လွမ်းတယ်...
ဝိုင်ကေကေအို..ဆိုပီးရော... ဒီမှာတော့ ရေသောက်ဖို့တောင် စဉ်းစားနေရတာ....
လမ်းဘေးက အကြွေစေ့ အအေးတွေတောင် တော်တော်စဉ်းစားဝယ်နေရတာ...
ပီးတော့ ရန်ကုန်က ကိုကိုစပယ်ယာတွေကိုလွမ်းတယ်...
ဒီမှာတော့ ကဒ်ကလေးရှိရင် ခရီးသွားရတာ အဆင်ပြေတယ်..
ဒါပေမယ့် ကဒ်ကလေးထဲ ပိုက်ဆံထည့်ထားဖို့တော့ လိုတာပေါ့နော်...
ကဒ်ထဲပိုက်ဆံမရှိလို့ကတော့ အော်ပီသာမှတ်...အရှက်ကွဲပီသာမှတ်...
ရန်ကုန်က shopping mall တွေကိုလည်း လွမ်းတယ်...
ဒီယောက်မှ ၀ယ်မယ်ဆိုပဲ အားခဲထားတာ...အားပါးသေရော...
ဈေးတွေက ကြီးလိုက်တာဆိုတာ.... ရန်ကုန်ကို ပြန်မှာရမလိုပဲ
ရန်ကုန်မှာဆို DL လေးဝတ်ရင်ကို တော်တော် စမတ်ကျနေပီ...
ဒီမှာတော့ တော်ရုံဟာတွေတောင် ၃၀-၄၀ လောက်ဖြစ်နေပီ....
discount ကျတဲ့အချိန်ပဲစောင့်နေရတာ...
ဒီမှာနေရတာ သိပ်အထီးကျန်တာပဲ....
ဘော်ဒါတွေနဲ့တွေ့ဖို့ဆိုတာလည်း...မလွယ်...အလုပ်ရတဲ့လူတွေက မအား...
အလုပ်မရသေးတဲ့လူတွေကလည်း ... မလာနိုင်... ရထားခ၊ ကားခ က ဈေးကြီးတာကိုးဗျ...
ဒီတော့ ဘာလုပ်ရလဲဆိုတော့... အင်တာနက်ကို ၀င်...ချက်တင်ထိုင်...
အိမ်ဖုန်းရှိရင် အိမ်ဖုန်းလှမ်းခေါ်...ဟမ်းဖုန်းတွေရှိပေမယ့်လည်း ဈေးကကြီးတာကိုးဗျ...
incoming free လုပ်တာရင်တော့ တမျိုးပေါ့ဗျာ...တနေ့ကို ပြား၆၀ ဖျက်တာဆိုတော့ နဲနဲတွက်ရတာပေါ့ဗျာ...
တခါတလေတော့လည်း pfingo လေးနဲ့ လှမ်းခေါ်ပေါ့ဗျာ...
ဒီရောက်တော့ ဘော်ဒါတွေ အားကိုးမလားလို့....သူတို့ကလည်း အချိန်မပေးနိုင်...
တချို့ဆိုရင်လည်း...သူတို့ကိုယ်တိုင်ကိုယ်က အလုပ်အသစ်ရှာနေကြတာ...
ကိုယ်နဲ့ကို အပြိုင်ရှာနေကြတာ....ကောင်းရော...
ဒီမှာတော့ ကောင်မလေးတွေက အလန်းလေးတွေပဲ....
တိုထားလိုက်ကြတာလဲ မပြောပါနဲ့....
အပေါ်နဲ့အောက် တခုခုတော့ ဖေါ်ကြတာပဲ....
ဒါပေမယ့်ဗျာ...ရုပ်တွေက မလာပါဘူး...တော်တော်ကိုရှားတာ...
ဒါကြောင့်ပဲနေမှာပေါ့နော်...လှမယ်ထင်တာလေးတွေ ထုတ်ထုတ်ကြွားတာ...
ဒီလိုဆိုတော့လည်း လှည်းတန်းက သူငယ်ချင်းဆိုင်ကို သတိ၇သားဗျ...
အားလို့ရှိရှင် လှည်းတန်းမှာသွားထိုင်ပီး...ငေးနေရတဲ့အချိန်တွေကို ပြန်လွမ်းသား...
ကဲ...ကဲ...
လွမ်းနေလို့တော့ မဖြစ်သေးဘူး....အလုပ်ရှာရဦးမယ်...
ကဲ..ချက်တင်လေး ခဏပိတ်...
အလုပ်ကလေးရှာ...အင်တာဗျူးအတွက် ပြင်လိုက်ဦးမယ်....
နောက်အားတဲ့အခါကျတော့ ထပ်တွေ့ကြတာပေါ့နော်...
ဆုလည်းတောင်းပေးကြဦးနော်.... စပယ်ရှယ်အလုပ်ကလေးရဖို့...

Friday, April 11, 2008

လွှတ်ချလိုက်ရတဲ့ အနမ်းတစ်ခု (၂)

နောက်တနေ့ရောက်တော့... ကျောင်းကို ရင်ခုန်စွာနဲ့ သွားတယ်...
ကျောင်းရောက်တော့ သီတာက လွဲရင် ကျန်တဲ့နှစ်ယောက်က ကျောင်းမတတ်ဘူးဗျ...
ဒါနဲ့ သီတာလေးအနား သွားထိုင်ပြီး စနေလိုက်တယ်...
ကျွန်တော်တို့က သင်္ချာကျောင်းသားတွေလေ...
ဆရာက စာသင်တယ်... သီတာကို နှစ်ခါ ရှိတ်ရင် အဖြေရတယ်...ဆိုတော့...
ကဲကဲ..ကြားလားလို့ပေါ့... သူကတော့ ရယ်နေတာပဲ...
ခဏနေတော့ စာအုပ်ကလေး လှမ်းယူပီး...စာလေးလှမ်းထည့်လိုက်တော့...ဘာမှမပြောဘူးဗျ...
ဟန်ဆောင်ပန်ဆောင်တောင် မငြင်းဘူး....
ဒီကအကောင်က မျှော်လင့်ထားတာကတော့.....
ရှက်ပြုံးလေးနဲ့ငြင်းမယ်ပေါ့....ဘာလုပ်တာလဲ...ဘာညာနဲ့
ဟင်္သာသံလေးနဲ့ မူမယ်လို့...ပေါ့...
အခုတော့ လူကို တစ်ချက်ပဲကြည့်ပြီး ခပ်တည်တည်အိတ်ထဲထည့်လိုက်တယ်...
............................
ဒီလိုနဲ့ပဲ ချစ်သူတွေ ဖြစ်သွားတယ်ပေါ့ဗျာ...
............................
သူငယ်ချင်းတွေကလည်း သဘောတူပါတယ်...
သူက ချစ်စရာလည်းကောင်းတယ်...ရိုးလည်း ရိုးတယ်...အေးလည်းအေးတယ်...လေ
ဒီလိုနဲ့ပဲ စလိုက်ပြောင်လိုက်နေလာရင်းက တရက်တော့ ကျောင်းစောစောပီးတာနဲ့
ရုပ်ရှင်သွားကြည့်ကြတယ်....
သူငယ်ချင်းတွေအဖွဲ့လိုက်သွားကြတယ်....
ရုံထဲရောက်တော့ သူနဲ့ကိုယ်နဲ့ ဘေးချင်းကပ်ထိုင်တယ်...
သူငယ်ချင်းတွေကတော့ ဟိုဘက်ဒီဘက် ခြံရံလို့ပေါ့...
အဲဒီမှာ စတော့တာပဲ...
ဒီကအကောင်က ချစ်သူတွေ ဆိုတော့ ယုယချင်..ကြင်နာချင်တာပေါ့...
ဒီတော့ သကြားလုံးလေးကို အသာနှစ်ပိုင်းခြမ်းပီး...သူ့ကို တပိုင်းလှမ်းကျွေးလိုက်တယ်...
သူငယ်ချင်းတွေ ဟားမှာလည်း စိုးတော့ တိတ်တိတ်လေး သူ့လက်ထဲ ထည့်ပေးလိုက်တယ်...
ဒါက သူက အသာခြေပီး လွှတ်ချလိုက်ပါရော....
သွားရော... ဒီကကောင် ရင်ဘတ်ကြီး အပူရှပ်သွားပါလေရော...
ဘယ်လိုမှ ခံစားလို့မရဘူးဗျာ...ရုပ်ရှင်ဘယ်လိုပီးသွားမှန်းကို မသိဘူး...
တကယ် အီလည်လည်ကြီး.....
.................................
ထားလိုက်ပါလေ... သူမသိလို့ လုပ်မိတာပဲပေါ့....
ဒီလိုနဲ့ စာမေးပွဲတွေနီးတော့ ကျူရှင်တက်ရရော...
သူကလည်း အလုပ်နဲ့...ကိုယ်ကလည်း အလုပ်နဲ့....
ကိုယ်က လှည်းတန်းမှာနေပီး...သူက မြောက်ဥက္ကလာမှာနေတယ်....
ညညဆို ကျူရှင်က ၉နာရီလောက်မှ ပီးတာ....
သူ့ကို ပြန်လိုက်ပို့ရင်ကိုပဲ ၉ နာရီကျော်နေပီ....
တခါတလေ ပြန်လာဖို့ ကားမရှိရင် လှမ်းပြန်လျှောက်ရတာ...
လှည်းတန်းရောက်ရင် ဈေးသက်သာတဲ့ ထမင်းဆိုင်တွေက ပိတ်ရော...
ခေါက်ဆွဲပြုတ်နဲ့ ညားရော....
.......................
ဒီလိုနေလာရင်းနဲ့ စာမေးပွဲကလည်း နီးလာတယ်....
စနေ၊ တနင်္ဂနွေလေး တွေ့ချင်တော့လည်း သူက မအားဘူးတဲ့....
ဒီတော့ စာအုပ်တစ်အုပ်ဝယ်ပြီး တစ်ယောက် တစ်ပတ်ဆီရေးကြတယ်...
ဒါလေးပဲ အလွမ်းပြေဖတ်ရတော့တယ်...
.......................
ဒီနေ့က ချစ်သူများနေ့.....လေ...။
ချစ်သူများနေ့ဆိုတော့ ချစ်သူကို ရင်ခုန်အောင် ဘယ်လိုလုပ်ရမလဲပေါ့....
ချစ်သူကို ချစ်သူများနေ့မှာ ဘာလက်ဆောင်ပေးရမလဲ....
စဉ်းစား.... စဉ်းစား.....စဉ်းစား...
အိုး...သိပြီ...
ချစ်သူကို ချစ်မြတ်နိုးကြောင်း အနမ်းနဲ့ သက်သေပြမယ်...
အနမ်းလက်ဆောင်လေးပေးမယ်....
အိုး...ဘယ်လောက်ရင်ခုန်ဖို့ ကောင်းလိုက်မလဲ....
.....................
ညနေ ကျူရှင်ပြီးတော့ သူ့ကို အိမ်ပြန်လိုက်ပို့တယ်....
ဒီနေ့တော့ တစ်မှတ်တိုင်လောက် ကြိုဆင်းလိုက်တယ်....
စကားလေးတွေ ပြောရင်းက အရှိန်လေးယူတယ်....
ရင်ဘတ်ကြီးဆိုတာလည်း မုန်တိုင်းထန်နေသလိုပဲ...
စကားသံလေးတွေတောင် တုန်လို့ ထစ်လို့...
သူကလည်း ရိတ်မိသလိုပါပဲ...
ကိုယ်စိတ်ထဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ပြီး....
ညငှက်ပိစိကွေးလေးတွေက ကိုယ့်တို့အတွက် တေးဆိုပေးနေသလိုပဲ...
အိုး... လေပြေကလည်း သိမ်သိမ်မွေ့မွေ့လေး တိုက်ခက်လို့...
လမင်းကလည်း သူရဲ့အပြာရောင်အလင်းတန်းတွေနဲ့ ကိုယ်တို့နှစ်ယောက်ကို လွှမ်းခြုံလို့ပေါ့....
ကိုယ့်ရဲ့ရင်ခုန်သံကို ကိုယ်ပြန်ကြားရတာကိုပဲ ရှက်မိသလို...
သူ့ရဲ့ အသက်ရှူသံတိုးတိုးလေးကပဲ ငါ့သွေးကြောတွေထဲ စီးဆင်းလှုပ်ခတ်လို့ပေါ့...
အဲဒီလိုလေး.. ခံစားသက်ဝင်ရင်ခုန်ကြည်နူးနေတုန်း...
ဗြုံးဆို....သူက ကိုယ့်ပါးကို သူ့နှာခေါင်းလေးနဲ့ လာထိတယ်.... ပီးတော့ ခပ်တည်တည်နဲ့ လှည့်သွားတယ်...
ကိုယ့်ပါးကို သူ့နှာခေါင်းနဲ့ လာထိတာပဲနော်...
တကယ်ကို ရင်ခုန်ခြင်းတွေ...ရှက်ပြုံးတွေ...လှုပ်ခတ်ခြင်းတွေ နဲနဲမှ မပါဘူး...
တကယ့်ကို ၀တ်ကြေတန်းကြေ....
သေရော...ဗျာ...
ပီးတော့ ခပ်တည်တည်ပဲ...သူမဟုတ်သလို စကားတွေ လျှောက်ပြောနေတော့တယ်...
ဒီက အကောင်မှာတော့ အီလည်လည်ကြီး...
ဇာတ်ကားလေးကောင်းနေတုန်း မီးပြတ်သွားသလို...
အိပ်မက်ကောင်းတုန်း လန့်နိုးသလို....
သွားရော....
ရင်ခုန်ခြင်းတွေနဲ့ လှုပ်ခတ်နေတဲ့ ငါ့ရင်ဘတ်ကြီး လုံးဝပျက်သွားရော...
နားထဲ လေတွေထွက်သလို...ခံစားလိုက်ရတယ်...
သွားရော....
........................................
သြော်....ချစ်တာကို ချစ်ကြောင်းပြဖို့ အချစ်ကလေး နဲနဲလောက် ထည့်ပါလားနော်...
........................................
ဒီလိုနဲ့ပဲ....
ငါ့လွှတ်ချလိုက်ရတဲ့ အနမ်း....တစ်ခုဟာ
နွေအိပ်မက်လို တခါတလေ ခြောက်လှန့်နေတော့တယ်...
..........................................

Tuesday, April 8, 2008

လွှတ်ချလိုက်ရတဲ့ အနမ်းတစ်ခု

လူသားနှစ်ဦးရဲ့ ချစ်မြတ်နိုးခြင်းတွေ ခိုင်မြဲဖို့ အနမ်းတွေလိုအပ်တယ်....တဲ့။
သိပ်ဟုတ်တာပေါ့...။
တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးကြောင်း သက်သေပြဖို့ရာ အနမ်းတွေဟာ အထိရောက်ဆုံးပဲလေ..။
မိန်းကလေးက နမ်းတဲ့အနမ်းဆိုရင် ပိုပီးတော့တောင် နှလုံးသားကို ညွှတ်နူးစေမှာပဲ...။
သူ့ရဲ့အချစ်တွေအတွက် သူ့ရဲ့အရှက်တရားတွေကို စွန့်လွှတ်ပြီး နမ်းလိုက်တဲ့ အနမ်းမှာ ဘယ်လောက်ရင်ခုန်ဖို့ ကောင်းလိုက်မလဲ...။
တွေးကြည့်တာနဲ့တင် ဘယ်ဘက်ရင်အုံက လှုပ်လှုပ်လာတယ်...
ဒါပေမယ့်လည်း...
အနမ်းတစ်ခုမှာ ရင်ခုန်သံတွေ အေးခဲသွားစေမှန်း
အနမ်းလေးတစ်ခုကပဲ သိရှိခဲ့ရတယ်....။
အဲဒီအဖြစ်အပျက်လေးကတော့.....။
................
(၁)
အဲဒီမနက်က
ဖြူလွလွနေရောင်ခြည်ရဲ့အောက်မှာ သက်ဝင်လှုပ်ရှားနေတဲ့
တတိယနှစ်ရဲ့ ပထမဆုံးကျောင်းစဖွင့်တဲ့ နေ့ကလေးပေါ့....။
သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ စကားတွေက ပြောမကုန်အောင်ဖြစ်နေပီး
စကြနောက်ကြရင်းကကို ငါရင်ဘတ်ထဲ အတွေးတစ်ခု ရောက်လာတယ်...။
ငါဟာ တတိယနှစ်တောင် ရောက်ပီ...ရည်းစာလေးတစ်ယောက်မှ မရသေးပါလား....
ဒီနှစ်တော့ တစ်ယောက်ယောက်လောက်တော့ ရအောင် ချိန်မှပဲ...လို့ပေါ့။
ရည်းစားမရဘူးဆိုတာကလည်း ကိုယ့်ဘော်ဒါတွေကြောင့်ပါပဲ...။
.................................
(၂)
ကိုယ်မှာ ဘော်ဒါ ခြောက်ယောက်ရှိတယ်...။
ဖိုးထွဋ်၊ စောလေး၊ ကိုသောင်း၊ မျိုးကြီး၊ ရခီး၊ ညီရှား....တဲ့။

ဖိုးထွဋ်....
ဒီအကောင်က လူက ပိန်ပိန်ညောင်ညောင်၊ တွတ်ပီလိုပဲ မေးစေ့ကမရှိဘူး...၊
ဒီအကောင် ပထမနှစ်ကအကောင်း...။ ကိုယ်နဲ့တွေ့မှာ ငပြောင်ဖြစ်သွားတာ။
ကိုယ်က မီးရှို့မယ်ဆို...ဒီကောင်က ရေနံဆီလောင်းမယ့်အကောင်...၊
အတိုင်အဖေါက်က ညီပါ့..။ သေချာလိုင်းသွင်းထားတဲ့အကောင်..။

စောလေး....
ဒီကောင်က ကရင်တိုင်းရင်းသားမို့ စောလေးခေါ်တာ....
ခြေထောက်တဖက်က မသန်ဘူး...။ အဲ...အစအနောက်ကတော့ သန်ပါ့...။
ပုလင်းတူဗူုးဆို့တွေပဲလေ...။

ကိုသောင်း....
ဒီကောင် အားလုံးထဲမှာ အကြီးဆုံး....
ပြီးတော့ အရဲဆုံး....တော်ရုံကောင်မလေး ခပ်တည်တည်စကားပြောဖို့ ၀န်မလေးတဲ့အကောင်...
စကားလုံးကလည်း အကြီးကြီးတွေရော ပိစိကွေးတွေရော အစုံအလင်ကို ရှိပါ့...

မျိုးကြီး....
ဒီကောင်က မွန်... စကားပြောရင် မွန်သံဝဲ၀ဲနဲ့..
ကိုယ်နဲ့အတွဲအညီဆုံးအကောင်...ကိုယ်က အရိပ်ပြရင် ဒီကောင်က အကောင်မြင်ပီးသား...
အကြောင်ရိုက်ဖို့ကလည်း တဖက်ကမ်းခပ်...

ရခီး....
ဒီကောင်က ရခိုင်မို့ ရခီးခေါ်ရင်း နံမည်ရင်းပျောက်ရော...
ဒီကောင်က ဗလွတ်ရှတွက်အကောင်... မကောင်းတဲ့နေရာမှာ သိပ်တော်တဲ့အကောင်...
မျက်နှာအပြောင်ဆုံးကောင်...အရှက်မရှိဆုံးအကောင်...

ညီရှား...
ဒီကောင်ကတော့ စုန်းပြူး....
သိပ်ဆရာကြီးလုပ်တဲ့အကောင်.... စကားလုံးကလည်း အကြီးကြီးတွေမှ ပြောတဲ့အကောင်...
ကိုယ်တွေက လိုက်နောက်ရင် သူက ဆူချင်တဲ့အကောင်...

ကိုယ်ကတော့လား...
ကိုယ်လည်းဘယ်ခေပါ့မလဲ... ကိုယ်များ အရှေ့ပေါက်က၀င်ရင် မိန်းကလေးတွေ အနောက်ပေါက်ကပြေးရော...
ဆရာမတွေဆို ကိုယ်သိပ်ကြောက်တာ... ဖိုက်တာထင်နေတာ...
စာသင်ရင်းများ ပေါက်တက်ကရ ထထပြောမလား....ပေါ့...။

အားလုံးက ကိုယ်နဲ့စိတ်တူကိုယ်တူ ငပြောင်ငနောက်တွေချည်းပဲ...။
စာသင်ချိန်ပီးလို့ ကင်တင်းသွားရင် လမ်းမှာတွေ့သမျှ အကုန်လိုက်နောက်နေတာ...။
လမ်းမှာများ ကောင်မလေးတစ်ယောက်ယောက် နေကြာစေ့တစ်ယောက်ထဲ ထိုင်စားနေလို့ကတော့ သွားပီ...။
ဟိုဘက်ဒီဘက်ညှပ်ထိုင်ပီး နေကြာစေ့တောင်းစားတော့တာ...။
ရှေ့မှာ သုံးဆင့်ချိုင့်နဲ့ကောင်မလေးတွေ့ရင်လည်း ကြည့်စမ်း...အစားပုတ်လိုက်တာ..သုံးဆင့်တောင်လို့ နောက်တာ...။
အဲ...တခါတလေများ ခပ်စွာစွာကောင်မလေးနဲ့ကြုံရင်လည်း...
စကားကို နိုင်အောင်ကို ရယ်စရာစွက်ပီး ၀ိုင်းပြောတာနဲ့တင်...
အဲဒီကောင်မလေးလည်း ပြုံးစေ့စေ့နဲ့ ထွက်ပြေးရပါရော....။
တခါတလေများ ဗရုတ်ကျစရာမရှိရင် အချင်းချင်းကို ပြန်ဗရုတ်ကျတာ...။
ကိုယ်ကများ ကောင်မလေးတစ်ယောက်လိုက်ကြိုက်လို့ အဲဒီကောင်မလေးအခန်း သွားမရှိုးနဲ့...။
နောက်ကနေ တပြုံကြီးရောက်လာပီး ပေါက်တတ်ကရလုပ်ကြတော့တာ...။
သေရော...။ ကောင်မလေးက ကြိုက်ချင်ရင်တောင် နောက်နေတာလား အတည်လား ဖြစ်ဖြစ်သွားတာ...။
အဲ... ဒီနှစ်ကျမှ ဒီစိတ်ကူးလေးပေါ်လာတော့ မဖြစ်ဖြစ်အောင် ကြံရတော့မှပေါ့နော်...
ဒါနဲ့ အတန်းထဲက ကောင်မလေးတွေကို ဇကာစစ်ချလိုက်တယ်....။
...........................
(၃)
ကေသွယ်...ဆိုတဲ့ကောင်မလေးက ရုပ်ကလေးက ချောတယ်၊ စကားပြောကြည့်တော့ မဆိုးဘူးပဲ...။
အဲ..လမ်းလျှောက်ရင်သာ အဖွားကြီးလိုလျှောက်တာ...။ သွားပွားကြည့်တော့ အဆင်ပြေသား...။ သူ့သူငယ်ချင်းကလည်း အပို့ကောင်း....။ မှတ်ထားလိုက်ဦးမယ်...

သီတာ.... ဒီကောင်မလေးက တော်တော်လှတာ..။ လီဟန်နီလို ရုပ်မျိုး...။ ဆံပင်ကလည်း တင်ပါးကို ကျော်နေတာ... သိပ်ကြည့်လို့ရင်တာ...။ အေးကလည်း အေးပါ့။ သွားစကြည့်တော့ ရီနေတော့တာပဲ...
ဖြစ်ချင်တော့ သူ့ကိုလည်း ဘဲတပွေက အသေကြိုက်။ လျှောက်လွှာတွေပါတွေတင်...။ သူကလည်း မကြိုက်...။ ကိုယ်ကလည်း ဘော်ဒါဖြစ်နေ...။ ကြားနဲနဲဝင်ပေးထားလိုက်ရတယ်...။ ဒါလေးလည်း မှတ်ထားလိုက်မယ်...။

ကြည်ပြာ... ဒီကောင်မလေးကကြတော့ ချောတော့ ချောသား... ဒါပေမယ့် ဟိုဘက်အခန်းက၊ မဆိုးဘူးဆိုတဲ့အထဲပါတယ်...။ နဲနဲလေး ကြွားကောင်းတာပေါ့...။

အိုကေ.... ကိုယ့်ရဲ့နောက်ဆုံးစာရင်းထဲမှာ ဒီသုံးယောက်ကျန်တယ်...။
အိမ်ရောက်တော့ ရည်းစားစာလေး စပယ်ရှယ်ရေးထားလိုက်တယ်...။ မနက်ကျရင် ပေးမယ်ပေါ့....။ အားပါး...ရင်ခုန်လိုက်ရတာ...။
........................
(ဆက်ရန်)

Monday, April 7, 2008

ဘလော့မရေးဖြစ်ရခြင်း...

ဘလော့လေး မရေးဖြစ်တာ နဲနဲကြာသွားတယ်...
အဓိက ကတော့ အလုပ်ရှာတဲ့ဖက်ကလေး...နဲနဲဦးစားပေးလိုက်လို့ပါ...
စတေးက တစ်လလောက်ပဲ ကျန်တော့တဲ့အချိန်မှာ အလုပ်ကလည်း ရှာလို့မရသေးတော့ ဒီဘက်ကို သိပ်မလှည့်နိုင်ဘူးဖြစ်နေတယ်...
မရေးနိုင်သေးပေမယ့်လည်း လာလည်တဲ့သူတွေကိုတော့ ပြန်သွားလည်ဖြစ်ပါတယ်...
နောက်တစ်ချက်က ... ကျွန်တော့်ဘလော့ကလေးကို ပြင်နေတာလည်း ပါတာပေါ့နော်...
သူများဘလော့လေးတွေ ကြည့်ရင် လှနေပြီး...ကျွန်တော်ဟာက ခေတ်ဟောင်းထဲမှာပဲ ကျန်သလိုလေး ခံစားနေရလို့ပါ...
အခုတော့ နဲနဲပြင်ထားတယ်...ပိုပဲလှလာသလား...ပိုပဲဆိုးသွားသလားတော့ မသိတော့ပါဘူး...
အဲ...သီချင်းကတော့ မလာတော့ဘူး...ဘာဖြစ်လဲမသိ...သိရင်လည်း ၀င်ပြောပေးကြပါဦး...
အိမ်မှာက တူမလေးကလည်း ဘလော့တွေ ၀ါသနာပါတာလေ... သူနဲ့ကိုယ်နဲ့ လုသုံးရင်းက တချိုကအကောင့်တွေမှာ နံမည်က သွားတူနေတော့ အဲဒါကြောင့်များလားပဲပေါ့...
နောက်တစ်ခုက သူများဘလော့တွေကို လိုက်ဖတ်နေရတာနဲ့တင်...ကိုယ်မှာရေးဖို့အချိန်က မရှိသလောက်ဖြစ်သွားတယ်...
သူများဘလော့လေးတွေမှာဆို အကြောင်းအရာလေးတွေကလည်း သစ်လို့ဆန်းလို့...
ချကျွေးထားတာတွေလည်း များလို့...ဒါတွေလိုက်စားရင်ကကို..ကိုယ်တိုင်ရေးတဲ့ဆီ မရောက်ဘူးဖြစ်နေတယ်...
ဘာပဲဖြစ်ဖြစ်ပေါ့နော်...တစ်ပတ်ကို တစ်ခုလောက်တော့ အနဲဆုံးရေးဖြစ်အောင် ကြိုးစားရမှာပဲ...
ဒါကလည်း ဘလော့သမားရဲ့ဒုက္ခ... ချိုမြိန်တဲ့ဒုက္ခလေးပေါ့ဗျာ...

Tuesday, April 1, 2008

လောလောဆယ် ဟစ်ဖြစ်နေတဲ့သီချင်းလေး....

သီချင်းလေးတစ်ပုဒ်...

အလွမ်း....

အလွမ်း.....တဲ့။
တခါတလေ စဉ်းစားမိတယ်....
သတိယတယ်...အောက်မေ့တယ်...ဆိုတဲ့ စကားလုံးတွေ ရှိရဲ့သားနဲ့
အလွမ်း...ဆိုတဲ့စကားလုံးကို လူတွေဘာလို့သုံးကြတာလဲ...လို့ပေါ့။
အဲဒီ အလွမ်းဆိုတာကကော ဘယ်ကစသလဲ...။
အလွမ်းဆိုတာက ဘာလဲ...ပေါ့။
သေချာတာတစ်ခုကတော့...
အလွမ်းဆိုတာ...သတိယခြင်း..အောက်မေ့ခြင်းထက် ပိုတာပါပဲ..။
ငါ့အတွက်ကော အလွမ်းဆိုတာ ဘာလဲ..။
ဒီလိုလေးတွေးကြည့်တယ်...
အလွမ်းဆိုတာ ချစ်ခြင်းရဲ့ ပွင့်ဖတ်လေးတွေလား...လို့။
ချစ်ခဲ့ခြင်းရဲ့နောက်ကွယ်မှာ အလွမ်းတွေလည်း ရှိတာပါကလား...
မချစ်ပဲနဲ့တော့ လွမ်းလို့ဘယ်ရမလဲနော်...
တော်ရုံတန်ရုံလောက်နဲ့တော့ မလွမ်းလောက်ပါဘူး...နော်။
ငါ့အတွက်တော့....
အချစ်ဆိုတာ..အလွမ်းနဲ့ထွန်းညှိထားတဲ့ မျှော်လင့်ခြင်းမီးအိမ်လေးပဲ...။
ငါ့ရဲ့အချစ်ဟာ အလွမ်းနဲ့ပွင့်တဲ့ ပန်းကလေးပဲ...။
မျှော်လင့်ခြင်းများစွာနဲ့ ချစ်ခဲ့ပြီးမှ မဆုံနိုင်အောင် ဝေးနေရတယ်...။
တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်ချစ်ခဲ့ကြပေမယ့်...
ကမ်းလက်တွေ လှမ်းမမှီနိုင်သေးဘူးလေ...။
မဆုံနိုင်ကြတဲ့ဘ၀မှာ အလွမ်းဆိုတာကပဲ ငါတို့အတွက် ဖြေသိမ့်စရာ...။
အလွမ်းတွေကို ပွေ့ဖက်ရင်းကပဲ မနက်ဖြန်ကို မျှော်လင့်ရတယ်...။
ငါတို့ရဲ့အချစ်က အလွမ်းတွေရဲ့အနောက်မှာ မှုန်ဝါးသွားရတော့မှာလား...။
မဟုတ်သေးဘူးနော်...။
အလွမ်းတွေနဲ့ရစ်ပတ်ရင်း ချစ်ခြင်းတွေ ရှင်သန်လာရမှာ....။
ဟုတ်တယ်နော်...။
ချစ်သူရေ....
မဆုံနိုင်ခြင်းတွေနဲ့ ဝေးကွာနေရပေမယ့်...
အလွမ်းတွေနဲ့ပွေ့ဖက်ရင်း...
ဆုံနိုင်မယ့်တစ်နေ့ကို မျှော်လင့်ကြရအောင်နော်...။

Monday, March 31, 2008

ဘလော့ပိုးလေး...ဘယ်ကစ...

ကျွန်တော့်အတွက် ဘလော့ပိုးလေး စခဲ့တာ သိပ်တော့ မကြာလှသေးပါဘူး.....
၂၀၀၇ အောက်တိုဘာလောက်မှ စခဲ့တာ....
ဘလော့ပိုးလေး စတင်ခြင်းရဲ့ တရားခံကတော့ ဆရာဝေဖြိုးထွဋ်ပဲ ဖြစ်ပါတယ်...
ဝက်ဘ်ဒီဇိုင်းသင်တန်းစတက်တဲ့ ပထမဆုံးနေ့မှာပဲ... ဘလော့ဆိုတာ စကြားရတော့တယ်...
အဲဒီဆရာလေးက အင်တာနက်အကြောင်း ပြောရင်းက ဘလော့ဆိုတာလေး ကြားရတယ်...
ဘလော့ဆိုတာ ဘာညာပေါ့...။
ပထမဆုံးစကြည့်ဖူးတဲ့ဘလော့က www.madyjune.blogspot.com ဗျ..။
နောက်တော့ www.mghla.blogspot.com ပေါ့ဗျာ...။
ဘလော့လုပ်ကြည့်ပါ...ပြောတော့ စစမ်းကြည့်တယ်...။
ဒီအတိုင်း ဘလော့လေး စဖွင့်ပြီး ဘာရေးရမှန်းမသိဖြစ်နေတယ်....။
ဒါနဲ့ သူများဘလော့တွေ ၀င်ကြည့်တာပေါ့....။
အဲဒီမှာပဲ ဘလော့ဆိုတာ ဒီလိုပါလား...။ မိုက်တယ်...။ ငါလည်း ရေးဦးမယ်ဆိုပြီး ဖြစ်လာတယ်..။
နဂိုကမှ စာဖတ်ဝါသနာပါပြီး...ရေးချင်နေတာနဲ့ အတော်ဖြစ်သွားတယ်...။
ဟိုဟာလေး ဒီဟာလေးရေးလိုက် .. သူများဘလော့လေးဝင်ကြည့်လိုက်ပေါ့....။
တခါကျတော့ ကျွန်တော့်စက်မှာ ဗိုင်းရပ်စ်လေး ကိုက်တာနဲ့ နဲနဲအော်လိုက်တယ်...။
ကူညီကြပါဦးပေါ့...။ အား... အဲဒီမှာ ၀င်ပြီးအကြံပေးကြတယ်ဗျ...။
ငါလည်း ဖြစ်ဖူးတယ်ကွ....။ ဒီလိုလုပ်လိုက်တာ ကောင်းသွားတယ်...။
ဒီလူကြီးကတော့ ဒီလိုလုပ်တယ်ကွနဲ့ လင့်လေးတွေပေးကြတယ်...။
အော်...ဘလော့မှာလည်း ဒီလိုချစ်စရာကောင်းတာလေးတွေ ရှိပါလားပေါ့....။
နောက်ပီး...သူများဘလော့တွေ ကြည့်ရင် အမြဲအသစ်အသစ်တွေနဲ့...ဆိုတော့
ကိုယ်လည်း ကိုယ်ဘလော့လေးကို အသစ်အသစ်တွေရေးဖို့ တာဝန်က ပိုလာပြန်ရောပေါ့...။
အဲ...ဆီဗုံးလေး ရပြန်တော့လည်း အဲဒါလေး စောင့်စောင့်ဖတ်ရတာကိုက အရသာ...။
ဒီလိုနဲ့ပဲ....
ဘလော့ဆိုတာ စိတ်ရဲ့အဆာ.....
တင်းကျပ်မှုတွေ ဖေါက်ကွဲရာ....
လိုအပ်ခြင်းတွေ ဖြည့်ဆည်းရာ...
ခံစားမှုတွေ မျှဝေရာ....
.................................
................................
ဒါလေး...ဒါလေးတွေကြောင့်ပဲ...
ဘလော့ဆိုတာလေးကို ချစ်တတ်ခဲ့လာတော့ပါရောလား.....။ ။

Wednesday, March 26, 2008

၂၀၀၈ ဆိုတာ.....

၂၀၀၈ ရောက်တာ ဘယ်လိုသိတုန်း
(၁) သင်ဟာ မိုက်ကရိုဝေ့မီးဖိုမှာ password ရိုက်ထည့်နေမိလိမ့်မယ်...

(၂) ဖဲကို တကယ့်ဖဲချပ်နဲ့ မရိုက်ဖြစ်တာ အတော်ကြာပီ...
(၃) မိသားစုသုံးယောက်ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် ၁၅ခုရှိနေမယ်...
(၄) ခုံချင်းကပ်နေတဲ့လူဆီ စကားပြောချင်ရင် အီးမေးလ်ပို့တယ်...
(၅) သူငယ်ချင်းတချို့ အမျိုးတချို့နဲ့ အဆက်အသွယ်ပြတ်သွားရခြင်းက သူတို့မှာ အီးမေးလ်မရှိလို့...
(၆) ကားကို ဂိုဒေါင်ထဲထည့်ပီး အိမ်ကလူကို ၀ယ်လာတဲ့ပစည်းလာသယ်ဖို့ မိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်မယ်...
(၇) တီဗီမှာလာသမျှ ကြော်ငြာတွေအောက်မှာ ၀က်ဆိုဒ်လိပ်စာ ပါနေတယ်...
(၈) သင့်ဘ၀ရဲ့ ပထမဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်လောက် သင်နဲ့အတူတူမရှိခဲ့တဲ့ hand phone အိမ်ကအထွက်မှာ ပါမလာတာနဲ့ သင်ဟာထိတ်လန့်ပီး နောက်ပြန်လှည့်ပီး အမြန်ပြန်ယူတော့တာပဲ...
(၁၀) အိပ်ရာက နိုးလာတာနဲ့ ကော်ဖီမသောက်ခင် အင်တာနက်ပေါ် အရင်တတ်တယ်...
(၁၁) တဖက်လှည့်ပြီး စပြုံးတော့မယ်...
(၁၂) ဒါကိုဖတ်ပြီး ပြုံးကာ ခေါင်းငြိမ့်နေမယ်...
(၁၃) ပိုဆိုးတာက ဒီmessage ကို ဘယ်သူဆီ forward ရမလဲ စဉ်းစားနေပီ..
(၁၄) အလုပ်များလွန်းလို ဒီစာမှာ နံပါတ်ကိုး မပါတာတောင် မသိဘူး...
(၁၅) အဲမယ်.. နံပါတ်ကိုး တကယ်မပါဘူးလားဆိုပီး အပေါ်ကစာကို ပြန်ဖတ်နေပီ...
ပြောပါတယ်...... ၂၀၀၈ ... ရောက်နေပီလို့....

အီးမေးလ်က ရတဲ့ဟာလေး ပြန်ရှဲလိုက်တာ... နဲနဲနီးစပ်တယ်ထင်လို့....

Sunday, March 23, 2008

အံသွားများ တွန့်ကြေခြင်း

အဲဒီညချမ်းလေးမှာပေါ့....။
အပြင်ကပြန်ရောက်တော့ (၈း၃၀) နေပြီ...။
ဒီည ပွဲကြီးပွဲကောင်းရှိတယ်လေ...။
လီဗာပူးနှလုံးသားတို့ ဆုံရပ်ကို သွားကြည့်လိုက်တယ်...။
လူစာရင်းနဲ့ဂိုးခန့်မှန်းပွဲကို သွားပြိုင်ကြည့်လိုက်တယ်...။
ပြီးတော့ စည်သူနဲ့ ကိုမိုးဝေကို ပေးမလိုလိုနဲ့ မပေးဖြစ်တဲ့ လီဗာပူး တီရှပ်လေးကို ၀တ်လိုက်တယ်..။
ပိုက်ဆံအိတ်နဲ့ ဟမ်းဖုန်းလေးကို ကောက်ကိုင်ပြီး ဘောလုံးပွဲကြည့်ဖို့ footcourt ကို သွားလိုက်တယ်....။
ရန်ကုန်မှာ မကိုင်နိုင်ခဲ့တဲ့ အဲဒီလက်တ၀ါးစာအရာဝတ္တုလေးရဲ့ အသုံးဝင်မှုက တော်တော်တာသွားတာပဲ...။
footcourt ကို ရောက်တော့ နေရာတောင် သိပ်မရှိတော့ဘူး...။
ကော်ဖီအေးတစ်ခွက်ကို တစ်ဒေါ်လာပေးဝယ်ပြီး လွတ်တဲ့နေရာလေးမှာ ၀င်ထိုင်လိုက်တယ်...။
ဘေးဘီကို လှမ်းကြည့်လိုက်တော့ မြန်မာလေးယောက်ကို တွေ့တယ်...။
သိတယ်ဟုတ်...မြန်မာဆိုရင် မန်ယူပရိသတ်ဆိုတာ တော်တော်သေချာနေတာပဲ...ဟုတ်။
ဘေးနားက တစ်ယောက်ကို လှမ်းမိတ်ဖွဲ့လိုက်တော့ စင်ကာပူဖြစ်နေတယ်...။
စင်ကာပူဆိုတာနဲ့ လီဗာပူးပရိတ်သတ်ဆိုတာ သေချာနေပီ...ဟုတ်။
ရှိစုမဲ့စု စကားလုံး အကျိုးအပဲ့တွေနဲ့ ကသောင်းကနင်း စကားပြောရင်း လီဗာပူးပွဲကို ကြိုခံစားကြည့်တယ်...။
တီဗွီကလည်း တခြားလိုင်းတွေ ပြနေတယ်...။ ပြန်ချိန်လိုက်တော့ လူစာရင်းတောင် မမြင်လိုက်ရဘူး...။
ဘောလုံးသမားတွေ ကွင်းထဲရောက်နေပီ...။

စပါပြီ....။

ဟိုက်...လီဗာပူးက အဖြူရောင်ဝတ်ထားပါလား...။
စကစားတယ်ဆိုရင် လီဗာပူးက အမှားနဲနဲစလုပ်တာ တွေ့ရတယ်...။
အိုး...မန်ယူက အပြောင်းအလဲတချို့လုပ်ထားပါလား...။
အီဗရာက ဘယ်နောက်ခံမှာ ကစားပြီး ဘရောင်းက ညာနောက်ခံမှာ ၀င်ဆော့တယ်...။
အီလန်းဗန်းကပြောတော့ ဗီဒစ်မပါဘူးဆိုပြီး အခုတော့ ဖာဒီနန်နဲ့တွဲလို့ပါလား...။
လီဗာပူးကတော့ ခါတိုင်းလိုပဲ...
တောရက်စ်ကို အထောင်ထားပြီး ဂျရက်က နောက်ချန်တိုက်စစ်မှူး...။
ကူရစ်ကတော့ ညာတောင်ပံဆင်းဆော့တယ်....။
တခါတလေ အားမရတာ အဲဒါပဲ...။
တောင်ပံနှစ်ဖက်ကို အားကောင်းကောင်း ဆော့ပါလား...။
ဒီဘက်မှာ ဘာဘယ်ဆို...ဟိုဘက်မှာ ပီးနန့်လောက် ထည့်ကစားပါလား..။
အလယ်မှာ မာရှေရာနိုနဲ့ အလွန်ဆိုက အဖျက်ဆော့တာတော့ ကြိုက်ပါတယ်...။
နောက်မှာ ဟစ်ပီယာကြီးမထည့်ပဲ စတာတယ်ကို ထည့်ထားတယ်...။
ဟစ်ပီယာကြီးက အတွေ့အကြုံပိုရှိတယ်လေ...။
မန်ယူတောင် ပေါစခိုးလ် နဲ့ ဂစ်ကို ကစားခိုင်းထာတာပဲ...။
ဒီလိုနဲ့ ကစားလာလိုက်တာ... လီဗာပူးက အပေးအယူတချို့ မှားယွင်းနေတယ်...။
(၁၁) မိနစ်မှာ မာရှေရာနို အ၀ါကတ်ရတယ်...။
မာရှေရာနို တော်တော်ပေါက်ကွဲသွားတယ်...။ ဒိုင်လူကြီးကို လှမ်းဆဲတာ တွေ့လိုက်ရတယ်။
(၃၄) မိနစ်မှာ မန်ယူက ဂိုးစရတယ်...။
အရမ်းတင်းတယ်...။ ဂိုးသွင်းတာ ဘရောင်းတဲ့....။
ဒီဂိုးကတော့ လီဗာပူးနောက်တန်းက ပေါ့လို့ ပေးလိုက်ရတဲ့ ဂိုးပဲ...။
ညာဘက်ထောင့်ကို ဘောလုံးကျွံသွားတာ ဖိဖိစီးစီးလိုက်မဖျက်တော့
ရွန်နီ အသာလေးမပေးတာကို ဘရောင်းက ခေါင်းဝင်တိုက်ပီး သွင်းသွားတာလေ...။
အိုကေသေးတယ်...။
ဆက်ကစားရင်း (၄၃) မိနစ်မှာ တောရက်စ်ကို အ၀ါကတ်ပေးတယ်....။
အဲဒီအချိန်မှာ မာရှေရာနိုက ပြေးလာပြီး ဒိုင်ကို စောဒက တက်တယ်...။
ချက်ချင်းပဲ ဒိုင်က မာရှေရာနိုကို အ၀ါကတ် ထပ်ပြပြီး နှစ်ဝါတစ်နီနဲ့ ထုတ်လိုက်တယ်...။
ဒါက ဒီပွဲရဲ့ အဖြေတစ်ခုလို ဖြစ်သွားတယ်...။
ရှေ့မှာ မန်ယူရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှု တချို့ကို ဘာမှမပေးပဲနဲ့...
ဒါပဲ....
ဒီလိုပွဲမျိုးမှာ တစ်ယောက်လျော့သွားတာက တကယ့်အားနည်းချက်ပဲ...။
ပထမပိုင်း ပြီးသွားတယ်...။
လီဗာပူးရဲ့ ကွင်းလယ်အဖျက်နှစ်ယောက်က တစ်ယောက်လျော့သွားပြီ...။
ဘယ်သူနဲ့အစားထိုးမလဲ...။
မန်ယူက ကွင်းလယ်အဖျက်မှာ ကားရစ်၊ ပေါလ်စခိုးလ်၊ အန်ဒါဆန်...သုံးယောက်တောင် ထားကစားထားတာ..။
ဒုတိယပိုင်းစတော့ လီဗာပူး အပြောင်းအလဲမလုပ်သေးဘူး..။
မန်ယူက ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကို ဒိုင်က လစ်လျူရှုထားတယ်...။
ဒီဒိုင်...မန်ယူကို မျက်နှာသာ ပေးလွန်းတယ်...။
ဒါကိုကပဲ ဒီပွဲရဲ့အဖြေပဲ...။
ဘာဘယ်ကို ထုတ်ပီး.. ဘီနာယောင်ကို ထည့်တယ်...။
မန်ယူက တီဗက်...နာနီကို ထည့်တယ်...။
ခဏနေတော့ ရော်နယ်ဒို...တစ်ဂိုးသွင်းတယ်...။
နာနီထပ်သွင်းတယ်....။
ဒီလိုပွဲမှာ ဂိုးသွင်းနိုင်တာကိုများ ကျွမ်းထိုးပီး အောင်ပွဲခံနေသေးတယ်...။
ရှက်ဖွယ်လိလိ...။
ပွဲပြီးသွားတယ်....။
လီဗာပူး ရှုံးသွားတယ်....။
ဘာဖြစ်လဲ...
ဒိုင်သတ်လို့ သေခဲ့ရတဲ့ပွဲပဲ...
လွမ်းစရာမရှိဘူး...။
တင်းတယ်...။
အရမ်းတင်းတယ်....။
ရင်ထဲမှာ ၀ုန်းဒိုင်းကြဲနေတယ်....။
မမgr8 ကို လှမ်းပီး ရင်ဖွင့်လိုက်တယ်...။
သူလည်း ပေါက်ကွဲနေတယ်...။
သိက္ခာရှိရှိ ရှုံးနိမ့်ခြင်းပဲ....။

ဘန်းနက်မှုတ်ငြိမ်းလိုက်တဲ့ ငါတို့ရဲ့ မီးအိမ်....
ဒိုင်သွင်းတဲ့ဂိုးနဲ့ ရှုံးနိမ့်ခြင်း...
..........................
..........................
ဒါတွေအားလုံးရဲ့ အဆုံးမှာ ငါ့အံသွားတွေ တွန့်ကြေကုန်ပီ....။

Wednesday, March 19, 2008

ပြန်လိုချင်တယ်....


စိုင်းထီးဆိုင်သီချင်းလေးလိုပေါ့ဗျာ....
ငယ်စဉ်က ကလေးတို့ဘ၀ကို ပြန်လွမ်းတယ်...
ဘယ်လောက်များ လွတ်လပ်လိုက်သလဲ...
ဘယ်လောက်များ အပူအပင်ကင်းလိုက်သလဲ...
ဘယ်လောက်များ ပျော်ရွှင်စရာကောင်းလိုက်သလဲ....
ဘယ်လောက်များ ငြိမ်းချမ်းလိုက်သလဲ...
ဒီလိုလေး ခံစားရတော့
ဒီလိုလေးလွမ်းရင်း...
ဒီလိုဘ၀လေး ပြန်ရချင်တော့တယ်...

လွမ်းတဲ့စွယ်တော်...

သူများတွေ ဓါတ်ပုံလေးတွေတင်တော့ ကိုယ်လည်း တင်ချင်လာတယ်...ကိုယ်က ပရိုမဟုတ်တော့ ဒီဂျစ်တယ်လေးနဲ့ပဲ ရိုက်နိုင်တာပေါ့နော်... ဒါတောင်မှ သူများဆီက ငှားရတာ... ဘာပဲဖြစ်ဖြစ်လေ....ဓါတ်ပုံကဓါတ်ပုံပါပဲ... အဓိက ကတော့ အတွေးလေးတွေပဲလေ....ဟုတ်တယ်ဟုတ်... အတွေးလေးကောင်းရင် ဓါတ်ပုံက ကြွလာတာပဲလေ...

ဒီပုံလေးကို လွမ်းတဲ့စွယ်တော်လို့ နံမည်ပေးထားတယ်...
အလွမ်းတွေနဲ့မပျော်....
ပန်းကလေးစွယ်တော်....
ပေါ့ဗျာ..။
စွယ်တော်ဆိုတာမျိုးက နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တာလေ...
ကျွန်တော်ရဲ့ စွယ်တော်လေးကတော့
ချစ်သူကို လွမ်းလို့ ခပ်နွမ်းနွမ်းလေး ဖြစ်နေတာဗျာ...
ခင်ဗျားတို့ ခံစားနိုင်မယ်ဆို သူ့ရဲ့မျက်ရည်လေးတွေကို မြင်ရမှာ...

Tuesday, March 18, 2008

ကြိုးကြာနီတို့ တွန်ကျူးသံ...



လီဗာပူးရဲ့ အောင်မြင်မှုအကြောင်းလေးပါ...ဘလော့မရေးအားတဲ့အချိန်မှာ ဒါလေးခဏတင်ထားတယ်... ခွင့်လွှတ်ကြနော်...

Friday, March 14, 2008

မွေးနေ့ရောက်ပီ....

Wish 4 My Birthday and Click my photo 4 take a food as u like and as u can.....



မွေးနေ့ရောက်ပီ....
အသက် (၂ရ) နှစ်ပြည့်တာပါ...
မွေးနေ့ကို လာကြသူတိုင်းကို ကျေးဇူးတင်ပါတယ်...
ဆုမွန်ကောင်းလေးတွေ တောင်းပေးကြပါဦးနော်...
အဲဒီမှာ စားချင်တာလေးတွေ ယူစားကြနော်...
လက်ဆောင်လေးတွေလည်း ပေးထားခဲ့ကြ...
ဖယောင်းတိုင်းလေးတွေလည်း ၀ိုင်းမှုတ်ပေးကြ...

အားပါး...ပျော်လိုက်တာ...

မွေးနေ့တောင်ရောက်ပါတော့မှာပါလား






သြော်....
ဘာလိုလိုနဲ့ မွေးနေ့တောင်ရောက်တော့မှာပါလား....
မနက်ဖြန်ဆိုရင် ကျွန်တော်မွေးနေ့....
အသက်တွေ တစ်နှစ်ကြီးတော့မှာပါလား...
မနှစ်ကတော့ သူငယ်ချင်းတွေနဲ့ ပျော်ဖြစ်တယ်..
ဒီနှစ်တော့ စင်ကာပူကို ရောက်နေတယ်လေ..
အလုပ်ကလည်း မရသေးတော့ ပိုက်ဆံလည်း သိပ်မသုံးရဲသေးဘူး...
ကျွန်တော်နဲ့ ကျွန်တော်ကောင်မလေးက တစ်လထဲမွေးတာ...
သူကတော့ ငယ်တာပေါ့ဗျာ...
ကျွန်တော်က မတ်လ (၁၅) ရက် ... ၁၉၈၁ ခုနှစ်
ဆိုတော့ (၂၇) နှစ်ပေါ့နော်...
သူက မတ်လ (၁၈) ရက်...၁၉၈၅ခုနှစ်
ဆိုတော့..(၂၃)နှစ်ပေါ့...
ကျွန်တော့်ရဲ့မွေးနေ့မှာ ကျွန်တော်ဆီကိုလာလည်သူတိုင်းကို
အင်း...ဘာကျွေးရမလဲ...
ဘာစားချင်ကြမလဲမသိဘူးနော်....
အစားအသောက်က အဓိကမဟုတ်ဘူးမှတ်လား...
ဟဲဟဲ...
မွေးနေ့ဆုတောင်းလေးတွေ တောင်းပေးကြနော်...
အလုပ်ရအောင်ရောပေါ့...
ကျေးဇူးသေလုအောင်တင်ပါတယ်ဗျာ....
ဆီပုံလေးမှာ ၀င်ရေးသွားကြနော်...

Wednesday, March 12, 2008

ပျော်လိုက်တာ....

ဟိုးဟိုး.....
ဒီနေ့သိပ်ပျော်တာပဲ....
သူများအတွက် လွယ်ပေမယ့် ကျွန်တော့်အတွက် ခက်နေတာလေး လုပ်လို့ရသွားတယ်...
ပြက္ခဒိန်လေးရယ်...
နာရီလေးရယ်...
ဗွီဒီယိုလေးရယ်...
တင်လို့ရသွားပီ....
ပီးတော့ နောက်ဆိုရင် ပြင်လို့ရမယ့် လင့်ကလေးလဲ ရသွားပီ....
ပျော်တယ်...
လိုချင်တဲ့သူတွေလည်း ယူကြ...
ကိုယ်လည်း သူများဆီက ယူထားတာ...
ဟိုးဟိုး....
ပျော်လိုက်တာ....

ဒီဇာတ်ကားလေး ကြည့်ချင်တယ်


ဒီကားဗျာ...
အရမ်းလန်းမှာ...
step up 1 တော့ကြည့်ဖူးတယ်.....
ဒီမှာဗျာ...ရုပ်ရှင်ကြည့်ရင်ဗျာ...(၈) ကျပ်...
အားပါးပါး...
မြန်မာငွေနဲ့တွက်ကြည့်..
စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ(၈၀၀) ပဲထား....
၆၄၀၀ ဖြစ်နေပြီ....
ကျွန်တော်လို ရုပ်ရှင်ဝါသနာအိုးအတွက်
တင်းစရာပဲ.....
ဒါလေးတွေပဲ လိုက်မြည်းနေရတယ်....

http://vids.myspace.com/index.cfm?fuseaction=vids.individual&videoid=2078202244

Saturday, March 8, 2008

terroist တစ်ကောင် လွတ်နေတယ်...



ဒီမှာဗျာ...
တကယ့် terroist တစ်ယောက်လွတ်နေတာ တစ်ပတ်တောင်မကတော့ဘူး.....

အခုထိ ဖမ်းလို့မမိသေးဘူး။
ဒီကောင်က တကယ့်အကောင်ဗျ...
ဒီကလေဆိပ်ကို ဖျက်ဖို့လာတဲ့အကောင်ဗျ...
စင်ကာပူကောင်တွေ တော်တော်ဒုက္ခရောက်နေကြတယ်...
ဒီမှာက လုံခြုံရေးသိပ်ကောင်းတယ်ဆိုပီးတော့မှ
၂၀၁၀ အိုလံပစ် ကျင်းပခွင့်ရလို့မှ မကြာသေးဘူး...ဒီကောင့်အကြောင်းက ပေါ်လာတော့တာပဲ

နေရာတိုင်း ဒီကောင့်ပုံလိုက်ကပ်ထားတယ်ဗျ...

တွေ့ရင်ချက်ချင်း ရဲကိုခေါ်လိုက်ပါပေါ့ဗျာ...
ဒီကောင်ကြောင့် ကျွန်တော်တို့လို့ stay သမားတချို့ ဒုက္ခရောက်ရတယ်ဗျ...
ဘာလို့လဲဆိုတော့ extend ထပ်မရကြတော့ဘူးလေ..
ကျွန်တော်တို့နဲ့အတူလာတဲ့ အစ်ကိုဆို stay တစ်လပဲရတာ..ထပ်တိုးလို့မရတာနဲ့ ပြန်သွားရတယ်...
ဒီကောင်အကြောင်း သိချင်ရင် အောက်ကလင့်တွေမှာ ၀င်ကြည့်လို့ရတယ်...
http://www.youtube.com/watch?v=Av3burf7iwI&feature=related
http://www.youtube.com/watch?v=xZCmxHJWFbY&feature=related
http://www.youtube.com/watch?v=1yGis0bS7X8&feature=related
http://www.youtube.com/watch?v=JCnPlLD0yPc&feature=related
http://www.straitstimes.com/Latest%2BNews/Singapore/STIStory_212136.html

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..