Monday, July 30, 2007

ကြယ်စင်ချစ်သူ

ကျွန်တော့်မှာ စိတ်ကူးဆန်းဆန်းနဲ့ ချစ်သူလေးတစ်ယောက်ရှိတယ်..။

သူက ညရဲ့ကောင်းကင်မှာ လမင်းကြီးမရှိရင်နေပါစေ.. ကြယ်စင်တွေ ပြည့်နေတာပဲ ကြိုက်တယ်တဲ့...။

ဒီစကားလေးက ကျွန်တော့်ကို တော်တော်လေး အကျိုးသက်ရောက်မှုရှိတယ်....။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ညရဲ့ ကောင်းကင်မှာ လမင်းကြီးရှိနေမှ ကြိုက်တာလေ....။
ညရဲ့ကောင်းကင်မှာ လမင်းကြီးမှ မရှိရင် တစ်ခုခုလိုနေသလို ခံစားရတယ်...။ စိတ်ထဲမှာလဲ မကြည်လင်သလိုခံစားရတယ်။

အခုတော့ ကျွန်တော်ချစ်သူလေးက ကြယ်စင်ခတဲ့ ညရဲ့ကောင်းကင်ဆိုတော့ ကျွန်တော်လည်း ကြယ်စင်ညကို ချစ်တတ်လာခဲ့တယ်...။

ကျွန်တော်နဲ့ ကျွန်တော်ချစ်သူလေးက တစ်ယောက်တစ်နယ်ဆီ နေကြရတာ...။ တွေ့ဖို့ကလည်း မလွယ်ဘူးလေ...။ ဒီတော့ တမ်းတလို့ လွမ်းရတဲ့ညတွေကို ကောင်းကင်ကို ငေးမောရင်း တီးတိုးစကားဆိုရတာလေ..။

အရင်ကဆို...ညတွေမှာ လမသာရင်...ရင်ထဲမကောင်းဘူး။
ဒါပေမယ့်...ကောင်းကင်ကြီးမှာ လမင်းကြီးမရှိလဲ ကြယ်စင်လေးတွေက အမြဲရှိနေတာပဲလေ။
ကောင်းကင်ကြီးမှာ ကြယ်စင်လေးတွေ အမြဲရှိနေသလို...ကျွန်တော်ကလည်း ကျွန်တော်ရဲ့ ကြယ်စင်ချစ်သူလေးကို အမြဲတမ်း ချစ်သွားမှာပါ....။

Tuesday, July 17, 2007

ဒါနောက်ဆုံးလား.....

တစ်ခါတစ်လေ စဉ်းစားမိတယ်....

ဘ၀ဆိုတာ...သေဆုံးခြင်းနဲ့ဘဲ အဆုံးသတ်မှာလား...

လူဆိုတာ သေမျိုးလား.....

မသေတဲ့လူကော မရှိဘူးလား....

ဘာလို့လူတွေ သေကြရတာလဲ....

မသေအောင် ဘယ်လိုလုပ်ကြမလဲ.....


တချို့ကတော့

လူသေပေမယ့် နံမည်မသေအောင် ကြိုးစားကြတယ်....

ကျင့်ကြံကြတယ်...

Thursday, July 12, 2007

DWE

ကြွေလွင့်သွားသော အနုပညာရှင် မင်းသားဒွေး

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ဒွေး သည် ဇူလိုင်လ၁၁ရက်နေ့ ညနေ၅နရီ ၂၀မိနစ်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၄၂ ရှိကြောင်းသိရပါတယ်။ မင်းသားဒွေးသည် ထင်လင်းအမည်ဖြင့် အနုပညာလောကထဲသို့ စတင်ဝင်ရောက်လာပြီး ၉၀ခုနှစ်နောက်ပိုင်းတွင် လူသိများထင်ရှားလာသော သရုပ်ဆောင်ဖြစ်ပါတယ်။ ဦးလေးဖြစ်သူ မင်းသားကြီး ကျော်ဟိန်း၊မင်းသမီးတင့်တင့်ထွန်းတို့နှင့်တွဲဖက်ကာ “ဒုက္ခကိုအရောင်ဆိုးထားတယ် ” ဗီဒီယို ဇာတ်ကားတွင် လူသိများလာခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်အဖြစ် ထင်ပေါ်ကျော်ကြားလာခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် "အမေ့ခြေရာ"ဇာတ်ကားဖြင့် အကယ်ဒမီဆုကိုရရှိခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အဆိုတော်မင်းသားဒွေးသည် ခေတ်ပြိုင်မင်းသားများဖြစ်သော လွင်မိုး၊ကျော်ရဲအောင် တို့နှင့်အတူ သရုပ်ဆောင်လောကတွင် ဒွေးစတိုင်၊ဒွေးဖက်ရှင်ရယ်လို့ ထင်ရှားလာသူဖြစ်ပါတယ်။ ကိုယ်ပိုင်စတိုင်၊ကိုယ်ပိုင် ဟန်အမူအရာ ၊ကိုယ်ပိုင်အနုပညာကို တည်ထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒရာမာမင်းသား၊အငိုပိုင်မင်းသားတစ်ယောက်ရယ်လို့ ပရိသတ်များက အသိအမှတ်ပြုခဲ့ကြပါတယ်။ မကြာသေးခင်ကာလတွင်မင်းသားပါဝင်သရုပ်ဆောင်သော ကက်ကင်း ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့ပါတယ်။ ဒီဗီဒီ ဇာတ်ကား “ဆုတောင်းမှားကြသူများ” ဇာတ်ကားကို ရုံတင်ပြသနေကြာင်းသိရပါတယ်။


ဒွေးရဲ့ရုပ်အလောင်းကို ကိုယ်တိုင်ကားမောင်းပြီး အအေးခန်းကို ပို့ပေးခဲ့တဲ့ အကယ်ဒမီမင်းသား ကျော်သူက ဒွေးအတွက် ၀မ်းနည်းစကားကို အခုလို ပြောပြခဲ့ပါတယ်။ ''သားကြီးက ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပါ၊ ချောင်းသားမှာ ဇာတ်ကားရိုက်ဖို့ ရောက်နေကြတုန်း ကျွန်တော် သတိမေ့သွားဖူးတယ်။ ချောင်းသာလို အသက်ကယ်ဆေး ရှာရခက်တဲ့နေရာမျိုးမှာ ညတွင်းချင်းပဲ ကျွန်တော့်အတွက်ရအောင် ရှာပေးခဲ့ဖူးတယ်။ နောက်နေ့ ကျွန်တော်သတိရတော့ အောက်ဆီဂျင်ဗူးရော သူရှာပေးထားတာ သိရတယ်။ ဒါကြောင့် သူက ကျွန်တော့်ရဲ့ အသက်သခင် ကျေးဇူးရှင်ပါပဲ။ အခု သူ့အလှည့်မှာ မကယ်လိုက်နိုင်လို့ ကျွန်တော် အရမ်းဝမ်းနည်းမိတယ်ဗျာ''


ယခုကဲ့သို့ အောင်မြင်ကျော်ကြား အနုပညာကြယ်ပွင့်တစ်ဦး စောစီးစွာကြွေလွင့်သွားသော ကြောင့် ပလန်းနက် အဖွဲ့သားများ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါကြောင်း ပြောကြားရင်း ပလန်းနက်ပရိသတ်များအား ၀မ်းနည်းသတင်းကို ကြေငြာလိုက်ပါတယ်။


(ဒွေး၏ ရုပ်အလောင်းကို ဇူလိုင်(၁၃)ရက်နေ့ မနက် ၈း၃၀ တွင် ရေဝေးသုဿန်တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ )

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..