Monday, December 17, 2007

ဘ၀ဆိုတာ....

ဘာရယ်မဟုတ်ပါဘူး....။
တခါတလေ စဉ်းစားမိတယ်...။
ဘ၀ဆိုတာ...ကားစီးခြင်းပဲလားလို့ပေါ့...။
ဘာဖြစ်လဲဆိုတော့....
နေ့စဉ်ပဲ ရုံးသွားရုံးပြန် ကားစီးကြရတယ်လေ...။
ဒီအခါကြတော့ ရွေးချယ်မှုတွေက စလာရပြီ...။
AirConBus စီးမလား....။
ဒီကားစီးရင် ဘေးကင်းပေမယ့် မွန်းကျပ်မယ်...။
ကားသေးလေးတွေ စီးမလား....။
ဒါဆို မြန်ပေမယ့် တွယ်စီးရမယ်....။
နေရာရချင်ရင် ပတ်စီးမလား...။
အချိန်လေးပေးရပေမယ့် နေရာတော့ရမယ်ပေါ့...။
ဒီထက်မက မြန်ချင်ရင်တော့...Taxi ငှားစီးပေါ့ဗျာ...။

ဒါလေးကို တဖက်ကလှည့်တွေးကြည့်လိုက်တော့...
ဒီလိုလေးသွားတွေ့တယ်...။
တချို့သော အလုပ်တွေက AirConBus စီးသလိုပဲ
လွယ်လွယ်ရမယ့် ဘေးကင်းမယ်...
ဒါပေမယ့် လခနည်းပြီးတော့ မွန်းကျပ်မှုတွေခံစားရမယ်...။

တချို့အလုပ်ကြတော့ ကားလေးတွေ စီးရသလိုပဲ
မြန်မြန်ဆန်ဆန် ခရီးရောက်ပေမယ့်
စွန့်စားရတယ်....အားထုတ်ရတယ်...
နဲနဲတော့ ရင်းနှီးမှုက များတယ်လေ...။

တချို့အလုပ်တွေကြတော့ ကားပတ်စီးရသလိုပဲ
နဲနဲအနစ်နာခံရတာပေါ့...
နေရာလေးတစ်ခုရဖို့ကို အချိန်ပေးရမယ်...ငွေပေးရမယ်...။

တချို့အလုပ်တွေကြတော့ taxi ငှားစီးရသလိုပဲ
သက်တောင့်သက်သာ မြန်မြန်ဆန်ဆန်ကို ခရီးရောက်တာ...။
အရင်းအနှီးကတော့ များတာပေါ့ဗျာ...။

အိုကေ...
ဒီလိုဒီလိုလေးတွေးမိတော့....
ငါတို့ကော ဘ၀ကို ဘယ်လိုနည်းနဲ့ ဖြတ်သန်းမလဲလို့ပေါ့ဗျာ....။
တွေးမိတာလေးတွေပါ...။

No comments:

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..