အဲဒီနေ့က ဖေဖေါ်ဝါရီ ၉ ရက်....
ရင်ဘတ်မှာ ငုံဖူးနေတဲ့ မျှော်လင့်ခြင်းတွေနဲ့ပေါ့....
နောက်တနေ့က စပြီး....
မနက်ခင်းတွေကို သတင်းစာတွေနဲ့စဖွင့်တယ်...
လက်တွေကို အင်တာနက်နဲ့ ချိတ်ထားတယ်...
ငါ့ရာဇ၀င်ကိုယ်ပွားတွေ လေပြေထဲပြေးလွှားညှို့ငင်....
လမ်းလျှောက်လာပါဆိုတဲ့ ဖိတ်ခေါ်မှုတွေထဲ ပျော်ဝင်စီးမျော...
နိုင်ငံခြားသားမလိုပါဆိုတဲ့ စကားတွေမှာပဲ အားအင်ချိနဲ့....
နိုင်ငံသားခွဲခြားခံရခြင်းထဲ အံသွားတွေ တွန့်ကြေ...
အော်...အမိမြေမှာ မြက်နုတွေမရှိတော့...
ရေကြည်ရာလေး ရှာရသေးတာပေါ့နော်...
ရှာလေရှာလေ....ရှာလေရှာလေ....
အပေါင်းအသင်းတချို့လည်း ပြည်တော်ပြန်...
အပေါင်းအသင်းတချို့လည်း ထပ်ရောက်လာ...
လေယာဉ်သုံးစီးစာ ရွှေတွေလည်း နေစဉ်ရောက်ရှိ...
အင်တာဗျူးတွေအတွက် အီးကဒ်တွေလဲ ပွန်းပဲခဲ့ပြီ...
အဆင့်အတန်းမြင့်ရှင်းသန့်ခြင်းတွေအတွက် အိတ်ကပ်တွေလဲ ပြားခဲ့ပြီ...
မိုးကောင်းချိန်တချို့မှာ တပတ်စာအပြည့် တွေ့ဆုံခြင်းတွေ....
မိုးနည်းချိန်တချို့မှာ လက်ကိုင်ဖုန်းတောင် အသံမမြည်ရှာ...
ရင်ဘတ်ခြင်း သုံးကြိမ်မြောက်တွေ့ဆုံခြင်းမှာ အနီရောင်စာအုပ်လေး သတ်တမ်းကုန်ရှာ...
အသက်သွင်းရာကာလမှာ ရွေးကောက်ပွဲတွေကျင်းပ...
ဒီလိုနဲ့... မျှော်စင်ညီနောင်ဆီ ခဏတာသွားရောက်ခိုနား....
ပြန်လာပြီး အသက်သွင်းချိန်....အခွန်ဆောင်က ထုနှိပ်ရိုက်နှက်...
အဲ... အက်စပတ်တင်ရာကာလ ချက်ချင်းသိရပေမယ့် အဖြေကမလှ...
ရီဂျက်တဲ့... ပြေးရလွှားရ... တောင်းပန်စာတင်ရ...
ဒီလိုနဲ့.... တံဆိပ်တုံးတစ်ခုရဲ့ နေ၀င်ချိန်မှာ...
ငါဟာ ပြည်တော်ပြန်ရရှာပေါ့...
အဲဒီနေ့က မေလ ၃၀......
No comments:
Post a Comment