ကျွန်တော့်မှာ စိတ်ကူးဆန်းဆန်းနဲ့ ချစ်သူလေးတစ်ယောက်ရှိတယ်..။
သူက ညရဲ့ကောင်းကင်မှာ လမင်းကြီးမရှိရင်နေပါစေ.. ကြယ်စင်တွေ ပြည့်နေတာပဲ ကြိုက်တယ်တဲ့...။ 
ဒီစကားလေးက ကျွန်တော့်ကို တော်တော်လေး အကျိုးသက်ရောက်မှုရှိတယ်....။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ညရဲ့ ကောင်းကင်မှာ လမင်းကြီးရှိနေမှ ကြိုက်တာလေ....။
ညရဲ့ကောင်းကင်မှာ လမင်းကြီးမှ မရှိရင် တစ်ခုခုလိုနေသလို ခံစားရတယ်...။ စိတ်ထဲမှာလဲ မကြည်လင်သလိုခံစားရတယ်။
အခုတော့ ကျွန်တော်ချစ်သူလေးက ကြယ်စင်ခတဲ့ ညရဲ့ကောင်းကင်ဆိုတော့ ကျွန်တော်လည်း ကြယ်စင်ညကို ချစ်တတ်လာခဲ့တယ်...။
ကျွန်တော်နဲ့ ကျွန်တော်ချစ်သူလေးက တစ်ယောက်တစ်နယ်ဆီ နေကြရတာ...။ တွေ့ဖို့ကလည်း မလွယ်ဘူးလေ...။ ဒီတော့ တမ်းတလို့ လွမ်းရတဲ့ညတွေကို ကောင်းကင်ကို ငေးမောရင်း တီးတိုးစကားဆိုရတာလေ..။
အရင်ကဆို...ညတွေမှာ လမသာရင်...ရင်ထဲမကောင်းဘူး။
ဒါပေမယ့်...ကောင်းကင်ကြီးမှာ လမင်းကြီးမရှိလဲ ကြယ်စင်လေးတွေက အမြဲရှိနေတာပဲလေ။
ကောင်းကင်ကြီးမှာ ကြယ်စင်လေးတွေ အမြဲရှိနေသလို...ကျွန်တော်ကလည်း ကျွန်တော်ရဲ့ ကြယ်စင်ချစ်သူလေးကို အမြဲတမ်း ချစ်သွားမှာပါ....။
No comments:
Post a Comment