Wednesday, August 15, 2007

ချစ်ခြင်းရဲ့ပွင့်ဖက်လေးတွေ..

အလွမ်းဆိုတာ....

ျစ်ခြင်းရဲ့ ပွင့်ဖက်လေးတွေလား.....။

မဆုံနိုင်ခြင်းတွေက

ကြယ်တွေလို အစင်းစင်းကြွေနေလဲ...

မနက်ခင်းတိုင်းဟာ

ချစ်ခြင်းရနံ့တွေ မွှေးပျံ့နေဆဲ....။

နွေးထွေးခဲ့ဖူးတဲ့

ဘယ်ဘယ်ပါးပြင်လေးရယ်....

ထွေးပွေ့ငေးရီရင်း

ထိုင်နေခဲ့ဖူးတဲ့...

ကန်ရေပြင်ညနေခင်းတွေရယ်....

စကားလုံးတွေဆွံ့အခဲ့ရတဲ့

အမှောင်ရောင်အိမ်ပြန်ချိန်များရယ်....

ဒါတွေဟာ.....

မင်းရင်ဘတ်ထဲမှာ မွှေးပျံနေသလို....

ငါ့အိပ်မက်တွေထဲလည်း ချိုမြိန်ဆဲပါ.....။

မင်းရင်ဘတ်ထဲက လမင်းဟာ

ငါ့ရင်ဘတ်ထဲက နှင်းဆီခင်းပါပဲ....။

ကြယ်တွေအစင်းစင်းခတဲ့

လင်းမြတဲ့ညတွေဆီ

ကိုယ်ပျံသန်းကြစို့နော်...။ ။

No comments:

Post a Comment