ဘာရယ်မဟုတ်ပါဘူး....။
နှစ်သစ်ကူးပြီဆိုတော့ ဘလော့တင်ချင်တာ...
ဘာတွေဖြစ်နေမှန်းကို မသိဘူး...။
အခုမှ အဆင်ပြေလို့တင်လိုက်ပြီ...။
ဘာရယ်မဟုတ်ပါဘူး....။
ကဗျာလေးပါပဲ...။
ပြက္ခဒိန်ဟောင်းတဲ့ညတဲ့...။
“ပြက္ခဒိန်ဟောင်းတဲ့ည”
ပါးပြင်ပေါ်ဖြတ်ပြေးသွားတဲ့
အေးစက်စက်အထိအတွေ့မှာ
ငါဟာ လန့်နိုးခဲ့..။
တလှုပ်လှုပ်လွင့်နေတဲ့
ခန်းဆီးအပြင်ဖက်က
အမှောင်ဝါးဝါးမှာ
လရောင်ဟာ လင်းရီပြာလဲ့...။
တချက်ချက်နဲ့ရွေ့လျားနေတဲ့
နာရီသံတွေကြားမှာ
ငါဟာ တစ်စုံတစ်ရာကို
သိနေသလို ခံစားခဲ့ရ...။
အဝေးကလွင့်လာတဲ့...ခေါင်းလောင်းသံရယ်
လမ်းမပေါ်လျှံတက်လာတဲ့...အော်သံအချို့ရယ်
ငါ့နဘေးနား ထမြည်တဲ့...နှိုးစက်သံရယ်
..........
..........
အဲဒီလို အသံတွေကြားမှာပဲ
ပြကဒိန်တစ်ခုဟာဟောင်းသွားခဲ့....။
ခေရုဗိမ်
No comments:
Post a Comment