Monday, April 4, 2011
Light A Candle With SocialKonnekt And Pray For Japan
I just light a candle for Japan Victims.
Join us to pray for those who have lost their lives and hope for the best for those who have survived.
It is time to light a candle and Pray...
Please Light a Candle Now at: http://www.socialkonnekt.com/Tsunami/
Warm Regards,
Hay He Saw
Light A Candle With SocialKonnekt And Pray For Japan
I just light a candle for Japan Victims.
Join us to pray for those who have lost their lives and hope for the best for those who have survived.
It is time to light a candle and Pray...
Please Light a Candle Now at: http://www.socialkonnekt.com/Tsunami/
Warm Regards,
Hay He Saw
Monday, September 20, 2010
ကွိစိကွစိများနဲ့ ပထမဆုံး တွေ့ဆုံခြင်း
ကွိစိကွစိတွေနဲ့ တစ်နေကုန် ထိုင်အလုပ်လုပ်ရတယ်...
ကန်မလေးတွေကလည်း များလိုက်တာ.... အကောင်းမထင်နဲ့... ကန်မလေးများလေ အတို့အထောင်များလေပဲ.. (ကိုယ့်ဘော်ဒါက ပြောတာနော်)
ဆိုးတော့မဆိုးပါဘူး.... ဆေးတောင်မစစ်ရသေးဘူး....
မြန်မြန်အလုပ်ဆင်းတော့ မြန်မြန် အတွေ့အကြုံရပြီး... မြန်မြန် ပိုက်ဆံရတာပေါ့နော့...
သူဋ္ဌေးမက အမိုက်စားပဲ.... သွက်လက်တက်ကြွလို့...
ညနေ ဆေးစစ်ဖို့သွားတာ နောက်ကျသွားတယ်.... အလုပ်က ထွက်တာလည်း နောက်ကျတာကော..
မနက်ဖြန် ဆေးစစ်ရမယ်... ဒါပြီးမှ ကဒ်ရမှာ.... ကဒ်ရပြီးမှာ ဘဏ်အကောင့်ဖွင့်ရမှာ...
အစမ်းခန့်က ခြောက်လတဲ့ဟေ့... ကြိုးစားထား....
အိပ်မက်တွေရဲ့ ခြေလှမ်းအစပေါ့....
Select ပေးပြီးရေးပါ...
Thursday, February 11, 2010
ပရို ဆိုတာ......
ပရိုဖက်ရှင်နယ်တွေကို နှစ်နဲ့ချီပြီး သုတေသနလုပ်ခဲ့တဲ့ နာမည်ကျော်
စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာဒေ့ဗ်ခါလီက
အောင်မြင်နေတဲ့ပရိုဖက်ရှင်နယ်တွေမှာ တွေ့ရ လေ့ရှိတဲ့
ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်လို့ တူညီတဲ့အချက် ၁၀ ချက်ကို စုစည်းတင်ပြ
ထားတာ ရှိပါတယ်။ ပရိုဖက်ရှင်နယ် ကိုယ်ရည် ကိုယ်သွေးရှိလာဖို့
ကိုယ်ကိုယ်တိုင်လေ့ကျင့် ပျိုးထောင်ပေးခြင်းဖြင့် တည်ဆောက်လို့ ရနိုင်
တယ်ဆိုတာလည်း သူကဆိုပါတယ်။ ဒီအချက် ၁၀ ချက်ကို ကြုံတုန်း
ပြန်ပြီးဖောက်သည် ချပါရစေ။
(၁) အလုပ်အပေါ် အလေးထားမှု
အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့လုပ်တဲ့ အလုပ်တိုင်းကို
အလေးထားပြီး စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်ကိုင်ကြပါတယ်။ သူတို့အတွက်
ဘယ်လို အလုပ်မျိုးမှ အရေးမပါတဲ့ အလုပ်မရှိပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်အပေါ်
အလေးထားမှုဟာ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ် တစ်ယောက်ရဲ့ သိသာ
ထင်ရှားတဲ့အရည်အချင်း တစ်ခုပါ။ သူတို့ချမှတ်ထားတဲ့ ရည်မှန်းချက်ကို
တစ်စိုက်မတ်မတ်နဲ့ စွဲစွဲမြဲမြဲဦးတည်ပြီး လုပ်တတ်ကြပါတယ်။
ကိုယ့်ဦးတည်ချက်ကို ဘယ်လို အခက်အခဲမျိုး ကြုံပါစေ နောက်မဆုတ်ဘဲ
ကြိုးစားကျော်လွှားပြီး အောင်မြင်အောင် လုပ်တတ်ကြသလို ကိုယ့်ရဲ့လုပ်ဖော်
ကိုင်ဖက်တွေကိုလည်း သူယုံကြည်တဲ့ အတိုင်း ဦးဆောင်မှု ပေးနိုင်ကြပါတယ်။
(၂) အမြဲ ပိုကောင်းအောင် လုပ်ချင်တဲ့စိတ်ဓာတ်
အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့ရဲ့ အလုပ်နဲ့ပတ်သက်ရင် အမြဲတမ်း
ကောင်းသထက်ကောင်းအောင်၊ တိုးတက်အောင် လုပ်လို့ ရနိုင်သမျှ
ပိုတိုးတက်အောင် အမြဲတမ်း ကြံစည် ကြိုးစား အားထုတ်နေတဲ့ သူတွေလို့
ဆိုပါတယ်။ သူတို့ဟာ ပြိုင်ဘက်တွေ၊ အခြားသူတွေကို အနိုင်ယူချင်တဲ့
စိတ်ဓာတ်ထက် ကိုယ့်အလုပ်ကို အမြဲတမ်း ပိုကောင်းအောင် လုပ်တဲ့ အကျင့်
ရှိတယ်လို့ဆို ကြပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို
ပြိုင်ကြတယ်ဆိုတဲ့ သဘောပါ။ သူတို့ဟာ အောင်မြင်မှုကို ယစ်မူးသာယာနေကြတဲ့
သူမျိုးမဟုတ်ကြဘဲ အောင်မြင်တစ်ခု ရပြီးသွားရင် နောက်တစ်ခုအတွက် အမြဲတမ်း
အဆင်သင့်ဖြစ်နေကြပါတယ်။
(၃) မမျှော်လင့်ထားသည်များကို အကောင်းဆုံး ရင်ဆိုင်နိုင်ခြင်း
လောကမှာ အသေချာဆုံးက မသေချာတာပဲလို့ အဆိုရှိပါတယ်။ ကိုယ်
မျှော်လင့်ထားတာတွေ ဖြစ်မလာတဲ့အခါ၊ မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါ
အကောင်းဆုံး ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ စိတ်ဓာတ်နဲ့ အလေ့အကျင့်
ရှိဖို့လိုအပ်ပါတယ်။ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ မသေချာမှုတွေ၊
အဆင်မပြေမှုတွေနဲ့ ကျဉ်းထဲကျပ်ထဲအခြေ အနေတွေ ကြားထဲမှာပဲ
အဆင်အပြေဆုံးဖြစ်အောင် ရင်ဆိုင် ဖြေရှင်းတတ်ကြပါတယ်။ လိုအပ်ရင်
လိုအပ်သလို အခြေအနေနဲ့အလိုက် ပြောင်းလွယ်ပြင်လွယ် လုပ်နိုင်ကြပြီး
ကိုယ့်ရည်မှန်းချက်ကို မရောက်ရောက်အောင် သွားနိုင်တဲ့ စိတ်ဓာတ်
ရှိကြပါတယ်။
(၄) ဆက်ဆံ ပြောဆိုမှုကောင်းမွန်ခြင်း
ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်လိုအလုပ်မျိုး မှာလုပ်လုပ်၊ ဘယ်လို
ရာထူးမျိုးနဲ့ပဲနေနေ ပြောဆို ဆက်ဆံကောင်းမွန်မှုဟာ နေ့စဉ်ကြုံတွေ့နေရတဲ့
လုပ်ငန်းခွင်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အောင်မြင်တဲ့
ပရိုက်ဖက်ရှင်နယ်တွေ အနေနဲ့ ကိုယ်ပြောချင်တဲ့၊ သိစေချင်တဲ့
အကြောင်းအရာကို ရှင်းရှင်းလင်းလင်း၊ တိတိ ကျကျ၊ ယုံကြည်မှုရှိရှိနဲ့
ပြောတတ်ဆိုတတ်၊ တင်ပြတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်အနေ နဲ့
သူတစ်ပါးနဲ့ပြောဆို ဆက်ဆံရာမှာ ရှင်းရှင်း လင်းလင်း ပြောဆို ဆက်ဆံတတ်တဲ့
အလေ့ အကျင့်ကောင်းကို ပျိုးထောင်ထားဖို့ လိုပါမယ်။
(၅) သွက်လက်တက်ကြွတဲ့ အလေ့အထရှိခြင်း
ဘယ်အလုပ်မဆို လေးတိလေးကန်လုပ်လို့ မပေါက်ရောက် နိုင်ပါဘူး။
စာသင်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် သွက်လက်တက်ကြွတဲ့ သူတွေဟာ
အမြဲတမ်း အလုပ်ပိုပြီးလေ့ ရှိပါတယ်။ ဘယ်လိုနယ်ပယ်မှာပဲ ဖြစ်ဖြစ်
အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေဟာ သူတို့အလုပ်နဲ့ ပတ်သက်ရင် အမြဲတမ်း
တက်တက်ကြွကြွနဲ့ အဆင်သင့် ဖြစ်နေတတ်ကြတာကို တွေ့ရပါတယ်။ သူတို့ အလုပ်နဲ့
ပတ်သက်လို့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေဟာ သူတို့ရဲ့အလုပ်နဲ့
ပတ်သက်တဲ့ ထက်မြက်သွက်လက်မှုကို ဘယ်လိုမှ မထိခိုက်နိုင်ပါဘူး။
(၆) ရိုင်းပင်းကူညီတတ်သည့် အလေ့အထရှိခြင်း
ပရိုဖက်ရှင်နယ်ကောင်းများဟာ မိသားစုဝင်တွေ အချင်းချင်းရော၊
လုပ်ငန်းခွင်မှာပါ ကူညီ ရိုင်းပင်းတတ်တဲ့ သူမျိုးတွေဖြစ်နေတာကို
တွေ့ရပါတယ်။ စုပေါင်းလုပ်ဆောင်နိုင်မှု (Team Work) ကို အထူးအလေးထား
တန်ဖိုးထားတတ်ကြသလို အခါများစွာမှာ သူတစ်ပါးကို ကူညီဖို့ လည်း အဆင်သင့်
ဖြစ်နေတတ်ပါတယ်။ အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေမှာ အပေါင်းအသင်း
မိတ်ရင်း ဆွေရင်းတွေ အများအပြား ရှိနေတတ် ကြပြီး အဆက်အသွယ် ကောင်းတွေလည်း
ရှိနေ တတ်ကြပါတယ်။
(၇) ကိုယ်တိုင်စလုပ်ခြင်း
အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်တွေရဲ့ အလေ့ အထတစ်ခု ကတော့ လုပ်သင့်တယ်ထင်တဲ့
အလုပ်တွေကို ဘယ်သူကမှ ခိုင်းတဲ့အထိမစောင့်ဘူး ဆိုပါတယ်။ အသေးအမွှား
အလုပ်ကစလို့ အရေးကြီးတဲ့ လုပ်ငန်းကြီးတွေအထိ လုပ်သင့်တယ်လို့ ယုံကြည်ရင်
ဘယ်တော့မှ လက်တွန့်နေတာ၊ နှောင့်နှေးနေတာမျိုး မရှိဘဲ တာဝန်ယူတတ်တဲ့
စိတ်၊ တာဝန်ခံတတ်တဲ့ စိတ်မျိုးနဲ့ ကိုယ်ကစပြီး လုပ်ကိုင်တတ်ကြပါတယ်။
(၈) အလုပ်ဖိအားဒဏ်ကို ခံနိုင်ရည်ရှိခြင်း
တကယ်အလုပ် လုပ်ကြတဲ့အခါ ဘယ်လုပ်ငန်းခွင်မှ စိတ်ဖိစီးမှု မရှိတဲ့
အလုပ်ရယ်လို့ မရှိသလောက်ပါပဲ။ ထူးချွန်တဲ့ ပရိုဖက်ရှင်နယ်တွေအတွက်
လုပ်ငန်းခွင် စိတ်ဖိစီးမှုဟာ သူတို့ အလုပ်အတွက် တွန်းအားတစ်ခုလို့
ဆိုပါတယ်။ အလုပ်နဲ့ပတ်သက်လို့ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါမျိုးမှာ
တည်တည်ငြိမ်ငြိမ်နဲ့နေပြီး ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး
လုပ်သွားနိုင်တဲ့ အရည်အချင်းတွေ သူတို့ဆီမှာရှိကြပါတယ်။ အဲဒီလို
အခြေအနေမျိုးမှာ သူတစ်ပါးကို အလွယ် တကူအပြစ်ပုံချတာမျိုး၊
ခေါင်းရှောင်တာမျိုး မရှိကြပါဘဲ လုပ်သင့်တာကို မှန်မှန်ကန်ကန်
ဆုံးဖြတ်နိုင်ကြပါတယ်။
(၉) စဉ်ဆက်မပြတ်လေ့လာနေခြင်း
ပရိုဖက်ရှင်နယ်တွေဟာ ကိုယ်ရပ်တည်တဲ့ ပရိုဖက်ရှင်နယ် နယ်ပယ်မှာ
ကျွမ်းကျင်မှု ရှိရုံသာမက ကိုယ့်ကျွမ်းကျင်တဲ့ အတတ်ပညာ နယ်ပယ်နဲ့
ပတ်သက်လို့ အမြဲတမ်း စဉ်ဆက်မပြတ် လေ့လာနေကြပါတယ်။ အသစ်အသစ်သော
တိုးတက်ဖြစ်ပေါ်မှုတိုင်းကို မျက်ခြေပြတ်မခံဘဲ တတ်သိနားလည်အောင် ကြိုးစား
အားထုတ်ကြပါတယ်။
(၁၀) ဦးဆောင်နိုင်တဲ့အရည်အချင်းရှိခြင်း
ခေါင်းဆောင်နိုင်မှု အရည်အချင်းဟာ နယ်ပယ် အသီးသီးမှာရှိနေတဲ့ အောင်မြင်တဲ့
ပရိုဖက်ရှင်နယ်တိုင်းမှာ တွေ့ရတတ်တဲ့ အရည်အသွေး တစ်ခုပါ။ သူတို့ဟာ
ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်လို့ အခြေအနေမှန်ကို အကောင်းဆုံးသုံး
သပ်နိုင်တဲ့ သူတွေဖြစ်ကြပါတယ်။ အခက်အခဲ တွေကို လမ်းသစ်ထွင်
စဉ်းစားနိုင်တဲ့သူ၊ ပြဿနာ တွေကို ဖြေရှင်းနိုင်တဲ့ သူတွေဖြစ်ကြတယ်လို့
ဆိုပါတယ်။ လုပ်သင့်တဲ့ ကိစ္စတွေကို သတ္တိရှိရှိနဲ့ လုပ်ရဲ၊ ကိုင်ရဲ၊
ပြောဆိုရဲတဲ့ သူတွေဖြစ်ကြလို့ လုပ်ငန်းခွင်မှာ လူအများက လေးစားအားကိုး
ခံရတဲ့သူတွေအနေနဲ့ တွေ့ရပါတယ်။ တကယ်တော့ ပရိုဖက်ရှင်နယ်စိတ် ဓာတ်ရှိမှု၊
တစ်နည်းအားဖြင့် ပရိုဖက်ရှင်နယ် ဆန်မှု၊ မဆန်မှုဟာ လူတစ်ယောက်ချင်းစီရဲ့
အကျိုးစီးပွားသာ မကဘဲ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအပါအ၀င် ကဏ္ဍ
အသီးသီးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်အကျိုးသက် ရောက်မှုရှိပါတယ်။
ယနေ့နိုင်ငံတကာမှာ ပရိုဖက်ရှင် နယ်အင်အား တောင့်တင်းတဲ့
လူ့စွမ်းအားအရင်းအမြစ် ကောင်းတွေရှိတဲ့ နိုင်ငံတွေဟာ သက်ဆိုင်ရာ
နိုင်ငံတကာ ဈေးကွက်တွေမှာ ဦးဆောင်နေရာ ယူထားနိုင်ကြတာကို တွေ့ရမှာပါ။
ဒီလို လူသားအရင်း အမြစ်ကို မူတည်လို့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊
ရင်းနှီးမြှုပ်နှံမှုစီးဝင်မှု၊ ကုန်ထုတ်လုပ်မှု တိုးတက်မှု စတဲ့
ဖွံ့ဖြိုးတိုးတက်မှု အကျိုးဆက်တွေ ဆင့်ကဲ ဖြစ်ထွန်းလာပါတယ်။
ဒီဖွံ့ဖြိုးတိုးတက်မှု တွေကလည်း တစ်ခါပြန်ပြီး သက်ဆိုင်ရာ ကဏ္ဍတွေမှာ
ပရိုဖက်ရှင်နယ်တွေ ပိုမို ထွက်ပေါ်လာအောင် တွန်းအားပြန်ပေးပါတယ်။ ဒီလိုနဲ့
ပရိုဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့
အပြန်အလှန် အကျိုးပြုပြီး ဖြစ်ထွန်း လေ့ရှိပါတယ်။ အချုပ်အားဖြင့်ဆိုရရင်
ပရိုဖက်ရှင်နယ် ဆိုတာ အတတ်ပညာရော အသိပညာပါ ရှိတဲ့သူလို့ ဆိုရမှာပါ။
ပရိုဖက်ရှင်နယ်ကောင်း တစ်ယောက် ဖြစ်ဖို့ရာမှာ ကိုယ်တိုင်လေ့လာ
သင်ယူမှုတွေနဲ့ ရေရှည် တည်ဆောက်သွားရတဲ့ ခရီးရှည် တစ်ခုပါ။ ဒါကြောင့်
လူငယ်တွေအနေနဲ့ အခြေခံပညာပြီးလို့ အဆင့်မြင့် ပညာသင်ယူတဲ့ အခါမှာ
ကိုယ်ဝါသနာပါတဲ့၊ ကိုယ့် အတွက် အမှန်တကယ် အသက်မွေးဝမ်းကျောင်း
လုပ်နိုင်မယ့် ပညာရပ်တွေကို သေသေချာချာရွေး ချယ်ပြီး
လေ့လာသင်ယူဖို့လိုသလို၊ တစ်ချိန်တည်းမှာပဲ ပရိုဖက်ရှင်နယ်ကောင်း
တစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်တဲ့ အလေ့အကျင့်
ကောင်းတွေကို လေ့ကျင့်ဖြည့်ဆည်းသွားဖို့ လိုအပ်တယ်။ ဒါမှ
ဘက်စုံထူးချွန်တဲ့ ပရိုဖက်ရှင်နယ် ကောင်းတွေဖြစ်လာမှာပါ။ မြန်မာလူငယ်များ
အောင်မြင်တဲ့ ပရိုဖက်ရှင်နယ်များ ဖြစ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း...
(အီးမေးလ်ကဟာလေး... ပြန်ရှဲတာပါ)
အင်တာနက်ရောဂါ
အင်တာနက်ရဲ့ကောင်းကျိုးတွေကြောင့်လူတွေ အကျိုးကျေးဇူးရကြတယ်။
ဒါပေမယ့်ဒါဟာ အင်တာနက်ကိုမဇ္ဈိမပဋိပဋာနည်းနဲ့သုံးတတ်သူတွေအတွက်ဖြစ်ပါတယ်။
အလွန်အကျွံစွဲလမ်းသွားမိသူတွေကတော့ ဘိန်း၊ အရက်၊ ဆေးစတာတွေလို
အင်တာနက်စွဲရောဂါရတတ်ပါတယ်။
About disorder - ရောဂါအကြောင်း
အင်တာနက်စွဲရောဂါမှာ၊ တခြားဘိန်း-ဆေးတွေလိုပစ္စည်းကိုစွဲတဲ့ substance
addiction မဟုတ်ဘဲ ချက်နေရတာ၊ ဘလောဂင်နေရတာ၊နက်ရှော့ပင်နေရတာစတဲ့
လုပ်ဆောင်မှုကိုစွဲတဲ့ process addiction ဖြစ်ပါတယ်။
Symptoms - ရောဂါလက္ခဏာများ
၁။ tolerance - ယဉ်ပါးသွားခြင်း (ဆေးယဉ်သကဲ့သို့)-
အင်တာနက်သုံးတဲ့အချိန်များနေပေမယ့် ဆက်ပြီးဆက်ပြီးသုံးချင်နေတာ၊
အချိန်နည်းတယ်လို့ခံစားရ၊ စိတ်ကျေနပ်မှုမရတာ။
၂။ withdrawal symptoms- ဆေးဖြတ်လက္ခဏာများခံစားရခြင်း -
အင်တာနက်သုံးတာလျှော့ချလိုက်ရရင်၊ စိတ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်လာတာ၊
စိတ်ဓာတ်ကျသလိုခံစားရတာ၊ စိတ်အလိုမကျသလိုခံစားရတာ။
အင်တာနက်သုံးနေတုန်းမှာ အနှောက်အယှက်ပေးသလိုဖြစ်ရင်
ပုံမှန်ထက်ပိုပြီးစိတ်တိုလာတာ။
အင်တာနက်ကြည့်နေရမှ စိတ်ပျော်ရွှင်ကျေနပ်မှုရတာ။
၃။ပုံမှန်အချိန်တွေမှာပါ အင်တာနက်နဲ့ပတ်သက်တာတွေးနေမိတာ၊ ဥပမာ-ဘလော့ဂ်မှာ
ဘာတင်လိုက်မယ်၊ ဘယ်သူ့ဆီသွားမလည်ရသေးဘူးစသဖြင့်
ဈေးသုံးနေရင်းစဉ်းစားနေမိတာမျိုး။
၎။ အင်တာနက်နဲ့ပတ်သက်တဲ့အိပ်မက်မကြာခဏမက်တာ။
၅။ type ရိုက်သလိုမျိုးလက်ဂနာမငြိမ်လှုပ်ရှားတတ်လာတာ။
၆။ စိတ်ကူးထားတာထက်ပိုပြီးအင်တာနက်ကိုအချိန်ပေးနေမိတာ။ ဥပမာ-မအိပ်ခင်
နာရီဝက်လောက်ကြည့်လိုက်ဦးမယ်ဆိုပြီး ၂-၃ နာရီဆက်မိတာ။
၇။ အင်တာနက်နဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေမှာ အချိန်ပိုပေးနေမိတာ
(အင်တာနက်ကြည့်တာအပြင်) ဥပမာ- ဘလော့ဂ်မှာတင်ဖို့ စာအုပ်ရှာဖတ်တာမျိုး
၈။ အင်တာနက်ကို လျှော့ဖို့စိတ်ကူးပေမယ့် မအောင်မြင်တာ။
၉။ တခြားလူမှုရေးနဲ့ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာတွေပျက်ကွက်လာတာ။ အထူးသဖြင့်
မိသားစုရှိသူတွေမှာ၊ ချက်ပြုတ်သန့်ရှင်းလိုစိတ်နည်းလာ၊
လင်မယားဆက်ဆံရေးစိတ်ဝင်စားမှုလျော့လာ၊
လိင်စိတ်အလိုဆန္ဒနည်းလာ-သားသမီးပေါ်ဝတ္တရားပျက်လာတာ။ တစ်ဦးထဲသမားတွေမှာ
အပြင်သူငယ်ချင်းတွေနဲ့ထိတွေ့ဆက်ဆံမှုနည်းလာတာ။
ကျောင်းသားတွေမှာအဆင့်ကျလာတာ။ အလုပ်သမားတွေမှာ
အလုပ်ထဲစိတ်ပါဝင်စားမှုနည်းလာတာ။
၁၀။ ကိုယ်လက်လှုပ်ရှားမှု၊ အပြင်ထွက်အပမ်းဖြေခြင်း၊ တီဗီကြည့်ခြင်းစတာတွေ
သိပ်မလုပ်တော့တာ။
၁၁။ အင်တာနက်အချိန်များလွန်းလို့ အိပ်ရေးပျက်ပြီး၊
နောက်နေ့မနက်စောစောမထနိုင်တာ၊ အိပ်ရေးပျက်မှုကြောင့်
အင်တာနက်ထိုင်တာကလွဲပြီးဘာမှလုပ်ချင်စိတ်မရှိတာ၊
၁၂။ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေးဝတ္တရားပျက်နေမှန်းသိနေလျက်နဲ့
အင်တာနက်ကို မဖြတ်နိုင်ဘဲဖြစ်လာတာ။
၁၃။ Forming cyber relationships with strangers met online is also a
sign of internet addiction. - အွန်လိုင်းကတဆင့် မတွေ့ဘူးမမြင်ဘူးသူ
သူစိမ်းများနဲ့မိတ်ဆွေဖြစ်-ဆက်ဆံဖြစ်တာ။ Extra-marrital relations -
အိမ်ထောင်ဖက်ဇနီး၊ခင်ပွန်းအပြင် ဆက်သွယ်မှုများ
ရောဂါဖြစ်လွယ်သူများ
စိတ်ဓာတ်ရေးရာအားနည်းချက်ရှိသူများမှာ ဒီရောဂါစွဲလွယ်ပါတယ်။ ငယ်ဘ၀က
စိတ်အနာရဖူးသူများ (psychological trauma)၊ စိတ်ဓာတ်ကျလွယ်သူများ၊
အများနဲ့မဆက်ဆံချင် တကိုယ်တည်းနေတတ်သူများ၊ အလုပ်ဒဏ်ကိုရှောင်တတ်သူများ၊
အင်တာနက်နဲ့စိတ်ထွက်ပေါက်ရှာတတ်သူများ
Complications - ဆက်တွဲဆိုးကျိုးများ
၁။ ကျန်းမာရေးဆိုင်ရာပြဿနာများ-health problems
(၁) မျက်စိပြဿနာ
(၂) ကျောအောင့်ခါးနာ စသော အကြောဆိုင်ရာဝေဒနာများ
(၃) လက်မ၊လက်ညိုးနှင့်လက်ခလယ်လက်ချောင်းလေးများထုံကျင်ခြင်းရောဂါ -carpal
tunnel syndrome
(၄) အားအင်နည်းပါးခြင်း(fatigue)
(၅) အဆီတက်လာခြင်း-ထိုမှတဆင့် နှလုံးသွေးကြောရောဂါများ
၂။ မိသားစုပြဿနာများ-Familial problems
(၁) လင်မယားပြတ်စဲခြင်း
(အွန်လိုင်းမိတ်ဆွေအဆင့်မှသံယောဇဉ်ပိုလာခြင်းကြောင့်အိမ်ထောင်ဖက်ကိုစိတ်ဝင်စားမှုနည်းလာခြင်း၊
အင်တာနက်ကိုသာအလွန်အမင်းစွဲလမ်းနေမှုကြောင့်
လင်မယားဆက်ဆံရေးနည်းပါးလာခြင်း နှစ်မျိုးဖြစ်နိုင်ပါတယ်)
(၂) သားသမီးစိတ်ဝေဒနာရခြင်း-မိဘသားသမီးဆက်ဆံရေးအေးစက်လာခြင်း
၃။ လူမှုရေးအကျိုးဆက်များ-Social problems
အလုပ်ပျက်ခြင်း၊ မိတ်ဆွေစစ်နည်းပါးလာခြင်း၊
Treatment - ကုသမှု
ဆေးကိုတိကနဲဖြတ်ရင် ဆေးဖြတ်တဲ့ withdrawal symptoms တွေကြောင့်
လူထိခိုက်တတ်သလို၊ နက်သမားကို နက်တိကနဲဖြတ်ခိုင်းရင် စိတ်ဓာတ်ကျတာ၊စတဲ့
ဝေဒနာတွေဝင်လာတတ်ပါတယ်။ ဒါကြောင့်မျှင်းပြီးဖြတ်စေရပါတယ်။
၁။ တနေ့တာအတွင်းနက်သုံးချိန်ကို မှတ်တမ်းပြုစုစေခြင်း
၂။ ပြင်ပလောကနဲ့ပိုဆက်ဆံစေခြင်း-ခရီးတိုထွက်ခြင်းစသည်
၃။ မိသားစုသမားများအတွက်၊ မိဘ၀တ်-သားသမီးဝတ်-လင်ဝတ်-မယားဝတ်
စသည်များပြန်လည်သတိရစေခြင်း
၎။ သင်တန်း-လက်မှုအတတ်ပညာစတာတက်စေခြင်း
၅။ တရားထိုင်စေခြင်း
Prognosis - ရောဂါပျောက်ကင်းနိုင်မှု
ခံယူချက်နဲ့ အမူအကျင့်ပြောင်းလဲနိုင်မှု attitude and behavioral change
ပေါ်မှာမူတည်ပါတယ်။
Monday, February 8, 2010
ဘီလ်ဂိတ်ပြောတဲ့ ဘ၀ဆိုတာ...
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
( ၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
..........သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့်
ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား
ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။
( ၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
( ၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
( ၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက
တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
( ၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။
Saturday, February 6, 2010
အင်တာနက် လွတ်လပ်ခွင့်....
ဒီနေ့ AC ရောက်တုန်းလေး... စာအုပ်လေးတွေ ထိုင်ဖတ်ဖြစ်တယ်...
အဲဒီမှာ NewsWeek ရဲ့ အဖုံးမှာ google ကို ဖိနပ်တစ်ခုက နင်းထားပြီး အဲဒီဖိနပ်မှာ တရုတ်အလံလေးကို သွားတွေ့တယ်...
ဂူဂဲကြီး တရုတ်က ခွာသွားပီဆိုတာ သိထားပေမယ့် ဘာကြောင့်မှန်းမသိဘူး....
အခုမှ ဒါကြီးသွားတွေ့တော့ ကောက်ဖတ်လိုက်မိတယ်....
အီးကလည်း သိပ်မကောင်းတော့ သိပ်တော့ ခရီးမရောက်ဘူးပေါ့ဗျာ....
ဒါပေမယ့် အဲဒီမှာ အဓိက အချက်က ဘာလဲဆိုတော့..... တရုတ်ရဲ့ ဆင်ဆာ ကိစ္စပဲ....
ဂူဂဲရဲ့ ကြွေးကြော်သံထဲမှာ..... ငါတို့မှာ လျှို့ဝှက်စရာဘာမှ မရှိစေရဘူး.... အားလုံးဟာ ပွင့်ပွင့်လင်းလင်း ရှိရမယ်...ဆိုတဲ့အချက်က ပါတယ်လေ....
တရုတ်ကလည်း အဲဒါကိုပဲ လက်မခံနိုင်ဘူးပေါ့...
ဥပမာ... ဒလိုင်းလားမားလို့ ရိုက်လိုက်ရင် ဆိုဒ်တော်တော်များများကို ပိတ်ထားတယ်....
အဲဒီမှာ ဇာတ်လမ်းက စတာပဲ....
အဲဒါတွေအပြင်ကို ဂူဂဲကိုလည်း သူတို့က စောင့်ကြည့်နေကြတယ်လေ....
အဲဒီမှာ အွန်လိုင်းလွတ်လပ်ခွင့်နဲ့ ဆင်ဆာရဲ့ တိုက်ပွဲစတာပါပဲ....
အဲဒီတိုက်ပွဲရဲ့ နောက်ကွယ်မှာ အခြားကိစ္စတွေကလည်း အများကြီးပေါ့....
သူရေးထားတာကတော့ အခြားသော ရင်းနှီးမြုပ်နှံမှုတွေ၊ ကုမဏီတွေအပေါ်မှာလည်း ရိုက်ခတ်နိုင်သလားပေါ့...
ဂလိုဘယ်လိုက်ဇေးရှင်ြး့ကီးက တရုတ်ကို ရိုက်ခတ်လာသလို.... တရုတ်ကလည်း ဂလိုဘယ်လိုက်ဇေးရှင်းကြီးကို တန်ပြန်ရိုက်ခတ်တယ်ပေါ့...
တရုတ်နိုင်ငံတွင်းက အင်တာနက်သုံးစွဲသူတွေတချို့ကလည်း ဂူဂဲဘက်က ထောက်ခံကြတယ်....
ဒါပေမယ့် နောက်ဆုံးမှာ ဂူဂဲဟာ တရုတ်ကနေ ထွက်ခွာဖို့ကို ဆုံးဖြတ်လိုက်တယ်....
ဒီဆုံးဖြတ်ချက်ဟာ... တရုတ်ပြည်က အင်တာနက်သုံးစွဲသူတွေနဲ့မဆိုင်ဘူး.....
သူတို့ရဲ့ ကြွေးကြော်သံဖြစ်တဲ့.... အင်တာနက်လွတ်လပ်ခွင့် အတွက်ပဲပေါ့......
........
အဲဒီမှာ ခေါင်းထဲရောက်လာတာက.....
လွတ်လပ်ခွင့် ဆိုတာလေးရယ်......
ကိုယ့်ရဲ့ယုံကြည်ချက်အတွက် တိုက်ပွဲဝင်ခြင်း.....ဆိုတာပေါ့....
..........
ဂူဂဲနဲ့စပြီးတွေကတည်းက အခမဲ့ဆိုတာရယ်....အတိုင်းအဆမရှိ.....ဆိုတာပဲ...
ဂျီးမေးလ်ကို အလကားရတယ်..... ပြီးတော့ သိမ်းဆည်းထားနိုင်မှုကလည်း အကန့်အသတ်မရှိပဲ...
ပြီးတော့.... သူပေးလာတဲ့ ၀န်ဆောင်မှုတွေကလည်း သရေကျစရာပဲ.....
ဒီလောက်ကောင်းတဲ့ ၀န်ဆောင်မှုကို အလကားရတယ်.....
ဒါကြောင့်လည်း အားလုံးက နှစ်သက်မက်မောစွာ သုံးစွဲနေကြတယ်......
ဒီလိုပဲ....မိုက်ခရိုဆော့လို အိုင်တီဘိုးဘိုးကြီးတွေကတောင် လိုက်ပြီး အတုယူလာကြရတယ်....
ဂူဂဲကို လူတန်းစားမရွေးက သုံးစွဲလာကြတယ်..... ကျောင်းသားတွေဆို ပိုဆိုးသေး....
စာတမ်းတွေဆင်ရမယ်ဆိုလည်း ဂူဂဲမှာ မွှေတော့တာပဲ....
ဒီလိုဂူဂဲကြီးက တရုတ်ကခွာတယ်ဆိုတဲ့ကိစ္စကတော့ တကယ်ကို ပေါက်ကွဲမှုကြီးတစ်ခုလိုပါပဲ....နော့
အရင်ကဆိုရင်... ကိုယ်သိတာလေးကို ဖွက်ထားပြီး ဒါနဲ့လုပ်စားချင်ကြတယ်... ဆရာစားချန်ချင်ကြတယ်....
အင်တာနက်တွေပေါ်လာပြီးနောက်ပိုင်းမှာ ဒါက တော်တော်လေးကို ရီစရာလိုဖြစ်သွားတယ်....
ကိုယ်သိတာတွေကို အင်တာနက်ပေါ်တင်ပြီး ၀ိုင်းဆွေးနွေးကြတယ်.... ကြိုက်တဲ့ကောင်က ယူသုံးပဲ....
ဒါကြောင့်လည်း တချိန်က တန်ဖိုးကြီးမားပြီး အထက်တန်းစားတွေမှသာ သုံးစွဲနိုင်တာတွေက
အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်သုံးတွေ ဖြစ်လာတယ်....
ဒါကြောင့်လည်း လူတွေက အသစ်တွေကို ဆာလောင်လာကြတယ်.....
အသစ်တွေကို ဆာလောင်လို့လည်....အသစ်တွေကို တီထွင်လာကြတယ်.....
ဘာတစ်ခုကိုမှ ဆုပ်ကိုင်ထားလို့မရနိုင်သလို.....
ဘာအရာတွေအပေါ်မှာမှ အကြာကြီး သာယာနေလို့မရဘူးလေ...
ကမ္ဘာကြီးဟာ တဖြည်းဖြည်းပြားလာတယ်..... ပြားတယ်ဆိုတာ ပုံသဏ္ဍာန်အရ ပြားတာမဟုတ်ဘူးလေ...
လူတိုင်းဟာ အင်တာနက်ကို အခြေခံပြီး.... ကိုယ့်ကျွမ်းကျင်မှုတွေနဲ့ အားလုံးကို ပြိုင်ဆိုင်နိုင်လာတယ်...
အားလုံးနဲ့ တန်းတူအခွင့်အရေးရလာတယ်.... ဒါကိုပြောတာပါပဲ...
ဒါကပဲ အင်တာနက်ရဲ့ လွတ်လပ်ခွင့်ပဲလေ....
အထူးသဖြင့် လူငယ်တွေရဲ့ လွတ်လပ်ခွင့်ပဲလေ.... အင်တာနက်ကို အခြေခံပြီး နည်းပညာတွေနဲ့ နပန်းလုံးနေကြတဲ့ လူငယ်တွေရဲ့ အခွင့်အရေးပဲ။ အခွင့်အလမ်းပဲလေ.
....................
အဲဒီလို အင်တာနက်ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေအပေါ် ယုံကြည်ချက်ရှိရှိနဲ့
ဂူဂဲအပေါ်မှာတော့ လေးစားစွာပဲ ထောက်ခံလိုက်ပါတယ်...
...........
http://www.newsweek.com/id/231117
http://search.newsweek.com/search?q=google+vs+china


