Tuesday, April 29, 2008

ဘောလုံးစကား (၁)

ဘောလုံးစကားပြောကြရအောင်....
ဒီလိုလေ...
ကျွန်တော်တို့ ဘောလုံးကန်ရင်းနဲ့ ပြောဖြစ်တဲ့ စကားတွေက
တွေးကြည့်ရင် ဘ၀အတွက်လည်း အသုံးဝင်တယ်ဗျ...
ယူတတ်ရင် ရတယ်...ဆိုသလိုပေါ့ဗျာ...

ခေါင်းမော့ထား......
ဘောလုံးကန်ရင် ခေါင်းမော့ထားဆိုပီး လှမ်းလှမ်းအော်ကြတယ်...
ဘာလို့လဲဆိုတော့ ခေါင်းငုံ့ပီး ဘောလုံးပဲ ကြည့်ရင် လူကိုမမြင်ရဘူးလေ...
လူကို မြင်မှ ပေးလို့ရမှာပေါ့....အကွက်ဆင်လို့ရမယ်...ကြပ်နေရင်လည်း လူကြည့်ပြီး ကစားလို့ရမှာ...

ဒီလိုပဲလေ...
ဘ၀မှာလည်း ကိုယ်နေရာလေးထဲမှာပဲ အဟုတ်ကြီးထင်နေလို့မရဘူးလေ...
ခေါင်းမော့ရမယ်.... ပတ်ဝန်းကျင်ကို ကြည့်ရမယ်...
ပတ်ဝန်းကျင်က ဘာဖြစ်နေပီလဲ...ငါကကော ဘယ်လိုပြင်ဆင်ရမလဲ...
ကိုယ့်နေရာလေးမှာပဲ ရပ်နေလို့ မရဘူးလေ...
ခေတ်က တောင်းဆိုတာကို အမှီလိုက်ရမယ်... ကိုယ်က လိုနေရင်လည်း ပြင်ဆင်ရမယ်..
သူများတွေကော ဘယ်လိုလုပ်လို့ ဘယ်လိုအောင်မြင်နေတယ်...
ဘယ်လိုဖြစ်လို့ ကျရှုံးနေတယ်ဆိုတာကို သိဖို့ ... ခေါင်းမော့ထားမှ ... ရမှာ
ဟုတ်တယ်ဟုတ်....

နောက်တစ်ခုက...
ဘ၀ဆိုတာကြီးက တိုက်ပွဲကြီးပဲလေ.... နေတိုင်းကို တိုက်နေရတာ...
တခြားသူတွေနဲ့ မတိုက်ရင်တောင်မှာ ကိုယ်ဟာကိုယ်ပြန်တိုက်နေရတာ...
ဟေ့ကောင်...မင်းအခု ဘာကောင်လဲ... မင်းဘာဖြစ်နေလဲ...
မင်းဘာတွေ လုပ်နိုင်ခဲ့ပီလဲ...ဘာတွေ လုပ်ရဦးမလဲ...
အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင်လည်း ခေါင်းမော့ထားရမယ်..အားတင်းထားရမယ်...
ဒါမှ ဖြစ်မှာ... မဟုတ်ရင်တော့ လဲသွားပီသာမှတ်...

Monday, April 28, 2008

အလုပ်ရပီဗျို့....

အလုပ်ရပီဗျို့.......
၂၆.၈.၂၀၀၈...မှာ အလုပ်ရတယ်ဗျို့....
အိုး...ရှာလိုက်ရတဲ့အလုပ်တွေ...
အခုတော့ ရပါပြီ...
http://www.richart.com.sg/ မှာ
ဘုရားရဲ့ကျေးဇူးပဲ...
တကယ်က သွားပီထင်နေတာ...
ပထမအင်တာဗျူး....အိုကေ...အလုံးကြီးကြီးတွေ ပစ်သွင်းလိုက်တယ်...
ဒုတိယအင်တာဗျူး...ကားရော...
လုပ်ခိုင်းတယ်ဗျာ...ဆိုက်အကြီးကြီး....photoshop 6 တဲ့.. illustrator 9 တဲ့..
ကြည့်တော့လုပ်လိုက်တာပဲ..သိပ်တော့ ဘ၀င်မကျဘူး...
တတိယအင်တာဗျူး... အလုပ်ရရော..
ဒါတောင် အင်တာဗျူးတဲ့လူက တရုတ်...စကားက တိုးတိုးပြော..နှုတ်ခမ်းကရောင်နေသေး...
မနဲလိုက်နားထောင်ရတယ်.... အလုပ်ခန့်ပီတဲ့... ပျော်လိုက်တာ...
အဲ...ပျော်လို့မှ မဆုံးသေးဘူး...
ဒီမနက်ကျ အလုပ်က ဖုန်းဆက်တယ်...
ပတ်စ်ပို့ကတဲ့ သက်တမ်းမလောက်ဘူးတဲ့...
အိုး... သက်တမ်းတိုးရဦးမှာ...
ဒီမှာက မဲပေးနေတာနဲ့ ၂၈-၂၉ ပိတ်တယ်ဗျ...
၃၀မှ သွားရမှာ... တုံကင်ယူရမယ်တဲ့... မနက် ၄ နာရီ...
ပိုက်ဆံပေးရမယ်တဲ့... ၃၀၀
အခွန်ပါဆောင်ရဦးမယ်တဲ့....
အားပါး..ခေါင်းကြီးရောပဲ...
သက်တမ်းက မေ ၈ ဆို ကုန်မှာ...
တော်တော်ကပ်နေပီ....
လုပ်ကြဦး...ဆုတောင်းပေးကြဦးနော်...
ထီပေါက်ပီး ထီလက်မှတ်ပျောက်နေဦးမယ်...
အိုး.... မောလိုက်တဲ့ စင်ကာပူ...
ဟူး... ခက်လိုက်တဲ့ စင်ကာပူ....

Tuesday, April 22, 2008

မိုးသည်းခိုက်...



သဲသဲလှုပ်မိုးတွေထဲ
လှိုင်းကြက်ခွပ်တွေထနေတဲ့
ကန်ရေပြင်က
တောင်ကမ်းပါးတွေကြားထဲ
မောပန်းလို့နေမလား....။

လေပြင်းရယ် သုန်သုန်ဖြိုး
မိုးစက်တို့သည်းထန်
ကောင်းကင်ယံမှောင်မှောင်မဲ
မိုးတွေကသည်း...။

မရီကြနဲ့နော်....


မြို့ပြလမင်းလေးပေါ့....

Friday, April 18, 2008

လွမ်းတယ်.....

ဒီစင်ကာပူကြီးရောက်မှပဲ...
ငါ့မှာ လွမ်းစရာ တော်တော်များလာတော့တယ်....
ပထမဆုံးလွမ်းတာ...နေပြည်တော်ရုံကြီးနဲ့ လမ်းဘေးက စီဒီဆိုင်တွေပဲ...
ဘာလို့လဲဆို.. ရုပ်ရှင်သိပ်ကြိုက်တာကိုးဟ..
ဒီမှာတော့...အွန်လိုင်းက ဟာတွေပဲ ကြည့်နေရတယ်....
ဈေးတွေကလည်း ကြီးပ...တစ်ခါကြည့်ရင် ရှစ်ကျပ်တဲ့....
အခွေတော့သွားမ၀ယ်ချင်နဲ့... အနည်းဆုံး ၂၀ ပဲ..
ငါသိပ်ကြိုက်တဲ့ ကြေးအိုးဆိုင်တွေကို လွမ်းတယ်...
ဝိုင်ကေကေအို..ဆိုပီးရော... ဒီမှာတော့ ရေသောက်ဖို့တောင် စဉ်းစားနေရတာ....
လမ်းဘေးက အကြွေစေ့ အအေးတွေတောင် တော်တော်စဉ်းစားဝယ်နေရတာ...
ပီးတော့ ရန်ကုန်က ကိုကိုစပယ်ယာတွေကိုလွမ်းတယ်...
ဒီမှာတော့ ကဒ်ကလေးရှိရင် ခရီးသွားရတာ အဆင်ပြေတယ်..
ဒါပေမယ့် ကဒ်ကလေးထဲ ပိုက်ဆံထည့်ထားဖို့တော့ လိုတာပေါ့နော်...
ကဒ်ထဲပိုက်ဆံမရှိလို့ကတော့ အော်ပီသာမှတ်...အရှက်ကွဲပီသာမှတ်...
ရန်ကုန်က shopping mall တွေကိုလည်း လွမ်းတယ်...
ဒီယောက်မှ ၀ယ်မယ်ဆိုပဲ အားခဲထားတာ...အားပါးသေရော...
ဈေးတွေက ကြီးလိုက်တာဆိုတာ.... ရန်ကုန်ကို ပြန်မှာရမလိုပဲ
ရန်ကုန်မှာဆို DL လေးဝတ်ရင်ကို တော်တော် စမတ်ကျနေပီ...
ဒီမှာတော့ တော်ရုံဟာတွေတောင် ၃၀-၄၀ လောက်ဖြစ်နေပီ....
discount ကျတဲ့အချိန်ပဲစောင့်နေရတာ...
ဒီမှာနေရတာ သိပ်အထီးကျန်တာပဲ....
ဘော်ဒါတွေနဲ့တွေ့ဖို့ဆိုတာလည်း...မလွယ်...အလုပ်ရတဲ့လူတွေက မအား...
အလုပ်မရသေးတဲ့လူတွေကလည်း ... မလာနိုင်... ရထားခ၊ ကားခ က ဈေးကြီးတာကိုးဗျ...
ဒီတော့ ဘာလုပ်ရလဲဆိုတော့... အင်တာနက်ကို ၀င်...ချက်တင်ထိုင်...
အိမ်ဖုန်းရှိရင် အိမ်ဖုန်းလှမ်းခေါ်...ဟမ်းဖုန်းတွေရှိပေမယ့်လည်း ဈေးကကြီးတာကိုးဗျ...
incoming free လုပ်တာရင်တော့ တမျိုးပေါ့ဗျာ...တနေ့ကို ပြား၆၀ ဖျက်တာဆိုတော့ နဲနဲတွက်ရတာပေါ့ဗျာ...
တခါတလေတော့လည်း pfingo လေးနဲ့ လှမ်းခေါ်ပေါ့ဗျာ...
ဒီရောက်တော့ ဘော်ဒါတွေ အားကိုးမလားလို့....သူတို့ကလည်း အချိန်မပေးနိုင်...
တချို့ဆိုရင်လည်း...သူတို့ကိုယ်တိုင်ကိုယ်က အလုပ်အသစ်ရှာနေကြတာ...
ကိုယ်နဲ့ကို အပြိုင်ရှာနေကြတာ....ကောင်းရော...
ဒီမှာတော့ ကောင်မလေးတွေက အလန်းလေးတွေပဲ....
တိုထားလိုက်ကြတာလဲ မပြောပါနဲ့....
အပေါ်နဲ့အောက် တခုခုတော့ ဖေါ်ကြတာပဲ....
ဒါပေမယ့်ဗျာ...ရုပ်တွေက မလာပါဘူး...တော်တော်ကိုရှားတာ...
ဒါကြောင့်ပဲနေမှာပေါ့နော်...လှမယ်ထင်တာလေးတွေ ထုတ်ထုတ်ကြွားတာ...
ဒီလိုဆိုတော့လည်း လှည်းတန်းက သူငယ်ချင်းဆိုင်ကို သတိ၇သားဗျ...
အားလို့ရှိရှင် လှည်းတန်းမှာသွားထိုင်ပီး...ငေးနေရတဲ့အချိန်တွေကို ပြန်လွမ်းသား...
ကဲ...ကဲ...
လွမ်းနေလို့တော့ မဖြစ်သေးဘူး....အလုပ်ရှာရဦးမယ်...
ကဲ..ချက်တင်လေး ခဏပိတ်...
အလုပ်ကလေးရှာ...အင်တာဗျူးအတွက် ပြင်လိုက်ဦးမယ်....
နောက်အားတဲ့အခါကျတော့ ထပ်တွေ့ကြတာပေါ့နော်...
ဆုလည်းတောင်းပေးကြဦးနော်.... စပယ်ရှယ်အလုပ်ကလေးရဖို့...

Friday, April 11, 2008

လွှတ်ချလိုက်ရတဲ့ အနမ်းတစ်ခု (၂)

နောက်တနေ့ရောက်တော့... ကျောင်းကို ရင်ခုန်စွာနဲ့ သွားတယ်...
ကျောင်းရောက်တော့ သီတာက လွဲရင် ကျန်တဲ့နှစ်ယောက်က ကျောင်းမတတ်ဘူးဗျ...
ဒါနဲ့ သီတာလေးအနား သွားထိုင်ပြီး စနေလိုက်တယ်...
ကျွန်တော်တို့က သင်္ချာကျောင်းသားတွေလေ...
ဆရာက စာသင်တယ်... သီတာကို နှစ်ခါ ရှိတ်ရင် အဖြေရတယ်...ဆိုတော့...
ကဲကဲ..ကြားလားလို့ပေါ့... သူကတော့ ရယ်နေတာပဲ...
ခဏနေတော့ စာအုပ်ကလေး လှမ်းယူပီး...စာလေးလှမ်းထည့်လိုက်တော့...ဘာမှမပြောဘူးဗျ...
ဟန်ဆောင်ပန်ဆောင်တောင် မငြင်းဘူး....
ဒီကအကောင်က မျှော်လင့်ထားတာကတော့.....
ရှက်ပြုံးလေးနဲ့ငြင်းမယ်ပေါ့....ဘာလုပ်တာလဲ...ဘာညာနဲ့
ဟင်္သာသံလေးနဲ့ မူမယ်လို့...ပေါ့...
အခုတော့ လူကို တစ်ချက်ပဲကြည့်ပြီး ခပ်တည်တည်အိတ်ထဲထည့်လိုက်တယ်...
............................
ဒီလိုနဲ့ပဲ ချစ်သူတွေ ဖြစ်သွားတယ်ပေါ့ဗျာ...
............................
သူငယ်ချင်းတွေကလည်း သဘောတူပါတယ်...
သူက ချစ်စရာလည်းကောင်းတယ်...ရိုးလည်း ရိုးတယ်...အေးလည်းအေးတယ်...လေ
ဒီလိုနဲ့ပဲ စလိုက်ပြောင်လိုက်နေလာရင်းက တရက်တော့ ကျောင်းစောစောပီးတာနဲ့
ရုပ်ရှင်သွားကြည့်ကြတယ်....
သူငယ်ချင်းတွေအဖွဲ့လိုက်သွားကြတယ်....
ရုံထဲရောက်တော့ သူနဲ့ကိုယ်နဲ့ ဘေးချင်းကပ်ထိုင်တယ်...
သူငယ်ချင်းတွေကတော့ ဟိုဘက်ဒီဘက် ခြံရံလို့ပေါ့...
အဲဒီမှာ စတော့တာပဲ...
ဒီကအကောင်က ချစ်သူတွေ ဆိုတော့ ယုယချင်..ကြင်နာချင်တာပေါ့...
ဒီတော့ သကြားလုံးလေးကို အသာနှစ်ပိုင်းခြမ်းပီး...သူ့ကို တပိုင်းလှမ်းကျွေးလိုက်တယ်...
သူငယ်ချင်းတွေ ဟားမှာလည်း စိုးတော့ တိတ်တိတ်လေး သူ့လက်ထဲ ထည့်ပေးလိုက်တယ်...
ဒါက သူက အသာခြေပီး လွှတ်ချလိုက်ပါရော....
သွားရော... ဒီကကောင် ရင်ဘတ်ကြီး အပူရှပ်သွားပါလေရော...
ဘယ်လိုမှ ခံစားလို့မရဘူးဗျာ...ရုပ်ရှင်ဘယ်လိုပီးသွားမှန်းကို မသိဘူး...
တကယ် အီလည်လည်ကြီး.....
.................................
ထားလိုက်ပါလေ... သူမသိလို့ လုပ်မိတာပဲပေါ့....
ဒီလိုနဲ့ စာမေးပွဲတွေနီးတော့ ကျူရှင်တက်ရရော...
သူကလည်း အလုပ်နဲ့...ကိုယ်ကလည်း အလုပ်နဲ့....
ကိုယ်က လှည်းတန်းမှာနေပီး...သူက မြောက်ဥက္ကလာမှာနေတယ်....
ညညဆို ကျူရှင်က ၉နာရီလောက်မှ ပီးတာ....
သူ့ကို ပြန်လိုက်ပို့ရင်ကိုပဲ ၉ နာရီကျော်နေပီ....
တခါတလေ ပြန်လာဖို့ ကားမရှိရင် လှမ်းပြန်လျှောက်ရတာ...
လှည်းတန်းရောက်ရင် ဈေးသက်သာတဲ့ ထမင်းဆိုင်တွေက ပိတ်ရော...
ခေါက်ဆွဲပြုတ်နဲ့ ညားရော....
.......................
ဒီလိုနေလာရင်းနဲ့ စာမေးပွဲကလည်း နီးလာတယ်....
စနေ၊ တနင်္ဂနွေလေး တွေ့ချင်တော့လည်း သူက မအားဘူးတဲ့....
ဒီတော့ စာအုပ်တစ်အုပ်ဝယ်ပြီး တစ်ယောက် တစ်ပတ်ဆီရေးကြတယ်...
ဒါလေးပဲ အလွမ်းပြေဖတ်ရတော့တယ်...
.......................
ဒီနေ့က ချစ်သူများနေ့.....လေ...။
ချစ်သူများနေ့ဆိုတော့ ချစ်သူကို ရင်ခုန်အောင် ဘယ်လိုလုပ်ရမလဲပေါ့....
ချစ်သူကို ချစ်သူများနေ့မှာ ဘာလက်ဆောင်ပေးရမလဲ....
စဉ်းစား.... စဉ်းစား.....စဉ်းစား...
အိုး...သိပြီ...
ချစ်သူကို ချစ်မြတ်နိုးကြောင်း အနမ်းနဲ့ သက်သေပြမယ်...
အနမ်းလက်ဆောင်လေးပေးမယ်....
အိုး...ဘယ်လောက်ရင်ခုန်ဖို့ ကောင်းလိုက်မလဲ....
.....................
ညနေ ကျူရှင်ပြီးတော့ သူ့ကို အိမ်ပြန်လိုက်ပို့တယ်....
ဒီနေ့တော့ တစ်မှတ်တိုင်လောက် ကြိုဆင်းလိုက်တယ်....
စကားလေးတွေ ပြောရင်းက အရှိန်လေးယူတယ်....
ရင်ဘတ်ကြီးဆိုတာလည်း မုန်တိုင်းထန်နေသလိုပဲ...
စကားသံလေးတွေတောင် တုန်လို့ ထစ်လို့...
သူကလည်း ရိတ်မိသလိုပါပဲ...
ကိုယ်စိတ်ထဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ပြီး....
ညငှက်ပိစိကွေးလေးတွေက ကိုယ့်တို့အတွက် တေးဆိုပေးနေသလိုပဲ...
အိုး... လေပြေကလည်း သိမ်သိမ်မွေ့မွေ့လေး တိုက်ခက်လို့...
လမင်းကလည်း သူရဲ့အပြာရောင်အလင်းတန်းတွေနဲ့ ကိုယ်တို့နှစ်ယောက်ကို လွှမ်းခြုံလို့ပေါ့....
ကိုယ့်ရဲ့ရင်ခုန်သံကို ကိုယ်ပြန်ကြားရတာကိုပဲ ရှက်မိသလို...
သူ့ရဲ့ အသက်ရှူသံတိုးတိုးလေးကပဲ ငါ့သွေးကြောတွေထဲ စီးဆင်းလှုပ်ခတ်လို့ပေါ့...
အဲဒီလိုလေး.. ခံစားသက်ဝင်ရင်ခုန်ကြည်နူးနေတုန်း...
ဗြုံးဆို....သူက ကိုယ့်ပါးကို သူ့နှာခေါင်းလေးနဲ့ လာထိတယ်.... ပီးတော့ ခပ်တည်တည်နဲ့ လှည့်သွားတယ်...
ကိုယ့်ပါးကို သူ့နှာခေါင်းနဲ့ လာထိတာပဲနော်...
တကယ်ကို ရင်ခုန်ခြင်းတွေ...ရှက်ပြုံးတွေ...လှုပ်ခတ်ခြင်းတွေ နဲနဲမှ မပါဘူး...
တကယ့်ကို ၀တ်ကြေတန်းကြေ....
သေရော...ဗျာ...
ပီးတော့ ခပ်တည်တည်ပဲ...သူမဟုတ်သလို စကားတွေ လျှောက်ပြောနေတော့တယ်...
ဒီက အကောင်မှာတော့ အီလည်လည်ကြီး...
ဇာတ်ကားလေးကောင်းနေတုန်း မီးပြတ်သွားသလို...
အိပ်မက်ကောင်းတုန်း လန့်နိုးသလို....
သွားရော....
ရင်ခုန်ခြင်းတွေနဲ့ လှုပ်ခတ်နေတဲ့ ငါ့ရင်ဘတ်ကြီး လုံးဝပျက်သွားရော...
နားထဲ လေတွေထွက်သလို...ခံစားလိုက်ရတယ်...
သွားရော....
........................................
သြော်....ချစ်တာကို ချစ်ကြောင်းပြဖို့ အချစ်ကလေး နဲနဲလောက် ထည့်ပါလားနော်...
........................................
ဒီလိုနဲ့ပဲ....
ငါ့လွှတ်ချလိုက်ရတဲ့ အနမ်း....တစ်ခုဟာ
နွေအိပ်မက်လို တခါတလေ ခြောက်လှန့်နေတော့တယ်...
..........................................

Tuesday, April 8, 2008

လွှတ်ချလိုက်ရတဲ့ အနမ်းတစ်ခု

လူသားနှစ်ဦးရဲ့ ချစ်မြတ်နိုးခြင်းတွေ ခိုင်မြဲဖို့ အနမ်းတွေလိုအပ်တယ်....တဲ့။
သိပ်ဟုတ်တာပေါ့...။
တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးကြောင်း သက်သေပြဖို့ရာ အနမ်းတွေဟာ အထိရောက်ဆုံးပဲလေ..။
မိန်းကလေးက နမ်းတဲ့အနမ်းဆိုရင် ပိုပီးတော့တောင် နှလုံးသားကို ညွှတ်နူးစေမှာပဲ...။
သူ့ရဲ့အချစ်တွေအတွက် သူ့ရဲ့အရှက်တရားတွေကို စွန့်လွှတ်ပြီး နမ်းလိုက်တဲ့ အနမ်းမှာ ဘယ်လောက်ရင်ခုန်ဖို့ ကောင်းလိုက်မလဲ...။
တွေးကြည့်တာနဲ့တင် ဘယ်ဘက်ရင်အုံက လှုပ်လှုပ်လာတယ်...
ဒါပေမယ့်လည်း...
အနမ်းတစ်ခုမှာ ရင်ခုန်သံတွေ အေးခဲသွားစေမှန်း
အနမ်းလေးတစ်ခုကပဲ သိရှိခဲ့ရတယ်....။
အဲဒီအဖြစ်အပျက်လေးကတော့.....။
................
(၁)
အဲဒီမနက်က
ဖြူလွလွနေရောင်ခြည်ရဲ့အောက်မှာ သက်ဝင်လှုပ်ရှားနေတဲ့
တတိယနှစ်ရဲ့ ပထမဆုံးကျောင်းစဖွင့်တဲ့ နေ့ကလေးပေါ့....။
သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ စကားတွေက ပြောမကုန်အောင်ဖြစ်နေပီး
စကြနောက်ကြရင်းကကို ငါရင်ဘတ်ထဲ အတွေးတစ်ခု ရောက်လာတယ်...။
ငါဟာ တတိယနှစ်တောင် ရောက်ပီ...ရည်းစာလေးတစ်ယောက်မှ မရသေးပါလား....
ဒီနှစ်တော့ တစ်ယောက်ယောက်လောက်တော့ ရအောင် ချိန်မှပဲ...လို့ပေါ့။
ရည်းစားမရဘူးဆိုတာကလည်း ကိုယ့်ဘော်ဒါတွေကြောင့်ပါပဲ...။
.................................
(၂)
ကိုယ်မှာ ဘော်ဒါ ခြောက်ယောက်ရှိတယ်...။
ဖိုးထွဋ်၊ စောလေး၊ ကိုသောင်း၊ မျိုးကြီး၊ ရခီး၊ ညီရှား....တဲ့။

ဖိုးထွဋ်....
ဒီအကောင်က လူက ပိန်ပိန်ညောင်ညောင်၊ တွတ်ပီလိုပဲ မေးစေ့ကမရှိဘူး...၊
ဒီအကောင် ပထမနှစ်ကအကောင်း...။ ကိုယ်နဲ့တွေ့မှာ ငပြောင်ဖြစ်သွားတာ။
ကိုယ်က မီးရှို့မယ်ဆို...ဒီကောင်က ရေနံဆီလောင်းမယ့်အကောင်...၊
အတိုင်အဖေါက်က ညီပါ့..။ သေချာလိုင်းသွင်းထားတဲ့အကောင်..။

စောလေး....
ဒီကောင်က ကရင်တိုင်းရင်းသားမို့ စောလေးခေါ်တာ....
ခြေထောက်တဖက်က မသန်ဘူး...။ အဲ...အစအနောက်ကတော့ သန်ပါ့...။
ပုလင်းတူဗူုးဆို့တွေပဲလေ...။

ကိုသောင်း....
ဒီကောင် အားလုံးထဲမှာ အကြီးဆုံး....
ပြီးတော့ အရဲဆုံး....တော်ရုံကောင်မလေး ခပ်တည်တည်စကားပြောဖို့ ၀န်မလေးတဲ့အကောင်...
စကားလုံးကလည်း အကြီးကြီးတွေရော ပိစိကွေးတွေရော အစုံအလင်ကို ရှိပါ့...

မျိုးကြီး....
ဒီကောင်က မွန်... စကားပြောရင် မွန်သံဝဲ၀ဲနဲ့..
ကိုယ်နဲ့အတွဲအညီဆုံးအကောင်...ကိုယ်က အရိပ်ပြရင် ဒီကောင်က အကောင်မြင်ပီးသား...
အကြောင်ရိုက်ဖို့ကလည်း တဖက်ကမ်းခပ်...

ရခီး....
ဒီကောင်က ရခိုင်မို့ ရခီးခေါ်ရင်း နံမည်ရင်းပျောက်ရော...
ဒီကောင်က ဗလွတ်ရှတွက်အကောင်... မကောင်းတဲ့နေရာမှာ သိပ်တော်တဲ့အကောင်...
မျက်နှာအပြောင်ဆုံးကောင်...အရှက်မရှိဆုံးအကောင်...

ညီရှား...
ဒီကောင်ကတော့ စုန်းပြူး....
သိပ်ဆရာကြီးလုပ်တဲ့အကောင်.... စကားလုံးကလည်း အကြီးကြီးတွေမှ ပြောတဲ့အကောင်...
ကိုယ်တွေက လိုက်နောက်ရင် သူက ဆူချင်တဲ့အကောင်...

ကိုယ်ကတော့လား...
ကိုယ်လည်းဘယ်ခေပါ့မလဲ... ကိုယ်များ အရှေ့ပေါက်က၀င်ရင် မိန်းကလေးတွေ အနောက်ပေါက်ကပြေးရော...
ဆရာမတွေဆို ကိုယ်သိပ်ကြောက်တာ... ဖိုက်တာထင်နေတာ...
စာသင်ရင်းများ ပေါက်တက်ကရ ထထပြောမလား....ပေါ့...။

အားလုံးက ကိုယ်နဲ့စိတ်တူကိုယ်တူ ငပြောင်ငနောက်တွေချည်းပဲ...။
စာသင်ချိန်ပီးလို့ ကင်တင်းသွားရင် လမ်းမှာတွေ့သမျှ အကုန်လိုက်နောက်နေတာ...။
လမ်းမှာများ ကောင်မလေးတစ်ယောက်ယောက် နေကြာစေ့တစ်ယောက်ထဲ ထိုင်စားနေလို့ကတော့ သွားပီ...။
ဟိုဘက်ဒီဘက်ညှပ်ထိုင်ပီး နေကြာစေ့တောင်းစားတော့တာ...။
ရှေ့မှာ သုံးဆင့်ချိုင့်နဲ့ကောင်မလေးတွေ့ရင်လည်း ကြည့်စမ်း...အစားပုတ်လိုက်တာ..သုံးဆင့်တောင်လို့ နောက်တာ...။
အဲ...တခါတလေများ ခပ်စွာစွာကောင်မလေးနဲ့ကြုံရင်လည်း...
စကားကို နိုင်အောင်ကို ရယ်စရာစွက်ပီး ၀ိုင်းပြောတာနဲ့တင်...
အဲဒီကောင်မလေးလည်း ပြုံးစေ့စေ့နဲ့ ထွက်ပြေးရပါရော....။
တခါတလေများ ဗရုတ်ကျစရာမရှိရင် အချင်းချင်းကို ပြန်ဗရုတ်ကျတာ...။
ကိုယ်ကများ ကောင်မလေးတစ်ယောက်လိုက်ကြိုက်လို့ အဲဒီကောင်မလေးအခန်း သွားမရှိုးနဲ့...။
နောက်ကနေ တပြုံကြီးရောက်လာပီး ပေါက်တတ်ကရလုပ်ကြတော့တာ...။
သေရော...။ ကောင်မလေးက ကြိုက်ချင်ရင်တောင် နောက်နေတာလား အတည်လား ဖြစ်ဖြစ်သွားတာ...။
အဲ... ဒီနှစ်ကျမှ ဒီစိတ်ကူးလေးပေါ်လာတော့ မဖြစ်ဖြစ်အောင် ကြံရတော့မှပေါ့နော်...
ဒါနဲ့ အတန်းထဲက ကောင်မလေးတွေကို ဇကာစစ်ချလိုက်တယ်....။
...........................
(၃)
ကေသွယ်...ဆိုတဲ့ကောင်မလေးက ရုပ်ကလေးက ချောတယ်၊ စကားပြောကြည့်တော့ မဆိုးဘူးပဲ...။
အဲ..လမ်းလျှောက်ရင်သာ အဖွားကြီးလိုလျှောက်တာ...။ သွားပွားကြည့်တော့ အဆင်ပြေသား...။ သူ့သူငယ်ချင်းကလည်း အပို့ကောင်း....။ မှတ်ထားလိုက်ဦးမယ်...

သီတာ.... ဒီကောင်မလေးက တော်တော်လှတာ..။ လီဟန်နီလို ရုပ်မျိုး...။ ဆံပင်ကလည်း တင်ပါးကို ကျော်နေတာ... သိပ်ကြည့်လို့ရင်တာ...။ အေးကလည်း အေးပါ့။ သွားစကြည့်တော့ ရီနေတော့တာပဲ...
ဖြစ်ချင်တော့ သူ့ကိုလည်း ဘဲတပွေက အသေကြိုက်။ လျှောက်လွှာတွေပါတွေတင်...။ သူကလည်း မကြိုက်...။ ကိုယ်ကလည်း ဘော်ဒါဖြစ်နေ...။ ကြားနဲနဲဝင်ပေးထားလိုက်ရတယ်...။ ဒါလေးလည်း မှတ်ထားလိုက်မယ်...။

ကြည်ပြာ... ဒီကောင်မလေးကကြတော့ ချောတော့ ချောသား... ဒါပေမယ့် ဟိုဘက်အခန်းက၊ မဆိုးဘူးဆိုတဲ့အထဲပါတယ်...။ နဲနဲလေး ကြွားကောင်းတာပေါ့...။

အိုကေ.... ကိုယ့်ရဲ့နောက်ဆုံးစာရင်းထဲမှာ ဒီသုံးယောက်ကျန်တယ်...။
အိမ်ရောက်တော့ ရည်းစားစာလေး စပယ်ရှယ်ရေးထားလိုက်တယ်...။ မနက်ကျရင် ပေးမယ်ပေါ့....။ အားပါး...ရင်ခုန်လိုက်ရတာ...။
........................
(ဆက်ရန်)

Monday, April 7, 2008

ဘလော့မရေးဖြစ်ရခြင်း...

ဘလော့လေး မရေးဖြစ်တာ နဲနဲကြာသွားတယ်...
အဓိက ကတော့ အလုပ်ရှာတဲ့ဖက်ကလေး...နဲနဲဦးစားပေးလိုက်လို့ပါ...
စတေးက တစ်လလောက်ပဲ ကျန်တော့တဲ့အချိန်မှာ အလုပ်ကလည်း ရှာလို့မရသေးတော့ ဒီဘက်ကို သိပ်မလှည့်နိုင်ဘူးဖြစ်နေတယ်...
မရေးနိုင်သေးပေမယ့်လည်း လာလည်တဲ့သူတွေကိုတော့ ပြန်သွားလည်ဖြစ်ပါတယ်...
နောက်တစ်ချက်က ... ကျွန်တော့်ဘလော့ကလေးကို ပြင်နေတာလည်း ပါတာပေါ့နော်...
သူများဘလော့လေးတွေ ကြည့်ရင် လှနေပြီး...ကျွန်တော်ဟာက ခေတ်ဟောင်းထဲမှာပဲ ကျန်သလိုလေး ခံစားနေရလို့ပါ...
အခုတော့ နဲနဲပြင်ထားတယ်...ပိုပဲလှလာသလား...ပိုပဲဆိုးသွားသလားတော့ မသိတော့ပါဘူး...
အဲ...သီချင်းကတော့ မလာတော့ဘူး...ဘာဖြစ်လဲမသိ...သိရင်လည်း ၀င်ပြောပေးကြပါဦး...
အိမ်မှာက တူမလေးကလည်း ဘလော့တွေ ၀ါသနာပါတာလေ... သူနဲ့ကိုယ်နဲ့ လုသုံးရင်းက တချိုကအကောင့်တွေမှာ နံမည်က သွားတူနေတော့ အဲဒါကြောင့်များလားပဲပေါ့...
နောက်တစ်ခုက သူများဘလော့တွေကို လိုက်ဖတ်နေရတာနဲ့တင်...ကိုယ်မှာရေးဖို့အချိန်က မရှိသလောက်ဖြစ်သွားတယ်...
သူများဘလော့လေးတွေမှာဆို အကြောင်းအရာလေးတွေကလည်း သစ်လို့ဆန်းလို့...
ချကျွေးထားတာတွေလည်း များလို့...ဒါတွေလိုက်စားရင်ကကို..ကိုယ်တိုင်ရေးတဲ့ဆီ မရောက်ဘူးဖြစ်နေတယ်...
ဘာပဲဖြစ်ဖြစ်ပေါ့နော်...တစ်ပတ်ကို တစ်ခုလောက်တော့ အနဲဆုံးရေးဖြစ်အောင် ကြိုးစားရမှာပဲ...
ဒါကလည်း ဘလော့သမားရဲ့ဒုက္ခ... ချိုမြိန်တဲ့ဒုက္ခလေးပေါ့ဗျာ...

Tuesday, April 1, 2008

လောလောဆယ် ဟစ်ဖြစ်နေတဲ့သီချင်းလေး....

သီချင်းလေးတစ်ပုဒ်...

အလွမ်း....

အလွမ်း.....တဲ့။
တခါတလေ စဉ်းစားမိတယ်....
သတိယတယ်...အောက်မေ့တယ်...ဆိုတဲ့ စကားလုံးတွေ ရှိရဲ့သားနဲ့
အလွမ်း...ဆိုတဲ့စကားလုံးကို လူတွေဘာလို့သုံးကြတာလဲ...လို့ပေါ့။
အဲဒီ အလွမ်းဆိုတာကကော ဘယ်ကစသလဲ...။
အလွမ်းဆိုတာက ဘာလဲ...ပေါ့။
သေချာတာတစ်ခုကတော့...
အလွမ်းဆိုတာ...သတိယခြင်း..အောက်မေ့ခြင်းထက် ပိုတာပါပဲ..။
ငါ့အတွက်ကော အလွမ်းဆိုတာ ဘာလဲ..။
ဒီလိုလေးတွေးကြည့်တယ်...
အလွမ်းဆိုတာ ချစ်ခြင်းရဲ့ ပွင့်ဖတ်လေးတွေလား...လို့။
ချစ်ခဲ့ခြင်းရဲ့နောက်ကွယ်မှာ အလွမ်းတွေလည်း ရှိတာပါကလား...
မချစ်ပဲနဲ့တော့ လွမ်းလို့ဘယ်ရမလဲနော်...
တော်ရုံတန်ရုံလောက်နဲ့တော့ မလွမ်းလောက်ပါဘူး...နော်။
ငါ့အတွက်တော့....
အချစ်ဆိုတာ..အလွမ်းနဲ့ထွန်းညှိထားတဲ့ မျှော်လင့်ခြင်းမီးအိမ်လေးပဲ...။
ငါ့ရဲ့အချစ်ဟာ အလွမ်းနဲ့ပွင့်တဲ့ ပန်းကလေးပဲ...။
မျှော်လင့်ခြင်းများစွာနဲ့ ချစ်ခဲ့ပြီးမှ မဆုံနိုင်အောင် ဝေးနေရတယ်...။
တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်ချစ်ခဲ့ကြပေမယ့်...
ကမ်းလက်တွေ လှမ်းမမှီနိုင်သေးဘူးလေ...။
မဆုံနိုင်ကြတဲ့ဘ၀မှာ အလွမ်းဆိုတာကပဲ ငါတို့အတွက် ဖြေသိမ့်စရာ...။
အလွမ်းတွေကို ပွေ့ဖက်ရင်းကပဲ မနက်ဖြန်ကို မျှော်လင့်ရတယ်...။
ငါတို့ရဲ့အချစ်က အလွမ်းတွေရဲ့အနောက်မှာ မှုန်ဝါးသွားရတော့မှာလား...။
မဟုတ်သေးဘူးနော်...။
အလွမ်းတွေနဲ့ရစ်ပတ်ရင်း ချစ်ခြင်းတွေ ရှင်သန်လာရမှာ....။
ဟုတ်တယ်နော်...။
ချစ်သူရေ....
မဆုံနိုင်ခြင်းတွေနဲ့ ဝေးကွာနေရပေမယ့်...
အလွမ်းတွေနဲ့ပွေ့ဖက်ရင်း...
ဆုံနိုင်မယ့်တစ်နေ့ကို မျှော်လင့်ကြရအောင်နော်...။

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..