ဘယ်လိုလဲ..
အခါခါရှုံးနိမ့်လဲကျခြင်းတွေထဲ
အကြိမ်ကြိမ် ပြန်ထရခြင်းကိုက ဘ၀ပဲလား...
အရှေ့ကိုလှမ်းကြည့်တယ်...
သူများတွေ အသီးသီးဆိုက်ကပ်နေတဲ့ ကမ်းခြေထဲ
ငါဟာ မရောက်နိုင်သေးဘူး...
ကြိုးစားလှော်ခတ်နေခြင်းမှာ
ရွေ့လျားခြင်းက လိုက်မလာဘူး....
ရင်ဘတ်ကို လာလာကုတ်ခြစ်နေတဲ့
စိတ်ဓါတ်ကျခြင်းတွေထဲ
ငါဟာ သွေးစိမ်းတွေ သွင်သွင်ပန်းထွက်နေပီ...
အွန်လိုင်းနဲ့ငါ့လက်တွေကို
သော့ခတ်ထားသလိုမျိုး...
သတင်းစာတွေထဲမှာ ပြန့်ကျဲသွားတဲ့
ငါ့မနက်ခင်းတွေထဲ...
ငါဟာ ရီဝေမူးရစ်နေပြီ...
ကံကြမ္မာရဲ့ကောင်းမြတ်ခြင်းတွေရယ်..
ငါ့ကို နောက်ပြောင်နေခြင်းလား..
လှောင်ရီနေခြင်းလား..သိချင်စမ်းရဲ့
ညွှတ်ကျလာတဲ့ဒူးတွေနဲ့အတူ
ငါဟာ ပြိုလဲလိုက်ရတော့မှာလား...
စာအုပ်လေးတစ်ခုရဲ့သက်တမ်းကလည်း
တဖြည်းဖြည်း ဆွေးမြည့်လာပြီ....
ရင်ဘတ်ထဲ ဟုန်းဟုန်းတောက် မျှော်လင့်ခြင်းတွေလဲ...
အရှိန်နည်းလို့ အေးခဲလာတော့မယ်...
အိုး....စင်ကာပူကြီးရယ်..
ငါ့အိမ်မက်တွေကိုများ အမှည့်ခြွေနေတာလား..
အဲဒီ..PR တို့ Singaporian တို့ Local ဆိုတဲ့ အသံတွေကို
ငါ ကြောက်ရွံ့လာပီ...
ဘာဖြစ်ဖြစ်လေ...
ဘ၀ဆိုတာကိုက..ချိုမြိန်ခြင်းတွေအတိပြီးနေတာမှ မဟုတ်တာ...
ခါးသီးခြင်းတွေရဲ့နောက်မှာ လင်းလက်တဲ့ကြယ်စင်တွေလည်း
ငါတို့ကို ကြိုဆိုနေမှာပဲလေ...
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Monday, February 25, 2008
Friday, February 22, 2008
ဘ၀ဆိုတာ
ဘ၀ဆိုတာ....
အခါခါရှုံးနိမ့်ခြင်းတွေထဲ
အကြိမ်ကြိမ်ပြန်ထ....
မနက်ဖြန်ကို လှမ်းကြည့်ရတာ
နှလုံးကို ခုန်မြန်စေတယ်....
တိုက်ပွဲတွေ အကြိမ်ကြိမ်တိုက်ဖို့
ဦးခေါင်းကို မော့ထားရမယ်....
ရင်ဘတ်ထဲက အနာတွေကိုက
ကိုယ့်အတွက်ဆေးဝါး...
ကော့ထားတဲ့ရင်ဘတ်တွေအတွက်
ဦးနှောက်ကို အလုပ်ပေးထား...
ဒဏ်ရာတွေထဲ
စိတ်ပျက်လို့လဲကျနေရင်...
ကြယ်စင်တွေပျက်သုဉ်းသွားမယ်...
သြော်...
ဘ၀ဆိုတာ...
ရင်ဘတ်ထဲက ပေတံတွေအတွက်
တိုက်ပွဲဝင်နေရခြင်းပါလား.....။ ။
အခါခါရှုံးနိမ့်ခြင်းတွေထဲ
အကြိမ်ကြိမ်ပြန်ထ....
မနက်ဖြန်ကို လှမ်းကြည့်ရတာ
နှလုံးကို ခုန်မြန်စေတယ်....
တိုက်ပွဲတွေ အကြိမ်ကြိမ်တိုက်ဖို့
ဦးခေါင်းကို မော့ထားရမယ်....
ရင်ဘတ်ထဲက အနာတွေကိုက
ကိုယ့်အတွက်ဆေးဝါး...
ကော့ထားတဲ့ရင်ဘတ်တွေအတွက်
ဦးနှောက်ကို အလုပ်ပေးထား...
ဒဏ်ရာတွေထဲ
စိတ်ပျက်လို့လဲကျနေရင်...
ကြယ်စင်တွေပျက်သုဉ်းသွားမယ်...
သြော်...
ဘ၀ဆိုတာ...
ရင်ဘတ်ထဲက ပေတံတွေအတွက်
တိုက်ပွဲဝင်နေရခြင်းပါလား.....။ ။
Thursday, February 7, 2008
အလွမ်း
အလွမ်းဆိုတာ...
ကမ်းခြေကို ရိုက်ခတ်တဲ့ လှိုင်းကလေးတွေလား...
အပြောကျယ်တဲ့ ပင်လယ်ကြီးတဲ့
စုန်ဆန်ကူးခတ်ရင်း နွမ်းလျလာတဲ့အခါ
ကမ်းခြေကို အပြေးအလွှား
ခိုဝင်နားရသလိုပဲ
အလွမ်းဆိုတာလဲ
ဘ၀ကြီးထဲ ၀ဲလည်မောပန်းစွာ
လှုပ်ရှားရုန်းကန်ရင်း မောပန်းလာတဲ့အခါ
တချိန်က ပျော်ရွှင်ခဲ့ရခြင်းတွေကို
လွမ်းမောတမ်းတရခြင်းပဲလား...။
လှိုင်းတွေမှာတောင်
နားခိုစရာ ကမ်းခြေရှိရင်...
အလွမ်းတွေမှာကော
ဆုံဆည်းပျော်ရွှင်ခွင့်တော့ မရနိုင်တော့ဘူးလား...
သြော်...
အလွမ်းဆိုတာ ကမ်းခြေကို
လာလာရိုက်တဲ့ လှိုင်းကလေးတွေပဲလားကွယ်....။
ကမ်းခြေကို ရိုက်ခတ်တဲ့ လှိုင်းကလေးတွေလား...
အပြောကျယ်တဲ့ ပင်လယ်ကြီးတဲ့
စုန်ဆန်ကူးခတ်ရင်း နွမ်းလျလာတဲ့အခါ
ကမ်းခြေကို အပြေးအလွှား
ခိုဝင်နားရသလိုပဲ
အလွမ်းဆိုတာလဲ
ဘ၀ကြီးထဲ ၀ဲလည်မောပန်းစွာ
လှုပ်ရှားရုန်းကန်ရင်း မောပန်းလာတဲ့အခါ
တချိန်က ပျော်ရွှင်ခဲ့ရခြင်းတွေကို
လွမ်းမောတမ်းတရခြင်းပဲလား...။
လှိုင်းတွေမှာတောင်
နားခိုစရာ ကမ်းခြေရှိရင်...
အလွမ်းတွေမှာကော
ဆုံဆည်းပျော်ရွှင်ခွင့်တော့ မရနိုင်တော့ဘူးလား...
သြော်...
အလွမ်းဆိုတာ ကမ်းခြေကို
လာလာရိုက်တဲ့ လှိုင်းကလေးတွေပဲလားကွယ်....။
Tuesday, January 29, 2008
ရွက်လွှင့်ခြင်း
ဘာရယ်မဟုတ်ပါဘူး...။
ရင်ထဲခံစားလာရတာလေး..ချရေးကြည့်တာပါ...။
ကမ်းခြေမှာ
တလှုပ်လှုပ်ဆိုက်ကပ်နေခြင်းက
ငါ့အိပ်မက်ကို
သံချေးတက်စေပြီလား.....။
ဟိုအဝေးကို လှမ်းကြည့်တော့
ကြယ်စင်တွေ အစင်းစင်းလင်းတဲ့
ပင်လယ်ပြင်ကျယ်နဲ့
ကောင်းကင်ကြီးကို တွေ့တယ်....။
ငါ့ရင်ဘတ်ထဲက ကြယ်စင်အတွက်ကော...
အဲဒီကောင်းကင်မှာ နေရာမရှိဘူးလား....။
လှိုင်းလုံးတွေထဲ
လူးလွန့်ရွက်လွှင့်ဖို့
ငါဟာ ကြောက်ရွံ့နေရမှာလား....။
ငါ့ရဲ့ကြယ်စင်ကို
ဟိုးမိုးမြင့်ကောင်းကင်မှာ
လွှင့်တင်ထားဖို့...
လှိုင်းနဲ့လေဒဏ်ကို ကြံ့ကြံ့ခံ...
မုန်တိုင်းကို အန်တု...
အိပ်မက်ကို ထုဆစ်ဖို့
တက်ကို ဖွင့်...
ရွက်ကို လွှင့်လို့...
ကမ်းခြေကို စွန်ခွာတော့မယ်...။
ရင်ထဲခံစားလာရတာလေး..ချရေးကြည့်တာပါ...။
ကမ်းခြေမှာ
တလှုပ်လှုပ်ဆိုက်ကပ်နေခြင်းက
ငါ့အိပ်မက်ကို
သံချေးတက်စေပြီလား.....။
ဟိုအဝေးကို လှမ်းကြည့်တော့
ကြယ်စင်တွေ အစင်းစင်းလင်းတဲ့
ပင်လယ်ပြင်ကျယ်နဲ့
ကောင်းကင်ကြီးကို တွေ့တယ်....။
ငါ့ရင်ဘတ်ထဲက ကြယ်စင်အတွက်ကော...
အဲဒီကောင်းကင်မှာ နေရာမရှိဘူးလား....။
လှိုင်းလုံးတွေထဲ
လူးလွန့်ရွက်လွှင့်ဖို့
ငါဟာ ကြောက်ရွံ့နေရမှာလား....။
ငါ့ရဲ့ကြယ်စင်ကို
ဟိုးမိုးမြင့်ကောင်းကင်မှာ
လွှင့်တင်ထားဖို့...
လှိုင်းနဲ့လေဒဏ်ကို ကြံ့ကြံ့ခံ...
မုန်တိုင်းကို အန်တု...
အိပ်မက်ကို ထုဆစ်ဖို့
တက်ကို ဖွင့်...
ရွက်ကို လွှင့်လို့...
ကမ်းခြေကို စွန်ခွာတော့မယ်...။
Wednesday, January 16, 2008
ဘာရယ်မဟုတ်ပါဘူး....။
နှစ်သစ်ကူးပြီဆိုတော့ ဘလော့တင်ချင်တာ...
ဘာတွေဖြစ်နေမှန်းကို မသိဘူး...။
အခုမှ အဆင်ပြေလို့တင်လိုက်ပြီ...။
ဘာရယ်မဟုတ်ပါဘူး....။
ကဗျာလေးပါပဲ...။
ပြက္ခဒိန်ဟောင်းတဲ့ညတဲ့...။
“ပြက္ခဒိန်ဟောင်းတဲ့ည”
ပါးပြင်ပေါ်ဖြတ်ပြေးသွားတဲ့
အေးစက်စက်အထိအတွေ့မှာ
ငါဟာ လန့်နိုးခဲ့..။
တလှုပ်လှုပ်လွင့်နေတဲ့
ခန်းဆီးအပြင်ဖက်က
အမှောင်ဝါးဝါးမှာ
လရောင်ဟာ လင်းရီပြာလဲ့...။
တချက်ချက်နဲ့ရွေ့လျားနေတဲ့
နာရီသံတွေကြားမှာ
ငါဟာ တစ်စုံတစ်ရာကို
သိနေသလို ခံစားခဲ့ရ...။
အဝေးကလွင့်လာတဲ့...ခေါင်းလောင်းသံရယ်
လမ်းမပေါ်လျှံတက်လာတဲ့...အော်သံအချို့ရယ်
ငါ့နဘေးနား ထမြည်တဲ့...နှိုးစက်သံရယ်
..........
..........
အဲဒီလို အသံတွေကြားမှာပဲ
ပြကဒိန်တစ်ခုဟာဟောင်းသွားခဲ့....။
ခေရုဗိမ်
နှစ်သစ်ကူးပြီဆိုတော့ ဘလော့တင်ချင်တာ...
ဘာတွေဖြစ်နေမှန်းကို မသိဘူး...။
အခုမှ အဆင်ပြေလို့တင်လိုက်ပြီ...။
ဘာရယ်မဟုတ်ပါဘူး....။
ကဗျာလေးပါပဲ...။
ပြက္ခဒိန်ဟောင်းတဲ့ညတဲ့...။
“ပြက္ခဒိန်ဟောင်းတဲ့ည”
ပါးပြင်ပေါ်ဖြတ်ပြေးသွားတဲ့
အေးစက်စက်အထိအတွေ့မှာ
ငါဟာ လန့်နိုးခဲ့..။
တလှုပ်လှုပ်လွင့်နေတဲ့
ခန်းဆီးအပြင်ဖက်က
အမှောင်ဝါးဝါးမှာ
လရောင်ဟာ လင်းရီပြာလဲ့...။
တချက်ချက်နဲ့ရွေ့လျားနေတဲ့
နာရီသံတွေကြားမှာ
ငါဟာ တစ်စုံတစ်ရာကို
သိနေသလို ခံစားခဲ့ရ...။
အဝေးကလွင့်လာတဲ့...ခေါင်းလောင်းသံရယ်
လမ်းမပေါ်လျှံတက်လာတဲ့...အော်သံအချို့ရယ်
ငါ့နဘေးနား ထမြည်တဲ့...နှိုးစက်သံရယ်
..........
..........
အဲဒီလို အသံတွေကြားမှာပဲ
ပြကဒိန်တစ်ခုဟာဟောင်းသွားခဲ့....။
ခေရုဗိမ်
Wednesday, August 15, 2007
ချစ်ခြင်းရဲ့ပွင့်ဖက်လေးတွေ..
အလွမ်းဆိုတာ....
ချစ်ခြင်းရဲ့ ပွင့်ဖက်လေးတွေလား.....။
မဆုံနိုင်ခြင်းတွေက
ကြယ်တွေလို အစင်းစင်းကြွေနေလဲ...
မနက်ခင်းတိုင်းဟာ
ချစ်ခြင်းရနံ့တွေ မွှေးပျံ့နေဆဲ....။
နွေးထွေးခဲ့ဖူးတဲ့
ဘယ်ဘယ်ပါးပြင်လေးရယ်....
ထွေးပွေ့ငေးရီရင်း
ထိုင်နေခဲ့ဖူးတဲ့...
ကန်ရေပြင်ညနေခင်းတွေရယ်....
စကားလုံးတွေဆွံ့အခဲ့ရတဲ့
အမှောင်ရောင်အိမ်ပြန်ချိန်များရယ်....
ဒါတွေဟာ.....
မင်းရင်ဘတ်ထဲမှာ မွှေးပျံနေသလို....
ငါ့အိပ်မက်တွေထဲလည်း ချိုမြိန်ဆဲပါ.....။
မင်းရင်ဘတ်ထဲက လမင်းဟာ
ငါ့ရင်ဘတ်ထဲက နှင်းဆီခင်းပါပဲ....။
ကြယ်တွေအစင်းစင်းခတဲ့
လင်းမြတဲ့ညတွေဆီ
ကိုယ်ပျံသန်းကြစို့နော်...။ ။
Subscribe to:
Posts (Atom)


