Tuesday, November 27, 2007

တွေးမိတဲ့ Gmail နဲ့ Gtalk အကြောင်း

တခါတလေ တွေးမိတယ်....

ကျွန်တော်တို့ သုံးသုံးနေတဲ့ Gmail ဆိုတာကြီးကိုပေါ့....
ဒီကောင်ကြီးက တော်တော်ကောင်းတယ်ဗျာ့....
ပေးလိုက်သမျှကလဲ...အကုန် free တွေကြီးပဲ...space ဆိုရင်လဲ အများကြီး....
Gtalk ဆိုရင်ကော..ဘယ်လောက်ကောင်းလဲ....
အ၀ါရောင် ဆိုရင် idle ..ဒီစက်ကို မကိုင်ဘူး....
အနီရောင် ဆိုရင် busy.. ဒီစက်မှာ ရှိတော့ရှိတယ်...အလုပ်များနေတယ်...
အစိမ်းရောင် ဆိုရင်တော့ active .. လူလဲရှိတယ်...အားလဲအားတယ်ပေါ့ဗျာ....
ဘယ်လောက်ကောင်းလိုက်တဲ့ စနစ်လဲ....
ဒါတောင် သူတို့ ရုံးသုံးအတွက် ရေးထားတာလေးကို ချကျွေးတာ....
ဒီတော့ ... မြန်မာနိုင်ငံမှာတောင် လူတိုင်းလိုလို သုံးနေကြတာ....
ဒီကောင်ကြီးက ကောင်းလွန်းလို့ လူတွေတော်တော် စွဲနေကြပြီဗျ....

ဒီကောင်ကို ကြည့်လိုက်ရင် Beta version ပဲ....

တကယ်လို့သာပေါ့....
ဒီကောင်ကြီးသာ သူ့ဟာကြီးကို ပိုက်ဆံပေးမှသာ သုံးရမယ်ဆိုရင်....
ဒီအတွေးလေးပေါ့ဗျာ....

စဉ်းစားကြည့်တာပါ....

I love Liverpool

ဘာရယ်မဟုတ်ပါဘူး....။
သူငယ်ချင်းတစ်ယောက်နဲ့ ဂျီတော့မှာ စကားစပ်ရင်း....
မြန်မာနိုင်ငံမှာ လီဗာပူးပရိသတ်အတွက် ၀က်ဆိုဒ်ရှိတာ...သိလိုက်ရတယ်....။

lfc4myanmar.com တဲ့။

ကျွန်တော့်လို လီဗာပူး ပရိသတ်တစ်ယောက်အတွက် သိပ်ကြိုက်ပေါ့ဗျာ....။
ကျွန်တော့်လိုပဲ လီဗာပူးကို အားပေးသူတွေ ၀င်ကြည့်လိုက်ကြပါ....။

Friday, September 21, 2007

Crash Movie.....i like...!!




ဒီတစ်ခါတော့ ရုပ်ရှင်ကားလေး တစ်ကားအကြောင်း ပြောပြချင်တယ်....။

ဒီကားကို ကျွန်တော်အရမ်းကြိုက်တယ်.....။

Tuesday, September 18, 2007

ဘာရယ်မဟုတ်ပါဘူး......

ကဲကဲ....ဘလော့ရေးရတာ...ပျော်ဖို့လဲကောင်းပါတယ်....
စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်.....။
သူများဘလော့ကို ကြည့်လိုက်ရင် လန်နေတာပဲ....။
ဘယ်နှစ်ယောက်တောင် ၀င်ကြည့်သွားလဲ....။
တချို့များဆို ဆပွန်ဆာတွေ ဘာတွေနဲ့....။
အားကျလိုက်တာ....။
ကိုယ့်မှာတော့....
ဒီစာလေးရေးရတာကို မရေးနိုင်ဘူး....။
ဒီကြားထဲ.. အလုပ်ကလုပ်ရသေး....။
သင်တန်းက တတ်ရသေး....။
အခုဆိုရင်....သင်တန်းက ပေးတဲ့ ပရောဂျက်တဲ့...လုပ်ရဦးမယ်....။
စိတ်ပိန်လိုက်တာ....။
အရှေ့ကသင်ရင် အနောက်က မေ့ပဲ....။
တက်လိုက်တာလဲ ၀က်ပ် ဆိုတော့...လေ...။
အဲဒီ နုတ်ပတ် မှာ သွားသွားရေးရတာကို မုန်းတာ....။
ဘာတွေမှန်းကို မသိဘူး.....။
သူများဟာတွေ ၀င်ကြည့်ရင်လည်း .... ဘာတွေမှန်းကို မသိဘူး.....။
ကွိစိကွစိနဲ့..... မူးတောင်မူးတယ်....။
တခါတလေကျတော့လည်း ထူးဆန်းသလိုပဲ...။
ဒီက စာလေးရေးတာ...ဟိုမှာ အရုပ်သွားပေါ်တယ်....။
အခုခေတ်ကြီးကလည်း ဆန်းတယ်ဆိုတာလည်း....ခဏလေးနဲ့ကို ရိုးရိုးသွားတာ....။
ဘလော့ဂါတချို့ဆိုရင် သိပ်ကို အပ်ဒိတ်ဖြစ်တာ....။
ဒီနေ့အဖြစ်အပျက်ကို ဒီနေ့ပဲ ချက်ချင်းကို ရေးလိုက်တာ....ဓါတ်ပုံတွေနဲ့ကို ဝေေ၀ဆာဆာ.....။
ကောင်းပေစွ....။
ကဲကဲ......
မဖြစ်သေးပါဘူးလေ.....။
ကိုယ့်အလုပ်လေးလည်း ကိုယ်လုပ်ဦးမှ.....။
ဒီအလုပ်လေးမှ မလုပ်ရင် ပိုက်ဆံက မရဘူးဆိုတော့လေ....။
ပရောဂျက်လေးလည်း လုပ်ဦးမှ.....။
ဒီအတိုင်းထိုင်ပြီး ငြီးနေလို့ ပြီးမှာမှ မဟုတ်တာ....။
ဘယ်အရာမှ လွယ်လွယ်ကူကူ ဖြစ်လာတာမှ မဟုတ်တာ.....။
အလုပ်တစ်ခုဟာ...အောင်မြင်တဲ့အချိန်လေးတွေကို ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်ရသလို....
ခက်ခဲတဲ့အချိန်လေးတွေကိုလည်း ကျော်ဖြတ်ရမှာပဲလေ....။
ဒီတော့လည်း အကောင်းဆုံးအတွက် မျှော်လင့်ရင်း အခက်အခဲဆုံးအချိန်အတွက်လည်း
ခံနိုင်ရည်ရှိအောင် ပြင်ဆင်ကြတာပေါ့.....။
မဟုတ်ဘူးလား....။

Thursday, September 13, 2007

ကယ်တော်မူကြပါ

အခုတလော....အလုပ်ကများတယ်ဗျာ...
ဒီကြားထဲ....ဗိုင်းရပ်စ်ကလည်း အကိုက်ခံရသေးတယ်...
အဆိုးကြီးပဲ...
ဒီဗိုင်းရပ်စ်က window exploer ကို ကိုက်တာလားမသိဘူး...
w32/autorun.worm.b...တဲ့
ဘယ်လိုသတ်ရမလဲမသိဘူး....
NOD32....ရယ်....Mcfee ရယ်...XoftspySE...ရယ်...AVG ရယ်...နဲ့ သတ်တာပဲ
ဒါပေမယ့် မရဘူးဗျာ....
C: နဲ့ D: ကို ဖွင့်ရင်....open with ဆိုပြီး ပေါ်ပေါ်လာတယ်.....
သိတယ်မဟုတ်လား...programme ရွေးခိုင်းတာလေ...

ခင်ဗျားတို့သိကြရင်လဲ...ကူညီပါဦး....

Sunday, September 9, 2007





အင်းလျားမြင်ကွင်း


ဘာရယ်မဟုတ်ပါဘူး.....။
အင်းလျားကန်ဘောင်ပေါ် ရောက်တုန်း....
မြင်လိုက်ရတဲ့ မြင်ကွင်းလေးကို
ကင်မရာထဲဆွဲသွင်းလိုက်တာပါ....။

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..