Monday, December 17, 2007

ဘ၀ဆိုတာ....

ဘာရယ်မဟုတ်ပါဘူး....။
တခါတလေ စဉ်းစားမိတယ်...။
ဘ၀ဆိုတာ...ကားစီးခြင်းပဲလားလို့ပေါ့...။
ဘာဖြစ်လဲဆိုတော့....
နေ့စဉ်ပဲ ရုံးသွားရုံးပြန် ကားစီးကြရတယ်လေ...။
ဒီအခါကြတော့ ရွေးချယ်မှုတွေက စလာရပြီ...။
AirConBus စီးမလား....။
ဒီကားစီးရင် ဘေးကင်းပေမယ့် မွန်းကျပ်မယ်...။
ကားသေးလေးတွေ စီးမလား....။
ဒါဆို မြန်ပေမယ့် တွယ်စီးရမယ်....။
နေရာရချင်ရင် ပတ်စီးမလား...။
အချိန်လေးပေးရပေမယ့် နေရာတော့ရမယ်ပေါ့...။
ဒီထက်မက မြန်ချင်ရင်တော့...Taxi ငှားစီးပေါ့ဗျာ...။

ဒါလေးကို တဖက်ကလှည့်တွေးကြည့်လိုက်တော့...
ဒီလိုလေးသွားတွေ့တယ်...။
တချို့သော အလုပ်တွေက AirConBus စီးသလိုပဲ
လွယ်လွယ်ရမယ့် ဘေးကင်းမယ်...
ဒါပေမယ့် လခနည်းပြီးတော့ မွန်းကျပ်မှုတွေခံစားရမယ်...။

တချို့အလုပ်ကြတော့ ကားလေးတွေ စီးရသလိုပဲ
မြန်မြန်ဆန်ဆန် ခရီးရောက်ပေမယ့်
စွန့်စားရတယ်....အားထုတ်ရတယ်...
နဲနဲတော့ ရင်းနှီးမှုက များတယ်လေ...။

တချို့အလုပ်တွေကြတော့ ကားပတ်စီးရသလိုပဲ
နဲနဲအနစ်နာခံရတာပေါ့...
နေရာလေးတစ်ခုရဖို့ကို အချိန်ပေးရမယ်...ငွေပေးရမယ်...။

တချို့အလုပ်တွေကြတော့ taxi ငှားစီးရသလိုပဲ
သက်တောင့်သက်သာ မြန်မြန်ဆန်ဆန်ကို ခရီးရောက်တာ...။
အရင်းအနှီးကတော့ များတာပေါ့ဗျာ...။

အိုကေ...
ဒီလိုဒီလိုလေးတွေးမိတော့....
ငါတို့ကော ဘ၀ကို ဘယ်လိုနည်းနဲ့ ဖြတ်သန်းမလဲလို့ပေါ့ဗျာ....။
တွေးမိတာလေးတွေပါ...။

Thursday, December 6, 2007

ဖြစ်ချင်တာလုပ်ကြရအောင်.....

ဘာရယ်မဟုတ်ပါဘူး....။

စကားလုံးလေးအချို့ကို စဉ်းစားနေမိတယ်....
ဘာတဲ့...
“လောကမှာ...ဖြစ်ချင်တာထက်...ဖြစ်သင့်တာကို...လုပ်ရမယ်...တဲ့”
နဲနဲတော့ မှားသလားပေါ့...။

ဘာလို့လဲဆိုတော့...
လူရယ်လို့ဖြစ်လာရင်...ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ရယ်ရှိရမှာပေါ့....။
အဲဒီလို ဖြစ်ချင်တဲ့အိပ်မက်တွေဆီ...ဖြစ်အောင်ကို သွားရတာက...ဘ၀ရဲ့အနှစ်သာရပဲလေ...။
ဟုတ်တယ်ဟုတ်....။

ဒါကိုမှ ဒါကြီးက မဖြစ်နိုင်ပါဘူးကွာ..။
ဖြစ်သင့်တာ...ဖြစ်နိုင်တာပဲလုပ်ရအောင်ဆိုတာ...
နဲနဲများ သူရဲဘောကြောင်နေမလားပေါ့....။

ငယ်ငယ်ထဲက သွန်သင်မှုတွေထဲမှာကို ဒီလိုမျိုးကြီးသွန်သင်လာတာဆိုတော့...
ဘ၀မှာ စွန့်စားဖို့ကို စိုးရွံ့နေကြတယ်...။
ဖြစ်တာမဖြစ်ရင်...ဖြစ်နေတဲ့ဘ၀မှာပဲ စီးမျောနေကြတယ်....။

လောကမှာကြည့်လိုက်ရင်....
အောင်မြင်သူတိုင်းဟာ....
ကိုယ်ဖြစ်ချင်တာကိုပဲ တစိုက်မက်မက်ဖြစ်အောင်လုပ်ကြတယ်...။
ဘယ်လိုအခက်အခဲတွေကမှ သူတို့ကို မတားဆီးနိုင်ဘူး...။
ဖြစ်ချင်တာကိုတွေကို တမ်းတမ်းမက်မက် ခုံမင်စွာ လုပ်ကိုင်ကြရင်းနဲ့မှကို
အောင်မြင်မှုတွေ ရခဲ့ကြတာပဲ...။
ဟုတ်တယ်ဟုတ်...။

ကဲ..ဒီလိုဆိုတော့....
”ဘ၀မှ ဖြစ်သင့်တာတွေထက် ... ဖြစ်ချင်တာတွေ လုပ်ကြရအောင်...”။

Sunday, December 2, 2007

ငါ့ရင်ဘတ်ထဲ စွေးစွေးနီတဲ့ ရင်ခုန်ခြင်းတွေ......

ဒီမှာကြည့်လိုက်စမ်း....

မျှော်လင့်ခြင်းတစ်ခုနဲ့ အရောင်လက်နေတဲ့ မျက်ဝန်းတွေ....
ဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားတွေ...
တမ်းမက်စွာ အော်ဟစ်အားပေးပို့ အသင့်ပြင်နေတဲ့ နှုတ်ခမ်းတွေ...
........
........
ဒါတွေအားလုံးဟာ....

အစိမ်းရောင်မြက်ခင်းလေးပေါ်မှာ လူးလွန့်ပျံသန်းနေတဲ့
ိလုံးဝန်းဝန်းလေးပေါ် အတိမ်းအနွဲ့မှာ သက်ဝင်လို့ပေါ့....

ပရိသတ်ထောင်ပေါင်းများစွာရဲ့ အရှေ့မှာ
တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေလို
ငါတို့ရင်ဘတ်ထဲက ကြိုးကြာတွေလေ....

ငါတို့တွေကကော....
ဘ၀မှာ...ဘယ်သူတွေအတွက် တိုက်ပွဲဝင်နေလဲ....

နေ့စဉ်ဘ၀မှာ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရင်း....
အခါခါလဲကျသလို...
အခါခါပြန်ထရချိန်တွေလဲ မနဲတော့ပါဘူး....

ကိုယ့်ဘာသာကိုယ်တိုင်းတာတဲ့ အောင်မြင်မှုတွေအတွက်ပဲ....တိုက်ပွဲဝင်ကြရတာပါ....

တခါတလေ... မွန်းကျပ်မှုတွေထဲ လဲကျသေဆုံးလိုက်ချင်ခဲ့တယ်....
တခါတလေ... ၀ုန်းဒိုင်းကြဲပီး ပေါက်ကွဲပစ်ချင်လိုက်တယ်...
တခါတလေ... တိတ်တဆိတ် ငိုကြွေးပစ်လိုက်ချင်တယ်....
တခါတလေ... အဝေးကြီးကို ထွက်ပြေးသွားချင်တယ်....

ဒါပေမယ့်လည်း....
ကိုယ့်အိပ်မက်တွေဆီ အရောက်လှမ်းဖို့.....
ဒဏ်ရာတွေကို ထမ်းပိုးရင်း ဆက်လျှောက်ရတာပါပဲ....

မျှော်လင့်ခြင်းနဲ့ ပွင့်တဲ့ပန်းတိုင်းဟာလည်း...
အောင်မြင်မှုတွေနဲ့ပဲ...မွှေးပျံ့ရမှာပေါ့....

ဒီလိုပဲလေ....
တို့ရဲ့ကြိုးကြာနီတွေလဲ....
အိမ်ကွင်းမှာတောင် ရှုံးပွဲတွေ ကြုံ....
တန်းစီဇယားမှာ အောက်ကို ကျသွားခဲ့ပေမယ့်....
သူရဲကောင်းတို့ရဲ့ ရဲရင့်စိတ်ထားတွေနဲ့ပဲ....
အောင်မြင်မှုတွေကို တည်ဆောက်ခဲ့ကြတယ်....

ကဲ....အခုတော့လည်း ချန်ပီယံတို့ရဲ့ကောင်းကင်မှာ တွန်ကြူးနေတဲ့ကြိုးကြာသံတွေဟာ ငါ့ရင်ဘတ်ထဲလဲ စွေးစွေးနီခဲ့ပေါ့....

Tuesday, November 27, 2007

တွေးမိတဲ့ Gmail နဲ့ Gtalk အကြောင်း

တခါတလေ တွေးမိတယ်....

ကျွန်တော်တို့ သုံးသုံးနေတဲ့ Gmail ဆိုတာကြီးကိုပေါ့....
ဒီကောင်ကြီးက တော်တော်ကောင်းတယ်ဗျာ့....
ပေးလိုက်သမျှကလဲ...အကုန် free တွေကြီးပဲ...space ဆိုရင်လဲ အများကြီး....
Gtalk ဆိုရင်ကော..ဘယ်လောက်ကောင်းလဲ....
အ၀ါရောင် ဆိုရင် idle ..ဒီစက်ကို မကိုင်ဘူး....
အနီရောင် ဆိုရင် busy.. ဒီစက်မှာ ရှိတော့ရှိတယ်...အလုပ်များနေတယ်...
အစိမ်းရောင် ဆိုရင်တော့ active .. လူလဲရှိတယ်...အားလဲအားတယ်ပေါ့ဗျာ....
ဘယ်လောက်ကောင်းလိုက်တဲ့ စနစ်လဲ....
ဒါတောင် သူတို့ ရုံးသုံးအတွက် ရေးထားတာလေးကို ချကျွေးတာ....
ဒီတော့ ... မြန်မာနိုင်ငံမှာတောင် လူတိုင်းလိုလို သုံးနေကြတာ....
ဒီကောင်ကြီးက ကောင်းလွန်းလို့ လူတွေတော်တော် စွဲနေကြပြီဗျ....

ဒီကောင်ကို ကြည့်လိုက်ရင် Beta version ပဲ....

တကယ်လို့သာပေါ့....
ဒီကောင်ကြီးသာ သူ့ဟာကြီးကို ပိုက်ဆံပေးမှသာ သုံးရမယ်ဆိုရင်....
ဒီအတွေးလေးပေါ့ဗျာ....

စဉ်းစားကြည့်တာပါ....

I love Liverpool

ဘာရယ်မဟုတ်ပါဘူး....။
သူငယ်ချင်းတစ်ယောက်နဲ့ ဂျီတော့မှာ စကားစပ်ရင်း....
မြန်မာနိုင်ငံမှာ လီဗာပူးပရိသတ်အတွက် ၀က်ဆိုဒ်ရှိတာ...သိလိုက်ရတယ်....။

lfc4myanmar.com တဲ့။

ကျွန်တော့်လို လီဗာပူး ပရိသတ်တစ်ယောက်အတွက် သိပ်ကြိုက်ပေါ့ဗျာ....။
ကျွန်တော့်လိုပဲ လီဗာပူးကို အားပေးသူတွေ ၀င်ကြည့်လိုက်ကြပါ....။

Friday, September 21, 2007

Crash Movie.....i like...!!




ဒီတစ်ခါတော့ ရုပ်ရှင်ကားလေး တစ်ကားအကြောင်း ပြောပြချင်တယ်....။

ဒီကားကို ကျွန်တော်အရမ်းကြိုက်တယ်.....။

Tuesday, September 18, 2007

ဘာရယ်မဟုတ်ပါဘူး......

ကဲကဲ....ဘလော့ရေးရတာ...ပျော်ဖို့လဲကောင်းပါတယ်....
စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်.....။
သူများဘလော့ကို ကြည့်လိုက်ရင် လန်နေတာပဲ....။
ဘယ်နှစ်ယောက်တောင် ၀င်ကြည့်သွားလဲ....။
တချို့များဆို ဆပွန်ဆာတွေ ဘာတွေနဲ့....။
အားကျလိုက်တာ....။
ကိုယ့်မှာတော့....
ဒီစာလေးရေးရတာကို မရေးနိုင်ဘူး....။
ဒီကြားထဲ.. အလုပ်ကလုပ်ရသေး....။
သင်တန်းက တတ်ရသေး....။
အခုဆိုရင်....သင်တန်းက ပေးတဲ့ ပရောဂျက်တဲ့...လုပ်ရဦးမယ်....။
စိတ်ပိန်လိုက်တာ....။
အရှေ့ကသင်ရင် အနောက်က မေ့ပဲ....။
တက်လိုက်တာလဲ ၀က်ပ် ဆိုတော့...လေ...။
အဲဒီ နုတ်ပတ် မှာ သွားသွားရေးရတာကို မုန်းတာ....။
ဘာတွေမှန်းကို မသိဘူး.....။
သူများဟာတွေ ၀င်ကြည့်ရင်လည်း .... ဘာတွေမှန်းကို မသိဘူး.....။
ကွိစိကွစိနဲ့..... မူးတောင်မူးတယ်....။
တခါတလေကျတော့လည်း ထူးဆန်းသလိုပဲ...။
ဒီက စာလေးရေးတာ...ဟိုမှာ အရုပ်သွားပေါ်တယ်....။
အခုခေတ်ကြီးကလည်း ဆန်းတယ်ဆိုတာလည်း....ခဏလေးနဲ့ကို ရိုးရိုးသွားတာ....။
ဘလော့ဂါတချို့ဆိုရင် သိပ်ကို အပ်ဒိတ်ဖြစ်တာ....။
ဒီနေ့အဖြစ်အပျက်ကို ဒီနေ့ပဲ ချက်ချင်းကို ရေးလိုက်တာ....ဓါတ်ပုံတွေနဲ့ကို ဝေေ၀ဆာဆာ.....။
ကောင်းပေစွ....။
ကဲကဲ......
မဖြစ်သေးပါဘူးလေ.....။
ကိုယ့်အလုပ်လေးလည်း ကိုယ်လုပ်ဦးမှ.....။
ဒီအလုပ်လေးမှ မလုပ်ရင် ပိုက်ဆံက မရဘူးဆိုတော့လေ....။
ပရောဂျက်လေးလည်း လုပ်ဦးမှ.....။
ဒီအတိုင်းထိုင်ပြီး ငြီးနေလို့ ပြီးမှာမှ မဟုတ်တာ....။
ဘယ်အရာမှ လွယ်လွယ်ကူကူ ဖြစ်လာတာမှ မဟုတ်တာ.....။
အလုပ်တစ်ခုဟာ...အောင်မြင်တဲ့အချိန်လေးတွေကို ပျော်ပျော်ရွှင်ရွှင်ကျော်ဖြတ်ရသလို....
ခက်ခဲတဲ့အချိန်လေးတွေကိုလည်း ကျော်ဖြတ်ရမှာပဲလေ....။
ဒီတော့လည်း အကောင်းဆုံးအတွက် မျှော်လင့်ရင်း အခက်အခဲဆုံးအချိန်အတွက်လည်း
ခံနိုင်ရည်ရှိအောင် ပြင်ဆင်ကြတာပေါ့.....။
မဟုတ်ဘူးလား....။

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..