Wednesday, July 2, 2014

လူကျွံဘော (Men 0ut)

ကဘာ့ဖလားရာသီကာလအတွင်းမှာ ဘောလုံးပွဲတွေကို ကြည့်ရင်း အရင်က ဘလောမှာ ရေးခဲ့ဘူးတဲ့ ဘောစကား ဆိုတာလေး ပြန်ရေးဖို့ စိတ်ကူးရလာတယ်။ ဘောစကားဆိုတာက ဆရာသုမောင်ရဲ့ ကွမ်းစကားစာစုကနေ အတွေးရလာတဲ့ စာစုပါ။ သူကတော့ ဘောလုံးအကြောင်းရေးတာမဟုတ်ပေမယ့် ကျွန်တော်ကတော့ ဘောလုံးနဲ့ပတ်သက်ဆက်စပ်တဲ့အကြောင်းတွေမို့လို့ ဘောစကားလို့ ပေးထားတာပါ။ ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ အကြောင်းအရာလေးတွေကနေ ဘ၀အတွက် သင်ခန်းစာယူနိုင်တဲ့အကြောင်းလေးတွေပါ။

လူကျွံဘော (Men 0ut)
ဘောလုံးပွဲနဲ့ ပတ်သက်ပြီး စည်းကမ်းတွေမှာ လူကျွံဘော ကလည်း တစ်ခုအပါအ၀င်ပါပဲ။ သတ်မှတ်ထားတဲ့နေရာထက် ပိုစောရောက်နေတဲ့အတွက် လူကျွံဘောအဖြစ်သတ်မှတ်ခံရပါတယ်။ ခဏလေးသာစောင့်ရင် တကယ့်အခွင့်အရေးဖြစ်ပြီး အသင်းအတွက်ပါ ဂိုးတွေသွင်းနိုင်မယ့်အခွင့်အရေးကနေ မစောင့်နိုင်ပဲ စောသွားတဲ့အခါ လူကျွံဘောဖြစ်ရပါတယ်။ တင်ပေးလာမယ့် ဘောလုံးကို နောက်တန်းကလူတွေနဲ့ အတူ သတ်မှတ်ထားတဲ့နေရာကပြီး စောင့်နေပြီး သတ်မှတ်ထားတဲ့အချိန်မှာ နောက်တန်းလူတွေထက် ပိုပြီးဦးအောင် ကြိုးစားရင်း ဂိုးတွေသွင်းရမှာပါ။
ဒီလိုပဲ ကျွန်တော်တို့ဘ၀မှာလည်း လူကျွံဘောတွေ ခဏခဏဖြစ်ရပါတယ်။
ဆိုရိုးစကားတောင်ရှိပါတယ်ဗျာ။ ကြမ်းကျွံတာ နှုတ်လို့ရတယ်၊ စကားကျွံတာ နှုတ်လို့မရဘူးတဲ့။ အခုတော့ဗျာ လူတွေက ကျွံနည်းမျိုးစုံနဲ့ကို ကျွံနေကြတော့တာပါပဲ။ စကားအနေနဲ့လည်း ကျွံလိုက်တာပဲ။ ကိုယ်ထိလက်ရောက်လည်း ကျွံလိုက်တာပဲ။ ကာယကံ၊ ၀စီကံ၊ မနောကံတဲ့။ ပါးစပ်ကလည်း ပက်ပက်စက်စက် ပြစ်ပြစ်နှစ်နှစ် ပြောလိုက်တာပဲ။ ကိုယ်ထိလက်ရောက်လည်း တီးမလိုက်တာပဲ။ စိတ်နဲ့လည်း ပစ်မှားလိုက်ကြတာပဲ။
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေမှားပြီး သေသေချာချာ မစဉ်းစားပဲ တွေးပစ်လိုက်တာ၊ ထင်လိုက်တာ၊ ပြောလိုက်တာ၊ ဆုံးဖြတ်လိုက်တဲ့အခါ အမှားတွေနဲ့ ကြုံတွေ့ရသလို ဆက်ဆံရေးတွေ အေးခဲပြတ်တောက်သွားခဲ့ကြရတယ်။ နောင်တတွေ ရခဲ့ကြရတယ်။

တခါတလေကျရင်လည်း သူများပိုင်ဆိုင်ထားတဲ့အရာကို သိလျက်နဲ့ စည်းမစောင့်ပဲ လိုချင်လိုက်ကျတာ။ သိမ်းပိုက်လိုက်ကြတာ တဖက်သားအတွက် နစ်နာသလို၊ လူအသိုင်းအ၀ိုင်းရဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့လည်း ငြိစွန်းပါတယ်။ ဘ၀မှာ အမည်းစက်ကြီးတွေအဖြစ်ပါ ဖြစ်သွားနိုင်ပါတယ်။
ဘာသာတရားအရ ကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့က ဘုရားသခင်ဆီမှာ လိုချင်တာတွေကို တောင်းတတ်ကြတယ်။ ဒါပေမယ့် မစောင့်နိုင်ကြဘူး။ ဘုရားသခင်က အရာခပ်သိမ်း သိကျွမ်းတော်မူပြီး အချိန်တန်တဲ့အခါ လိုချင်တာထက်ကို ပိုပြီးကောင်းကြီးတွေကို ချပေးပါတယ်။ ဒါပေမယ့် လိုချင်တာတွေ ချက်ချင်းမရတဲ့အခါ ဘုရားကို မေးခွန်းထုတ်ကြတယ်။ အပြစ်တင်ကြတယ်။ တကယ်တော့ ကိုယ်ကိုယ်တိုင်က ကိုယ်လိုချင်တာအတွက် လိုအပ်တဲ့ကြိုးစားအားထုတ်မှုကိုသာ လုပ်ဆောင်နေမယ်ဆိုရင် ဘုရားသခင်က ပေးမယ်ဆိုတာ ဧကန်မလွဲပါပဲ။
ဆိုတော့ကာ ဘ၀မှာ လူကျွံဘောတွေ မဖြစ်ရအောင် အသိတရားတွေနဲ့ သတိထားပြီး တစ်ဦးပေါ်တစ်ဦး  ချစ်ခြင်းတရားတွေနဲ့ နားလည်မှုတွေထားပြီး ကိုယ်မျှော်လင့်ချက်ပန်းတိုင်တွေဆီ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားချီတက်ရင်း အောင်မြင်မှုတွေ ရယူကြပါစို့လားဗျာ


"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..