Monday, March 31, 2008

ဘလော့ပိုးလေး...ဘယ်ကစ...

ကျွန်တော့်အတွက် ဘလော့ပိုးလေး စခဲ့တာ သိပ်တော့ မကြာလှသေးပါဘူး.....
၂၀၀၇ အောက်တိုဘာလောက်မှ စခဲ့တာ....
ဘလော့ပိုးလေး စတင်ခြင်းရဲ့ တရားခံကတော့ ဆရာဝေဖြိုးထွဋ်ပဲ ဖြစ်ပါတယ်...
ဝက်ဘ်ဒီဇိုင်းသင်တန်းစတက်တဲ့ ပထမဆုံးနေ့မှာပဲ... ဘလော့ဆိုတာ စကြားရတော့တယ်...
အဲဒီဆရာလေးက အင်တာနက်အကြောင်း ပြောရင်းက ဘလော့ဆိုတာလေး ကြားရတယ်...
ဘလော့ဆိုတာ ဘာညာပေါ့...။
ပထမဆုံးစကြည့်ဖူးတဲ့ဘလော့က www.madyjune.blogspot.com ဗျ..။
နောက်တော့ www.mghla.blogspot.com ပေါ့ဗျာ...။
ဘလော့လုပ်ကြည့်ပါ...ပြောတော့ စစမ်းကြည့်တယ်...။
ဒီအတိုင်း ဘလော့လေး စဖွင့်ပြီး ဘာရေးရမှန်းမသိဖြစ်နေတယ်....။
ဒါနဲ့ သူများဘလော့တွေ ၀င်ကြည့်တာပေါ့....။
အဲဒီမှာပဲ ဘလော့ဆိုတာ ဒီလိုပါလား...။ မိုက်တယ်...။ ငါလည်း ရေးဦးမယ်ဆိုပြီး ဖြစ်လာတယ်..။
နဂိုကမှ စာဖတ်ဝါသနာပါပြီး...ရေးချင်နေတာနဲ့ အတော်ဖြစ်သွားတယ်...။
ဟိုဟာလေး ဒီဟာလေးရေးလိုက် .. သူများဘလော့လေးဝင်ကြည့်လိုက်ပေါ့....။
တခါကျတော့ ကျွန်တော့်စက်မှာ ဗိုင်းရပ်စ်လေး ကိုက်တာနဲ့ နဲနဲအော်လိုက်တယ်...။
ကူညီကြပါဦးပေါ့...။ အား... အဲဒီမှာ ၀င်ပြီးအကြံပေးကြတယ်ဗျ...။
ငါလည်း ဖြစ်ဖူးတယ်ကွ....။ ဒီလိုလုပ်လိုက်တာ ကောင်းသွားတယ်...။
ဒီလူကြီးကတော့ ဒီလိုလုပ်တယ်ကွနဲ့ လင့်လေးတွေပေးကြတယ်...။
အော်...ဘလော့မှာလည်း ဒီလိုချစ်စရာကောင်းတာလေးတွေ ရှိပါလားပေါ့....။
နောက်ပီး...သူများဘလော့တွေ ကြည့်ရင် အမြဲအသစ်အသစ်တွေနဲ့...ဆိုတော့
ကိုယ်လည်း ကိုယ်ဘလော့လေးကို အသစ်အသစ်တွေရေးဖို့ တာဝန်က ပိုလာပြန်ရောပေါ့...။
အဲ...ဆီဗုံးလေး ရပြန်တော့လည်း အဲဒါလေး စောင့်စောင့်ဖတ်ရတာကိုက အရသာ...။
ဒီလိုနဲ့ပဲ....
ဘလော့ဆိုတာ စိတ်ရဲ့အဆာ.....
တင်းကျပ်မှုတွေ ဖေါက်ကွဲရာ....
လိုအပ်ခြင်းတွေ ဖြည့်ဆည်းရာ...
ခံစားမှုတွေ မျှဝေရာ....
.................................
................................
ဒါလေး...ဒါလေးတွေကြောင့်ပဲ...
ဘလော့ဆိုတာလေးကို ချစ်တတ်ခဲ့လာတော့ပါရောလား.....။ ။

Wednesday, March 26, 2008

၂၀၀၈ ဆိုတာ.....

၂၀၀၈ ရောက်တာ ဘယ်လိုသိတုန်း
(၁) သင်ဟာ မိုက်ကရိုဝေ့မီးဖိုမှာ password ရိုက်ထည့်နေမိလိမ့်မယ်...

(၂) ဖဲကို တကယ့်ဖဲချပ်နဲ့ မရိုက်ဖြစ်တာ အတော်ကြာပီ...
(၃) မိသားစုသုံးယောက်ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် ၁၅ခုရှိနေမယ်...
(၄) ခုံချင်းကပ်နေတဲ့လူဆီ စကားပြောချင်ရင် အီးမေးလ်ပို့တယ်...
(၅) သူငယ်ချင်းတချို့ အမျိုးတချို့နဲ့ အဆက်အသွယ်ပြတ်သွားရခြင်းက သူတို့မှာ အီးမေးလ်မရှိလို့...
(၆) ကားကို ဂိုဒေါင်ထဲထည့်ပီး အိမ်ကလူကို ၀ယ်လာတဲ့ပစည်းလာသယ်ဖို့ မိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်မယ်...
(၇) တီဗီမှာလာသမျှ ကြော်ငြာတွေအောက်မှာ ၀က်ဆိုဒ်လိပ်စာ ပါနေတယ်...
(၈) သင့်ဘ၀ရဲ့ ပထမဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်လောက် သင်နဲ့အတူတူမရှိခဲ့တဲ့ hand phone အိမ်ကအထွက်မှာ ပါမလာတာနဲ့ သင်ဟာထိတ်လန့်ပီး နောက်ပြန်လှည့်ပီး အမြန်ပြန်ယူတော့တာပဲ...
(၁၀) အိပ်ရာက နိုးလာတာနဲ့ ကော်ဖီမသောက်ခင် အင်တာနက်ပေါ် အရင်တတ်တယ်...
(၁၁) တဖက်လှည့်ပြီး စပြုံးတော့မယ်...
(၁၂) ဒါကိုဖတ်ပြီး ပြုံးကာ ခေါင်းငြိမ့်နေမယ်...
(၁၃) ပိုဆိုးတာက ဒီmessage ကို ဘယ်သူဆီ forward ရမလဲ စဉ်းစားနေပီ..
(၁၄) အလုပ်များလွန်းလို ဒီစာမှာ နံပါတ်ကိုး မပါတာတောင် မသိဘူး...
(၁၅) အဲမယ်.. နံပါတ်ကိုး တကယ်မပါဘူးလားဆိုပီး အပေါ်ကစာကို ပြန်ဖတ်နေပီ...
ပြောပါတယ်...... ၂၀၀၈ ... ရောက်နေပီလို့....

အီးမေးလ်က ရတဲ့ဟာလေး ပြန်ရှဲလိုက်တာ... နဲနဲနီးစပ်တယ်ထင်လို့....

Sunday, March 23, 2008

အံသွားများ တွန့်ကြေခြင်း

အဲဒီညချမ်းလေးမှာပေါ့....။
အပြင်ကပြန်ရောက်တော့ (၈း၃၀) နေပြီ...။
ဒီည ပွဲကြီးပွဲကောင်းရှိတယ်လေ...။
လီဗာပူးနှလုံးသားတို့ ဆုံရပ်ကို သွားကြည့်လိုက်တယ်...။
လူစာရင်းနဲ့ဂိုးခန့်မှန်းပွဲကို သွားပြိုင်ကြည့်လိုက်တယ်...။
ပြီးတော့ စည်သူနဲ့ ကိုမိုးဝေကို ပေးမလိုလိုနဲ့ မပေးဖြစ်တဲ့ လီဗာပူး တီရှပ်လေးကို ၀တ်လိုက်တယ်..။
ပိုက်ဆံအိတ်နဲ့ ဟမ်းဖုန်းလေးကို ကောက်ကိုင်ပြီး ဘောလုံးပွဲကြည့်ဖို့ footcourt ကို သွားလိုက်တယ်....။
ရန်ကုန်မှာ မကိုင်နိုင်ခဲ့တဲ့ အဲဒီလက်တ၀ါးစာအရာဝတ္တုလေးရဲ့ အသုံးဝင်မှုက တော်တော်တာသွားတာပဲ...။
footcourt ကို ရောက်တော့ နေရာတောင် သိပ်မရှိတော့ဘူး...။
ကော်ဖီအေးတစ်ခွက်ကို တစ်ဒေါ်လာပေးဝယ်ပြီး လွတ်တဲ့နေရာလေးမှာ ၀င်ထိုင်လိုက်တယ်...။
ဘေးဘီကို လှမ်းကြည့်လိုက်တော့ မြန်မာလေးယောက်ကို တွေ့တယ်...။
သိတယ်ဟုတ်...မြန်မာဆိုရင် မန်ယူပရိသတ်ဆိုတာ တော်တော်သေချာနေတာပဲ...ဟုတ်။
ဘေးနားက တစ်ယောက်ကို လှမ်းမိတ်ဖွဲ့လိုက်တော့ စင်ကာပူဖြစ်နေတယ်...။
စင်ကာပူဆိုတာနဲ့ လီဗာပူးပရိတ်သတ်ဆိုတာ သေချာနေပီ...ဟုတ်။
ရှိစုမဲ့စု စကားလုံး အကျိုးအပဲ့တွေနဲ့ ကသောင်းကနင်း စကားပြောရင်း လီဗာပူးပွဲကို ကြိုခံစားကြည့်တယ်...။
တီဗွီကလည်း တခြားလိုင်းတွေ ပြနေတယ်...။ ပြန်ချိန်လိုက်တော့ လူစာရင်းတောင် မမြင်လိုက်ရဘူး...။
ဘောလုံးသမားတွေ ကွင်းထဲရောက်နေပီ...။

စပါပြီ....။

ဟိုက်...လီဗာပူးက အဖြူရောင်ဝတ်ထားပါလား...။
စကစားတယ်ဆိုရင် လီဗာပူးက အမှားနဲနဲစလုပ်တာ တွေ့ရတယ်...။
အိုး...မန်ယူက အပြောင်းအလဲတချို့လုပ်ထားပါလား...။
အီဗရာက ဘယ်နောက်ခံမှာ ကစားပြီး ဘရောင်းက ညာနောက်ခံမှာ ၀င်ဆော့တယ်...။
အီလန်းဗန်းကပြောတော့ ဗီဒစ်မပါဘူးဆိုပြီး အခုတော့ ဖာဒီနန်နဲ့တွဲလို့ပါလား...။
လီဗာပူးကတော့ ခါတိုင်းလိုပဲ...
တောရက်စ်ကို အထောင်ထားပြီး ဂျရက်က နောက်ချန်တိုက်စစ်မှူး...။
ကူရစ်ကတော့ ညာတောင်ပံဆင်းဆော့တယ်....။
တခါတလေ အားမရတာ အဲဒါပဲ...။
တောင်ပံနှစ်ဖက်ကို အားကောင်းကောင်း ဆော့ပါလား...။
ဒီဘက်မှာ ဘာဘယ်ဆို...ဟိုဘက်မှာ ပီးနန့်လောက် ထည့်ကစားပါလား..။
အလယ်မှာ မာရှေရာနိုနဲ့ အလွန်ဆိုက အဖျက်ဆော့တာတော့ ကြိုက်ပါတယ်...။
နောက်မှာ ဟစ်ပီယာကြီးမထည့်ပဲ စတာတယ်ကို ထည့်ထားတယ်...။
ဟစ်ပီယာကြီးက အတွေ့အကြုံပိုရှိတယ်လေ...။
မန်ယူတောင် ပေါစခိုးလ် နဲ့ ဂစ်ကို ကစားခိုင်းထာတာပဲ...။
ဒီလိုနဲ့ ကစားလာလိုက်တာ... လီဗာပူးက အပေးအယူတချို့ မှားယွင်းနေတယ်...။
(၁၁) မိနစ်မှာ မာရှေရာနို အ၀ါကတ်ရတယ်...။
မာရှေရာနို တော်တော်ပေါက်ကွဲသွားတယ်...။ ဒိုင်လူကြီးကို လှမ်းဆဲတာ တွေ့လိုက်ရတယ်။
(၃၄) မိနစ်မှာ မန်ယူက ဂိုးစရတယ်...။
အရမ်းတင်းတယ်...။ ဂိုးသွင်းတာ ဘရောင်းတဲ့....။
ဒီဂိုးကတော့ လီဗာပူးနောက်တန်းက ပေါ့လို့ ပေးလိုက်ရတဲ့ ဂိုးပဲ...။
ညာဘက်ထောင့်ကို ဘောလုံးကျွံသွားတာ ဖိဖိစီးစီးလိုက်မဖျက်တော့
ရွန်နီ အသာလေးမပေးတာကို ဘရောင်းက ခေါင်းဝင်တိုက်ပီး သွင်းသွားတာလေ...။
အိုကေသေးတယ်...။
ဆက်ကစားရင်း (၄၃) မိနစ်မှာ တောရက်စ်ကို အ၀ါကတ်ပေးတယ်....။
အဲဒီအချိန်မှာ မာရှေရာနိုက ပြေးလာပြီး ဒိုင်ကို စောဒက တက်တယ်...။
ချက်ချင်းပဲ ဒိုင်က မာရှေရာနိုကို အ၀ါကတ် ထပ်ပြပြီး နှစ်ဝါတစ်နီနဲ့ ထုတ်လိုက်တယ်...။
ဒါက ဒီပွဲရဲ့ အဖြေတစ်ခုလို ဖြစ်သွားတယ်...။
ရှေ့မှာ မန်ယူရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှု တချို့ကို ဘာမှမပေးပဲနဲ့...
ဒါပဲ....
ဒီလိုပွဲမျိုးမှာ တစ်ယောက်လျော့သွားတာက တကယ့်အားနည်းချက်ပဲ...။
ပထမပိုင်း ပြီးသွားတယ်...။
လီဗာပူးရဲ့ ကွင်းလယ်အဖျက်နှစ်ယောက်က တစ်ယောက်လျော့သွားပြီ...။
ဘယ်သူနဲ့အစားထိုးမလဲ...။
မန်ယူက ကွင်းလယ်အဖျက်မှာ ကားရစ်၊ ပေါလ်စခိုးလ်၊ အန်ဒါဆန်...သုံးယောက်တောင် ထားကစားထားတာ..။
ဒုတိယပိုင်းစတော့ လီဗာပူး အပြောင်းအလဲမလုပ်သေးဘူး..။
မန်ယူက ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကို ဒိုင်က လစ်လျူရှုထားတယ်...။
ဒီဒိုင်...မန်ယူကို မျက်နှာသာ ပေးလွန်းတယ်...။
ဒါကိုကပဲ ဒီပွဲရဲ့အဖြေပဲ...။
ဘာဘယ်ကို ထုတ်ပီး.. ဘီနာယောင်ကို ထည့်တယ်...။
မန်ယူက တီဗက်...နာနီကို ထည့်တယ်...။
ခဏနေတော့ ရော်နယ်ဒို...တစ်ဂိုးသွင်းတယ်...။
နာနီထပ်သွင်းတယ်....။
ဒီလိုပွဲမှာ ဂိုးသွင်းနိုင်တာကိုများ ကျွမ်းထိုးပီး အောင်ပွဲခံနေသေးတယ်...။
ရှက်ဖွယ်လိလိ...။
ပွဲပြီးသွားတယ်....။
လီဗာပူး ရှုံးသွားတယ်....။
ဘာဖြစ်လဲ...
ဒိုင်သတ်လို့ သေခဲ့ရတဲ့ပွဲပဲ...
လွမ်းစရာမရှိဘူး...။
တင်းတယ်...။
အရမ်းတင်းတယ်....။
ရင်ထဲမှာ ၀ုန်းဒိုင်းကြဲနေတယ်....။
မမgr8 ကို လှမ်းပီး ရင်ဖွင့်လိုက်တယ်...။
သူလည်း ပေါက်ကွဲနေတယ်...။
သိက္ခာရှိရှိ ရှုံးနိမ့်ခြင်းပဲ....။

ဘန်းနက်မှုတ်ငြိမ်းလိုက်တဲ့ ငါတို့ရဲ့ မီးအိမ်....
ဒိုင်သွင်းတဲ့ဂိုးနဲ့ ရှုံးနိမ့်ခြင်း...
..........................
..........................
ဒါတွေအားလုံးရဲ့ အဆုံးမှာ ငါ့အံသွားတွေ တွန့်ကြေကုန်ပီ....။

Wednesday, March 19, 2008

ပြန်လိုချင်တယ်....


စိုင်းထီးဆိုင်သီချင်းလေးလိုပေါ့ဗျာ....
ငယ်စဉ်က ကလေးတို့ဘ၀ကို ပြန်လွမ်းတယ်...
ဘယ်လောက်များ လွတ်လပ်လိုက်သလဲ...
ဘယ်လောက်များ အပူအပင်ကင်းလိုက်သလဲ...
ဘယ်လောက်များ ပျော်ရွှင်စရာကောင်းလိုက်သလဲ....
ဘယ်လောက်များ ငြိမ်းချမ်းလိုက်သလဲ...
ဒီလိုလေး ခံစားရတော့
ဒီလိုလေးလွမ်းရင်း...
ဒီလိုဘ၀လေး ပြန်ရချင်တော့တယ်...

လွမ်းတဲ့စွယ်တော်...

သူများတွေ ဓါတ်ပုံလေးတွေတင်တော့ ကိုယ်လည်း တင်ချင်လာတယ်...ကိုယ်က ပရိုမဟုတ်တော့ ဒီဂျစ်တယ်လေးနဲ့ပဲ ရိုက်နိုင်တာပေါ့နော်... ဒါတောင်မှ သူများဆီက ငှားရတာ... ဘာပဲဖြစ်ဖြစ်လေ....ဓါတ်ပုံကဓါတ်ပုံပါပဲ... အဓိက ကတော့ အတွေးလေးတွေပဲလေ....ဟုတ်တယ်ဟုတ်... အတွေးလေးကောင်းရင် ဓါတ်ပုံက ကြွလာတာပဲလေ...

ဒီပုံလေးကို လွမ်းတဲ့စွယ်တော်လို့ နံမည်ပေးထားတယ်...
အလွမ်းတွေနဲ့မပျော်....
ပန်းကလေးစွယ်တော်....
ပေါ့ဗျာ..။
စွယ်တော်ဆိုတာမျိုးက နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တာလေ...
ကျွန်တော်ရဲ့ စွယ်တော်လေးကတော့
ချစ်သူကို လွမ်းလို့ ခပ်နွမ်းနွမ်းလေး ဖြစ်နေတာဗျာ...
ခင်ဗျားတို့ ခံစားနိုင်မယ်ဆို သူ့ရဲ့မျက်ရည်လေးတွေကို မြင်ရမှာ...

Tuesday, March 18, 2008

ကြိုးကြာနီတို့ တွန်ကျူးသံ...



လီဗာပူးရဲ့ အောင်မြင်မှုအကြောင်းလေးပါ...ဘလော့မရေးအားတဲ့အချိန်မှာ ဒါလေးခဏတင်ထားတယ်... ခွင့်လွှတ်ကြနော်...

Friday, March 14, 2008

မွေးနေ့ရောက်ပီ....

Wish 4 My Birthday and Click my photo 4 take a food as u like and as u can.....



မွေးနေ့ရောက်ပီ....
အသက် (၂ရ) နှစ်ပြည့်တာပါ...
မွေးနေ့ကို လာကြသူတိုင်းကို ကျေးဇူးတင်ပါတယ်...
ဆုမွန်ကောင်းလေးတွေ တောင်းပေးကြပါဦးနော်...
အဲဒီမှာ စားချင်တာလေးတွေ ယူစားကြနော်...
လက်ဆောင်လေးတွေလည်း ပေးထားခဲ့ကြ...
ဖယောင်းတိုင်းလေးတွေလည်း ၀ိုင်းမှုတ်ပေးကြ...

အားပါး...ပျော်လိုက်တာ...

မွေးနေ့တောင်ရောက်ပါတော့မှာပါလား






သြော်....
ဘာလိုလိုနဲ့ မွေးနေ့တောင်ရောက်တော့မှာပါလား....
မနက်ဖြန်ဆိုရင် ကျွန်တော်မွေးနေ့....
အသက်တွေ တစ်နှစ်ကြီးတော့မှာပါလား...
မနှစ်ကတော့ သူငယ်ချင်းတွေနဲ့ ပျော်ဖြစ်တယ်..
ဒီနှစ်တော့ စင်ကာပူကို ရောက်နေတယ်လေ..
အလုပ်ကလည်း မရသေးတော့ ပိုက်ဆံလည်း သိပ်မသုံးရဲသေးဘူး...
ကျွန်တော်နဲ့ ကျွန်တော်ကောင်မလေးက တစ်လထဲမွေးတာ...
သူကတော့ ငယ်တာပေါ့ဗျာ...
ကျွန်တော်က မတ်လ (၁၅) ရက် ... ၁၉၈၁ ခုနှစ်
ဆိုတော့ (၂၇) နှစ်ပေါ့နော်...
သူက မတ်လ (၁၈) ရက်...၁၉၈၅ခုနှစ်
ဆိုတော့..(၂၃)နှစ်ပေါ့...
ကျွန်တော့်ရဲ့မွေးနေ့မှာ ကျွန်တော်ဆီကိုလာလည်သူတိုင်းကို
အင်း...ဘာကျွေးရမလဲ...
ဘာစားချင်ကြမလဲမသိဘူးနော်....
အစားအသောက်က အဓိကမဟုတ်ဘူးမှတ်လား...
ဟဲဟဲ...
မွေးနေ့ဆုတောင်းလေးတွေ တောင်းပေးကြနော်...
အလုပ်ရအောင်ရောပေါ့...
ကျေးဇူးသေလုအောင်တင်ပါတယ်ဗျာ....
ဆီပုံလေးမှာ ၀င်ရေးသွားကြနော်...

Wednesday, March 12, 2008

ပျော်လိုက်တာ....

ဟိုးဟိုး.....
ဒီနေ့သိပ်ပျော်တာပဲ....
သူများအတွက် လွယ်ပေမယ့် ကျွန်တော့်အတွက် ခက်နေတာလေး လုပ်လို့ရသွားတယ်...
ပြက္ခဒိန်လေးရယ်...
နာရီလေးရယ်...
ဗွီဒီယိုလေးရယ်...
တင်လို့ရသွားပီ....
ပီးတော့ နောက်ဆိုရင် ပြင်လို့ရမယ့် လင့်ကလေးလဲ ရသွားပီ....
ပျော်တယ်...
လိုချင်တဲ့သူတွေလည်း ယူကြ...
ကိုယ်လည်း သူများဆီက ယူထားတာ...
ဟိုးဟိုး....
ပျော်လိုက်တာ....

ဒီဇာတ်ကားလေး ကြည့်ချင်တယ်


ဒီကားဗျာ...
အရမ်းလန်းမှာ...
step up 1 တော့ကြည့်ဖူးတယ်.....
ဒီမှာဗျာ...ရုပ်ရှင်ကြည့်ရင်ဗျာ...(၈) ကျပ်...
အားပါးပါး...
မြန်မာငွေနဲ့တွက်ကြည့်..
စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ(၈၀၀) ပဲထား....
၆၄၀၀ ဖြစ်နေပြီ....
ကျွန်တော်လို ရုပ်ရှင်ဝါသနာအိုးအတွက်
တင်းစရာပဲ.....
ဒါလေးတွေပဲ လိုက်မြည်းနေရတယ်....

http://vids.myspace.com/index.cfm?fuseaction=vids.individual&videoid=2078202244

Saturday, March 8, 2008

terroist တစ်ကောင် လွတ်နေတယ်...



ဒီမှာဗျာ...
တကယ့် terroist တစ်ယောက်လွတ်နေတာ တစ်ပတ်တောင်မကတော့ဘူး.....

အခုထိ ဖမ်းလို့မမိသေးဘူး။
ဒီကောင်က တကယ့်အကောင်ဗျ...
ဒီကလေဆိပ်ကို ဖျက်ဖို့လာတဲ့အကောင်ဗျ...
စင်ကာပူကောင်တွေ တော်တော်ဒုက္ခရောက်နေကြတယ်...
ဒီမှာက လုံခြုံရေးသိပ်ကောင်းတယ်ဆိုပီးတော့မှ
၂၀၁၀ အိုလံပစ် ကျင်းပခွင့်ရလို့မှ မကြာသေးဘူး...ဒီကောင့်အကြောင်းက ပေါ်လာတော့တာပဲ

နေရာတိုင်း ဒီကောင့်ပုံလိုက်ကပ်ထားတယ်ဗျ...

တွေ့ရင်ချက်ချင်း ရဲကိုခေါ်လိုက်ပါပေါ့ဗျာ...
ဒီကောင်ကြောင့် ကျွန်တော်တို့လို့ stay သမားတချို့ ဒုက္ခရောက်ရတယ်ဗျ...
ဘာလို့လဲဆိုတော့ extend ထပ်မရကြတော့ဘူးလေ..
ကျွန်တော်တို့နဲ့အတူလာတဲ့ အစ်ကိုဆို stay တစ်လပဲရတာ..ထပ်တိုးလို့မရတာနဲ့ ပြန်သွားရတယ်...
ဒီကောင်အကြောင်း သိချင်ရင် အောက်ကလင့်တွေမှာ ၀င်ကြည့်လို့ရတယ်...
http://www.youtube.com/watch?v=Av3burf7iwI&feature=related
http://www.youtube.com/watch?v=xZCmxHJWFbY&feature=related
http://www.youtube.com/watch?v=1yGis0bS7X8&feature=related
http://www.youtube.com/watch?v=JCnPlLD0yPc&feature=related
http://www.straitstimes.com/Latest%2BNews/Singapore/STIStory_212136.html

Friday, March 7, 2008

ညညဆို ရင်ခုန်ရတဲ့ပွဲလေး....



ကျွန်တော်ဟာ သံစဉ်တွေကို ချစ်မြတ်နိုးသူတစ်ယောက်ပါ...။

ဂီတဟာ အသွေးအသားကို နူးညံ့နွေးထွေးစေတယ်လို့ ယုံကြည်ထားတယ်...။

လေပြေလို တလှုပ်လှုပ်လူးလွန့်တဲ့ သံစဉ်ကိုလည်း သက်တောင့်သက်သာ ခံစားသလို...

ပြင်းပြင်းပြပြပေါက်ကွဲလွင့်ထွက်လာတဲ့ သံစဉ်တွေကိုလည်း နှစ်သက်တယ်...။
ကိုယ်ကိုယ်တိုင်က သီချင်းတွေကို နားထောင်ရတာ ကြိုက်နှစ်သက်သလို
ကိုယ်တိုင်လည်း သီဆိုချင်တယ်...။
အဲဒီလို ဂီတကို တက်မက်ခြင်းကပဲ ဘ၀ရဲ့ရှင်သန်ခြင်းတစ်ခုလို့ သတ်မှတ်ထားတယ်။
ဒီကိုရောက်တော့ သီချင်းတွေနဲ့ နည်းနည်းဝေးသွားတယ်...။
အလုပ်တွေကို ကုန်းရုန်းရှာ.... အွန်လိုင်းပေါ်တက်....
တွေ့သမျှအလုပ်တွေ လိုက်လျှောက်နဲ့.. ဂီတကို ခဏမေ့ထားရတယ်...။
ဒါပေမယ့် ဘယ်လောက်ပဲမေ့ထားမေ့ထား...သီချင်းသံကြားရင်ကို လူက မနေနိုင်ဘူး။
ဒီမှာက တစ်ပတ်ကို သုံးရက်လာတဲ့ သီချင်းပြိုင်ပွဲအစီအစဉ်လေးတစ်ခုရှိတယ်...။

American idol ဆိုတဲ့ အစီအစဉ်လေးပေါ့...။
http://www.americanidol.com/ မှာ ၀င်ကြည့်လို့ရတယ်..။

အားပါးပါး...ကောင်းလိုက်ကြတာဗျာ...
အခုဆိုရင် ဆယ်ယောက်ပဲကျန်တော့တာ...။
တစ်ပတ်တစ်ပတ် သီချင်းလေးတွေနားထောင်လိုက်...
စိတ်ထဲမှာ ကိုယ်အကြိုက်လေးရွေးလိုက်နဲ့
ကိုယ်ကြိုက်တဲ့သူတွေ ပြုတ်သွားမှာ စိုးရိမ်လိုက်နဲ့
တော်တော်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်ဗျ..။
ယောင်္ကျားလေးရော မိန်းကလေးရောပေါ့...။
ဗုဒ္ဓဟူးနေ့ဆို ယောင်္ကျားလေးတွေ ဆိုတယ်....
ကြာသပတေးဆို မိန်းကလေးတွေ ဆိုတယ်...
အဲ..သောကြာဆိုရင်တော့ အဖြေထွက်ပြီ.....
နှစ်ယောက်နှစ်ယောက်စီ ပြုတ်မှာ....
အရမ်းရင်ခုန်ဖို့ ကောင်းတာ...

ပြုတ်သွားတဲ့လူတွေက သီချင်းဆိုရတယ်.....
ဝမ်းနည်းပေမယ့်လည်း ကြိုးစားဆိုကြရတယ်....
ပြိုင်တဲ့သူအချင်းချင်းလည်း ခင်မင်နေကြတာဆိုတော့...
ဘယ်စိတ်ကောင်းမလဲ....
မိန်းကလေးတွေဆို ငိုကြတာပေါ့...
အားပါး..သိပ်မိုက်တယ်ဗျာ...
ဒိုင်တွေကလည်း အပြောကောင်း...
ပျော်ဖို့လည်း ကောင်း...
ဝမ်းနည်းဖို့လည်းကောင်း...
ရင်ခုန်လို့လည်းကောင်း...
သိပ်မိုက်တယ်...။

ခင်ဗျားတို့လည်း ကြည့်ကြည့်လိုက် ကြိုက်ကို ကြိုက်မှာ.....။

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..