အဲဒီညက....
ဒီဇိုင်းတစ်ခု အပြီးသတ်ရင်း..တော်တော်ညဥ့်နက်သွားတယ်....
စိတ်မှတ်မဲ့ ယဉ်ပါးစွာ လိုက်ဆိုနေကျ...ဘီယာဆိုင်အဆိုတော်မတွေရဲ့ တေးသွားတွေတောင် မကြားရတော့ဘူး....
အပြင်ကို လှမ်းကြည့်တော့ ဓါတ်တိုင်ရဲ့အလင်းမီးလုံးမှာ ပိုးကောင်တွေ ဖျပ်ဖျပ်လူးနေတယ်....
တိတ်တဆိတ်ခိုးဝင်လာတဲ့ လေပြေကို ခန်းဆီးစအလှုပ်မှာ ဖျက်ခနဲတွေ့လိုက်ရတယ်...
လူမိသွားတဲ့ လေပြေက ကြောက်အားလန့်အားနဲ့ စားပွဲပေါ်က စာရွက်အချို့ကို တိုက်ချပီး ထွက်ပြေးပျောက်ကွယ်သွားတယ်...
အဝေးကို လှမ်းကြည့်တော့ မဲမဲမှောင် အဆောက်အဦးတွေကြား လမင်းဟာ မ၀ံ့မရဲ ပျပျလေး လင်းနေတယ်....
လမ်းထိပ်မီးတိုင်အောက်မှ ဆိုက်ကားသမားတစ်ယောက် ခရီးသည်စောင့်ရင်း အိပ်ငိုက်နေတယ်...
တချက်တချက် အိမ်ကို လှုပ်ခါနှုတ်ဆက်သွားတဲ့ ကားသွားသံအချို့က လွဲရင် ညက ပကတိ တိတ်ဆိတ်နေတယ်...
အခန်းထဲဝှေ့ကြည့်တော့ အမှောင်ရောင်ကြားထဲ လဲပြိုပြန့်ကျဲနေတဲ့ စီဒီပြားတွေနဲ့ စာအုပ်တချို့သာ ပိုးလိုးပတ်လက် တွေ့လိုက်တယ်...
တိတ်ဆိတ်ခြင်းတွေရဲ့အကြား ငါ့စိတ်တွေ ထိန်းမရအောင် ဘောင်ဘင်ခတ် ရုန်းကြွနေတယ်....
အမှောင်ရောင်အခန်းကျဉ်းထဲ တိတ်ဆိတ်နေရခြင်းမှာ ငါဟာ မွန်းကြပ်လာတယ်....
Saturday, March 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment