
Tuesday, May 27, 2008
ဘောလုံးစကား
ဘောလုံးကန်ရင်လေ...
ကိုယ်ဆီကထွက်သွားတဲ့ဘောလုံး...
ကိုယ့်ကြောင့်ပျက်သွားတဲ့ ဘောလုံးကို ပျက်အောင်လိုက်ဖို့လိုတယ်...
ဒါမှလည်း တခြားလူတွေ အလုပ်မရှုပ်ရမှာ...
ကိုယ်ဆီက ဘောလုံးထွက်မသွားအောင်.... ပျက်မသွားအောင် ကြိုးစားဖို့လိုတယ်...
ကိုယ်ဆီက ထွက်သွားတဲ့ ဘောလုံးကို ကိုယ်က ပျက်အောင်မလိုက်ရင်...
တခြားလူက ကိုယ်နေရာမှာ ၀င်လိုက်ရရင် ပိုပင်ပန်းပီး လစ်ဟင်းမှုတွေ ဖြစ်သွားတယ်လေ...
ဒီလိုပဲ ဘ၀မှာလည်း ပြတ်အောင်လိုက်ဖို့အရေးကြီးတယ်....
အလုပ်တစ်ခုကို လုပ်မိပြီဆို...ပြီးပြတ်အောင်လုပ်ဖို့ အရေးကြီးတယ်....
ရည်မှန်းချက်တစ်ခုကို ထားမိပြီဆိုရင်လည်း ရောက်အောင်ကို သွားရမယ်...
ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်... အဆုံးထိအောင် လုပ်ရမယ်...
ငုတ်မိသဲကိုင်...တက်နိုင်ဖျားရောက် ဆိုသလိုပေါ့....
မလုပ်ခင် သေချာစဉ်းစား... လုပ်မိပြီဆို ဖြစ်အောင်လုပ်...
နောင်တဆိုတာတွေ ဖြစ်မလာစေရအောင်...
တခါတလေ... ဘ၀မှာ တိုးလိုးတန်းလန်းတွေက အများကြီး ကျန်ခဲ့ရတယ်...
တချို့ကိစတွေမှာ ကိုယ်အတွက်ပဲ တိုးလိုးတန်းလန်းဖြစ်ပေမယ့်...
တခါတလေမှာ တခြားသူတွေအတွက်ပါ တိုးလိုးတန်းလန်းဖြစ်စေမိတယ်...
တခါတလေ မျှော်လင့်ချက်တွေ ပေးပြီးမှ ဖြစ်အောင် မဖြည့်စွမ်းနိုင်တာမျိုး...
တခါတလေ ကတိတွေပေးပြီးမှ မတည်တာမျိုး.....
အဲလို....အဲလို....တွေဖြစ်သွားရင် ကိုယ်လည်း တန်ဖိုးမဲ့သွားမယ်လေ...
ဒီတော့ ဘ၀မှာ ပြတ်အောင်လုပ်ကြပါစို့ရယ်....
Friday, May 23, 2008
မလေးရှားသွား...တောလား
အဲဒီမှာနေရင်းနဲ့ ပက်စပို့သက်တမ်းလေးတိုးလို့ရမလားလို့ .... သံရုံးသွားကြည့်တယ်...
အဲ....ပြောရဦးမယ်...
ကျွန်တော့်က သောကြာနေရောက်ပီး စနေနေ့ကျတော့ သံရုံးမှာ ဆနပြကြတယ်တဲ့...
တိုင်းရင်းသားပေါင်းစုံပဲ ဆိုပဲ...
ချင်းတွေက အများဆုံးပဲတဲ့...လူက သုံးလေးထောင်လောက်ရှိတယ်တဲ့....
သံရုံးသွားမယ်ဆိုတော့ ... အိမ်က အစ်ကို ကြီးက ... မင်းသွားချင်လဲ သွားကြည့်ပေါ့ကွာတဲ့...
ရမယ်တော့ မထင်ဘူးတဲ့.... ဒါနဲ့ပဲ သံရုံးသွားရောဆိုပါတော့...
ဟိုရောက်တော့ ဖေါင်လေးယူတယ်... ဖြည့်မယ်ဆိုတော့ အဲဒီမှာက အင်္ဂလိပ်လိုနဲ့ ဗမာလိုနှစ်မျိုးရေးထားတာကော.... မေးကြည့်လိုက်မိတော့ ဘာပြောလဲသိလား...
မင်းက မြန်မာလူမျိုးမဟုတ်လား...မြန်မာလိုဖြည့်ပေါ့တဲ့....
နဲနဲတော့ ဖုသွားတယ်..... အဲဒီအချိန်မှာ ဘေးနားက ကောင်တာက အသံထွက်လာတယ်...
တရုတ်မတစ်ယောက်က ကောင်တာတစ်ခုမှာ ငွေသွင်းပီးတဲ့ စလစ်ကလေး သွားပြတာ...
ကောင်တာက အော်ထုတ်တယ်... ဒါတွေ ဘာလုပ်ရအောင်လဲတဲ့...
သူ့ကောင်တာမဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးပေါ့... ဒီကောင်တာမဟုတ်ဘူး.... ဟိုဘက်ကောင်တာ သွားပါဆိုပီးတဲ့ကိစကို.... အဲဒီမှာက သက်တမ်းတိုးချင်ရင် သံရုံးသွား ဖေါင်ဖြည့်ပီး...အခွန်ဆောင်ဖို့လိုရင် ဘဏ်ကို ပြေး... အခွန်ဆောင်... စလစ်ကို ပြန်လာပြ....
ဒါနဲ့ဖေါင်ဖြည့်ပီးတင်လိုက်တော့... အလည်ဆိုရင် မတိုးပေးဘူးတဲ့... အလုပ်နဲ့ကျောင်းသမားပဲ တိုးပေးတယ်တဲ့... အပြင်ပြန်ထွက်လာပီးတော့ သံရုံးရှေ့မှာ ဓါတ်ပုံလေးဘာလေးရိုက်နေတုန်း...
ကောင်မလေးနှစ်ယောက်က ရောက်လာပီး... အဲဒီအစ်ကိုကြီးကို အင်တာဗျူးတယ်....
အခွန်ကိစတွေပေါ့.... သဘောကျရဲ့လားပေါ့....ဘာညာပေါ့... အဲဒီအစ်ကိုကြီးကလည်း ပြန်ဖြေလိုက်ပါတယ်...
ဒီလိုနဲ့ပဲ ငါးရက်လောက်နေပီးတော့ ပြန်မယ်ဆိုပီး ရထားလက်မှတ်သွားဝယ်တယ်...
ကားနဲ့က ၅နာရီလောက်ပဲ ကြာတဲ့ခရီးကို ....
ရထားနဲ့ဆို ၁၀နာရီလောက်ကြားတယ်....
ဒါပေမယ့် ကားက နဲနဲအဆင့်များတယ်... ရထားကတန်းရောက်တယ်လေ...
ရထားခက စင်ကာပူနဲ့ အတူတူပဲ.... ၃၀...ဒါပေမယ့် တန်ဖိုးက နှစ်ဆကွာတယ်...
ငွေလဲနှုန်းက ၂.၃၃ ရှိတယ်.... ည ၉နာရီရထားလက်မှတ် ၀ယ်လိုက်တယ်....
ညကျတော့ အိမ်က အတီးက လိုက်ပို့တယ်...
ရထားကလည်း အဲယားကွန်းအပြည့်ပဲ.... အစကတော့ နဲနဲပူသေးတာ....
ဘေးနားမှာ ဘယ်လိုမလေးကောင်တွေလာပီး ငါဘယ်လိုများ ဆက်ဆံရမလဲပေါ့...
ဒါပေမယ့်...ဘေးနားမှာ ကျတဲ့တစ်ယောက်က သူ့သူငယ်ချင်းနဲ့ အခြားတွဲမှာ သွားထိုင်တယ်...
ကြားရက်မို့လို့ထင်တယ် လူသိပ်မများဘူး..... နှစ်ခုံကို တယောက်ပဲ ထိုင်လာရတယ်...
အပြန်မှာလဲ...Immagration ဖြစ်တော့ officer နဲ့တွေ့ရပြန်ရော....
ဒါပေမယ့် အေးဆေးပါပဲ.... ရထားမှာ white card ဖြည့်ရတယ်ဗျ....
အဲဒီမှာ stay date ဘယ်လို့ဖြည့်ရမှန်းမသိတာနဲ့ 30 days ရေးလိုက်မိတယ်...
အသွားမှာ လေယာဉ်လက်မှတ်ကို ဖြတ်သွားရတာကိုး.... လေယာဉ်လက်မှတ်က မေ ၃၀ ဆိုပီးဖြည့်ထားတာ.... stay ကိုလည်း မေ ၃၀ အထိပဲပေးမယ်....
မလေးက ည ၉း၀၀နာရီ ထွက်လာတဲ့ ရထားက စင်ကာပူကို မနက် ၈း၃၀ ရောက်ရမှာ ၉း၃၀ လောက်မှာရောက်တယ်....
ဒီဘက်ကို ပြန်ရောက်တော့ ဘူတာက ထွက်.... လိုင်းကားရှာစီးပီး... အိမ်ပြန်လာတယ် ဆိုပါတော့ဗျာ....
Tuesday, May 20, 2008
ဘောလုံးစကား (၃)
ဘောလုံးကန်ရင် opening ဖွင့်ဖို့က အရမ်းအရေးကြီးတယ်...
ဒါမှလည်း နေရာလွတ်တွေ ပေါ်လာမယ်... အချိတ်အဆက်လုပ်ဖို့လွယ်မယ်...
ပီးတော့ လူလည်း သက်သာတယ်လေ...
ဒီလိုပဲ ဘ၀မှာလည်း opening ဖွင့်ဖို့က အရမ်းအရေးကြီးတယ်...
အသိတွေကို ဖွင့်ထားရမယ်...
ခံစားချက်ကို ဖွင့်ထားရမယ်...
မျှော်လင့်ခြင်းတွေကို ဖွင့်ထားရမယ်...
ပွင့်လင်းရမယ်...ရိုးသားရမယ်...
တခါတလေ.. ကိုယ်စိတ်ကို ပိတ်ထားမိတဲ့အခါမျိုးမှာ ဘယ်လို့မှ နေပျော်မှာမဟုတ်ဘူး...
ကိုယ်အတ္တထဲမှာပဲ ကိုယ်လှောင်ပိတ်မိနေတဲ့အခါမျိုးမှာ ဘယ်သူကိုမှ တန်ဖိုးမထားတော့ဘူး...မယုံကြည်တော့ဘူး... အထင်မကြီးတော့ဘူး....
ကိုယ်အမြင်တခုထဲမှာပဲ ... ပိတ်မိနေရင်...သူ့ဘက်ကို ထည့်မတွက်မိဘူး...
ကိုယ်ဘက်က မှန်တယ်ထင်တာနဲ့ပဲ လျှောက်လုပ်မိနေရင်... သူတပါးကို ထိခိုက်သလို ကိုယ်ကိုကိုယ်လည်း ထိခိုက်တယ်...
ဒီတော့ စိတ်ကို ဖွင့်ထားရမယ်... ရိုးသားစွာ အသက်ရှင်ရမယ်...
ကိုယ်တော့ ဒီလိုထင်တယ်...မင်းကော ဘယ်လိုထင်လဲ...
ဒီလိုမျိုးလေး...စိတ်ထဲမှာ ဖွင့်ထားနိုင်ရင်..အားလုံးအတွက် အဆင်ပြေမယ်...
Wednesday, May 7, 2008
ခဏပျောက်နေမယ်
တစ်ပတ်လောက်ပေါ့...
မလေးကို ခဏသွားရမှာ...
ဆုတောင်းပေးကြဦးနော်....
အလုပ်က ရပေမယ့် အက်စပတ်လျှောက်ဖို့ ပတ်စပို့သက်တမ်းမလောက်...
ပတ်စပို့သက်တမ်းတိုးဖို့ သံရုံးကပိတ်...ဗီဇာကကုန်...
ဒီလိုဆိုတော့...မလေးခဏသွားမယ်...ပြန်လာမယ်...
အိုကေ...
အလုပ်အတွက် ဆုတောင်းပေးကြပါနော်...
အလုပ်ကလေးရရင်...သူများတွေကို ကူညီနိုင်မှာလေ...
အခုတော့... ဆုတောင်းပေးရုံပဲ တတ်နိုင်သေးတယ်...
အိုကေ..
နာဂစ်...တဲ့
ကြားရကြားရ...နားဝကမသက်သာ....
အထိတ်ရယ်တလန့်...
မုန်တိုင်းတွေ...မွှေ
မမှန်တဲ့မီးက လုံးလုံးပျက်..
ရေတွေလျှံလျက်ကကို သုံးစရာရေမရှိ..သောက်စရာရေမရှိ...
အမိုးတွေက လန်...
ဆန်အိုးက ဂေါင်ဂင်သံပေး....
ကုန်ဈေးနှုန်းက မိုးပေါ်မှာ...
ဘယ်လိုလုပ်ကြမလဲ....
ဘယ်လိုကူကြမလဲ...
တက်နိုင်သမျှ လုပ်ပေးကြစို့ရယ်...
တို့ကတော့ ဒီကိုရောက်နေတယ်...
ကူညီချင်ပေမယ့် ကိုယ်မှာလည်း ကိုယ်ဒုက္ခနဲ့ကိုယ်...
ဒီတော့ ဆုတွေပဲတောင်း...
အဆင်သင့်ဖြစ်နေတဲ့ ကူညီမှုတွေ အမြန်ဆုံးရပါစေ...
ပျောက်သူတွေ ပြန်တွေ့လို့....စိတ်ချမ်းမြေ့ပါစေ...
ပျက်တာတွေ အမြန်ဆုံးပြင်လို့...ဘ၀င်လည်း အေးနိုင်ပါစေ...
အော်...နာဂစ်...တဲ့
တခါဖြစ်တာနဲ့ကို....ကျန်ရစ်တဲ့ဝေဒနာ...
တယ် မသက်သာပါလားနော်....
Tuesday, May 6, 2008
ဘောလုံးစကား (၂)
ဘောလုံးကစားတဲ့အခါမှာ marking က အရမ်းအရေးကြီးတယ်...
ကိုယ့်လူကို marking ကပ်ထားနိုင်ဖို့က အရေးကြီးတယ်...
တဖက်အသင်းက ဘယ်လူကတော့ ပွဲမှာအရေးပါလဲ...
အဲဒီလူကို အသေသာ marking လုပ်ထားလိုက်...
ဒီလိုမျိုး မလှုပ်နိုင်အောင် လုပ်ထားနိုင်ပီဆို... ပွဲက အေးဆေးဖြစ်သွားပီ...
ဒီလိုပဲ...ဘ၀မှာလည်း marking ကပ်ထားဖို့က အရေးကြီးတယ်...
မင်း ဘယ်လမ်းကို ရွေးမလဲ... အဲဒီလမ်းကို အပိုင်သာလုပ်.... ဒါဆို အေးဆေးပဲ..
တခါတလေကျတော့ ဘ၀မှာ ဘယ်လမ်းရွေးရမှန်း မသိဖြစ်တတ်တယ်...
ရွေးမိတဲ့လမ်းကိုလည်း သေချာမလုပ်ထားနိုင်ရင် ဒုက္ခရောက်ရော...
ဒီတော့ ဘယ်လမ်းကို ရွေးမလဲ... သေသေချာချာ စဉ်းစား...
မင်းဟာ ဘာကို ၀ါသနာပါလဲ... တကယ်ဝါသနာပါတာလား...
ကိုယ့်ကိုယ်ကို အရင်မေး... အေး ... သေချာပီဆိုရင်တော့...
အဲဒီလမ်းကို ပိုင်အောင်သာ လုပ်ပေးတော့...
အဲဒီလမ်းကို ပိုင်နိုင်ပီ..သေချာပီ... ဘယ်ဘက်ကလာမေးမေး ... အိုကေဆိုရင်တော့...
ဘ၀မှာ ကြောက်စရာ သိပ်မလိုတော့ဘူး....



