Tuesday, June 5, 2007

မြို့ပြကို ထုဆစ်နေတဲ့ လူငယ်....

ဒီနေ့တော့ ကျွန်တော့်ဖတ်ဖြစ်လိုက်တဲ့အကြောင်းလေးတစ်ခုကို ပြန်ပြောပြချင်တယ်....
ဗျူတီမှာပါလာတာ...မောင်သာချိုရေးတာ...
သူက သူဖတ်ဖြစ်တဲ့ E.B.White ရေးတဲ့ NewYork ဆိုတဲ့ essay ကို ပြန်ပြီးခံစားထားတာပါ...

နယူးယောက်မြို့ဟာ တမြို့တည်းမဟုတ်ဘူး။ အကြမ်းအားဖြင့် သုံးမြို့ရှိတယ်လို့ဆိုတယ်။
ပထမ နယူးယောက်က နယူးယောက်မှာ မွေးလာတဲ့ ယောကျာင်္းနဲ့မိန်းမက ဘာမှ ဆင်ခြင်ခြင်းမရှိဘဲ လက်ခံထားတဲ့ နယူးယောက်တဲ့။
ဒုတိယ နယူးယောက်ကတော့ နေ့တွင်အလုပ်လုပ်ပြီး ညတွင်ထွေးထုတ်သော ကျိုင်းကောင်များလို နေ့ချင်းပြန်ရောက်လာပြီး နေ့တွင်အလုပ်လုပ် ညတွင်ပြန်ထွက်သွားသူတို့ရဲ့ နယူးယောက်တဲ့။
တတိယ နယူးယောက်ကတော့ တစ်ခုခုကို ရှာဖွေဖို့ တက်ရောက်လာသူတို့ရဲ့ နယူးယောက်တဲ့။ ဒီသုံးမြို့မှာ တတိယနယူးယောက်က အမြင့်မြတ်ဆုံးပဲတဲ့။ တစ်ခုခုကို ရှာဖွေဖို့ရောက်လာသူများကြောင့် နယူးယောက်မြို့ကြီး ရှင်သန်နေခြင်းပါပဲ...တဲ့။

မြို့ကြီးပြကြီးများရှိရာကို အိပ်မက်ကိုယ်စီနဲ့ လူတွေအချိန်တိုင်း တက်လာနေခဲ့ကြတယ်။ အထူးသဖြင့် လူငယ်တွေ...။ မြို့ပြမှာ ကျောချစရာတစ်နေရာကို ရပြီဆိုတာနဲ့ သူတို့လိုချင်တာကို ရှာဖို့ လုံးပမ်းကြတယ်။ ဒါကြောင့်လည်း မြို့တွေ ခေတ်ကာလတွေဟာ အသက်ဝင်ပြီး လှုပ်ရှားလာခြင်းဖြစ်တယ်။ ဒါဟာ ဘယ်လိုမှ ငြင်းလို့မရတဲ့အချက်ပဲ...။

တစ်ခုခုကို ရှာဖွေဖို့ တက်လာသူတို့ကြောင့် နယူးယောက်မြို့ကြီး ရှင်သန်နေသလို ရန်ကုန်မြို့ဟာလည်း ဒီအတိုင်းပဲ။ စင်ကာပူဟာလည်း ဒီအတိုင်းပဲ။ ဘန်ကောက်လည်း ဒီအတိုင်းပဲ။ ဟနွိုင်းလည်း ဒီအတိုင်း။ ဆိုးလ်လည်း ဒီအတိုင်း။

မြို့ကြီးတွေကနေ လူငယ်တွေဟာ ခေတ်ကို ပုတ်နှိုးနေတယ်။ သမိုင်းကို သွက်လက်မြန်ဆန်စေတယ်။ ရင်ခုန်သံကို ဗုံပေါ်တင်ပေးလိုက်ကြတယ်။ မအောင်မြင်သေးခင် လှောင်ရယ်သံတွေကြားထဲကပဲ လက်မလျှောက်စတမ်းစိတ်နဲ့ ခေတ်ကို ဖြတ်သန်းနေကြတဲ့ လူငယ်တွေ မြို့ကြီးတွေတိုင်း၊ ကျောင်းပတ်ဝန်းကျင်တိုင်း၊ အဆောင်တွေတိုင်း၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တိုင်းမှာ ရှိသလို ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီလိုပဲ ရုန်းကန်ရင်း ကျွန်တော်တို့တွေရဲ့ အိပ်မက်တွေကို ထုဆစ်ကြရတဲ့....အကြောင်းလေးပါ။

2 comments:

Unknown said...

Yeah everybody struggle for their lives. Sometimes i think "we earn for living or we live for earning" But GOD gives our lives to fill the world BE HAPPY!!!!

Ka Du said...

In life .... If can ....

Serving the best, suffering the worse.

Admire without desiring....

What can we bring after life....

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..