Sunday, March 23, 2008

အံသွားများ တွန့်ကြေခြင်း

အဲဒီညချမ်းလေးမှာပေါ့....။
အပြင်ကပြန်ရောက်တော့ (၈း၃၀) နေပြီ...။
ဒီည ပွဲကြီးပွဲကောင်းရှိတယ်လေ...။
လီဗာပူးနှလုံးသားတို့ ဆုံရပ်ကို သွားကြည့်လိုက်တယ်...။
လူစာရင်းနဲ့ဂိုးခန့်မှန်းပွဲကို သွားပြိုင်ကြည့်လိုက်တယ်...။
ပြီးတော့ စည်သူနဲ့ ကိုမိုးဝေကို ပေးမလိုလိုနဲ့ မပေးဖြစ်တဲ့ လီဗာပူး တီရှပ်လေးကို ၀တ်လိုက်တယ်..။
ပိုက်ဆံအိတ်နဲ့ ဟမ်းဖုန်းလေးကို ကောက်ကိုင်ပြီး ဘောလုံးပွဲကြည့်ဖို့ footcourt ကို သွားလိုက်တယ်....။
ရန်ကုန်မှာ မကိုင်နိုင်ခဲ့တဲ့ အဲဒီလက်တ၀ါးစာအရာဝတ္တုလေးရဲ့ အသုံးဝင်မှုက တော်တော်တာသွားတာပဲ...။
footcourt ကို ရောက်တော့ နေရာတောင် သိပ်မရှိတော့ဘူး...။
ကော်ဖီအေးတစ်ခွက်ကို တစ်ဒေါ်လာပေးဝယ်ပြီး လွတ်တဲ့နေရာလေးမှာ ၀င်ထိုင်လိုက်တယ်...။
ဘေးဘီကို လှမ်းကြည့်လိုက်တော့ မြန်မာလေးယောက်ကို တွေ့တယ်...။
သိတယ်ဟုတ်...မြန်မာဆိုရင် မန်ယူပရိသတ်ဆိုတာ တော်တော်သေချာနေတာပဲ...ဟုတ်။
ဘေးနားက တစ်ယောက်ကို လှမ်းမိတ်ဖွဲ့လိုက်တော့ စင်ကာပူဖြစ်နေတယ်...။
စင်ကာပူဆိုတာနဲ့ လီဗာပူးပရိတ်သတ်ဆိုတာ သေချာနေပီ...ဟုတ်။
ရှိစုမဲ့စု စကားလုံး အကျိုးအပဲ့တွေနဲ့ ကသောင်းကနင်း စကားပြောရင်း လီဗာပူးပွဲကို ကြိုခံစားကြည့်တယ်...။
တီဗွီကလည်း တခြားလိုင်းတွေ ပြနေတယ်...။ ပြန်ချိန်လိုက်တော့ လူစာရင်းတောင် မမြင်လိုက်ရဘူး...။
ဘောလုံးသမားတွေ ကွင်းထဲရောက်နေပီ...။

စပါပြီ....။

ဟိုက်...လီဗာပူးက အဖြူရောင်ဝတ်ထားပါလား...။
စကစားတယ်ဆိုရင် လီဗာပူးက အမှားနဲနဲစလုပ်တာ တွေ့ရတယ်...။
အိုး...မန်ယူက အပြောင်းအလဲတချို့လုပ်ထားပါလား...။
အီဗရာက ဘယ်နောက်ခံမှာ ကစားပြီး ဘရောင်းက ညာနောက်ခံမှာ ၀င်ဆော့တယ်...။
အီလန်းဗန်းကပြောတော့ ဗီဒစ်မပါဘူးဆိုပြီး အခုတော့ ဖာဒီနန်နဲ့တွဲလို့ပါလား...။
လီဗာပူးကတော့ ခါတိုင်းလိုပဲ...
တောရက်စ်ကို အထောင်ထားပြီး ဂျရက်က နောက်ချန်တိုက်စစ်မှူး...။
ကူရစ်ကတော့ ညာတောင်ပံဆင်းဆော့တယ်....။
တခါတလေ အားမရတာ အဲဒါပဲ...။
တောင်ပံနှစ်ဖက်ကို အားကောင်းကောင်း ဆော့ပါလား...။
ဒီဘက်မှာ ဘာဘယ်ဆို...ဟိုဘက်မှာ ပီးနန့်လောက် ထည့်ကစားပါလား..။
အလယ်မှာ မာရှေရာနိုနဲ့ အလွန်ဆိုက အဖျက်ဆော့တာတော့ ကြိုက်ပါတယ်...။
နောက်မှာ ဟစ်ပီယာကြီးမထည့်ပဲ စတာတယ်ကို ထည့်ထားတယ်...။
ဟစ်ပီယာကြီးက အတွေ့အကြုံပိုရှိတယ်လေ...။
မန်ယူတောင် ပေါစခိုးလ် နဲ့ ဂစ်ကို ကစားခိုင်းထာတာပဲ...။
ဒီလိုနဲ့ ကစားလာလိုက်တာ... လီဗာပူးက အပေးအယူတချို့ မှားယွင်းနေတယ်...။
(၁၁) မိနစ်မှာ မာရှေရာနို အ၀ါကတ်ရတယ်...။
မာရှေရာနို တော်တော်ပေါက်ကွဲသွားတယ်...။ ဒိုင်လူကြီးကို လှမ်းဆဲတာ တွေ့လိုက်ရတယ်။
(၃၄) မိနစ်မှာ မန်ယူက ဂိုးစရတယ်...။
အရမ်းတင်းတယ်...။ ဂိုးသွင်းတာ ဘရောင်းတဲ့....။
ဒီဂိုးကတော့ လီဗာပူးနောက်တန်းက ပေါ့လို့ ပေးလိုက်ရတဲ့ ဂိုးပဲ...။
ညာဘက်ထောင့်ကို ဘောလုံးကျွံသွားတာ ဖိဖိစီးစီးလိုက်မဖျက်တော့
ရွန်နီ အသာလေးမပေးတာကို ဘရောင်းက ခေါင်းဝင်တိုက်ပီး သွင်းသွားတာလေ...။
အိုကေသေးတယ်...။
ဆက်ကစားရင်း (၄၃) မိနစ်မှာ တောရက်စ်ကို အ၀ါကတ်ပေးတယ်....။
အဲဒီအချိန်မှာ မာရှေရာနိုက ပြေးလာပြီး ဒိုင်ကို စောဒက တက်တယ်...။
ချက်ချင်းပဲ ဒိုင်က မာရှေရာနိုကို အ၀ါကတ် ထပ်ပြပြီး နှစ်ဝါတစ်နီနဲ့ ထုတ်လိုက်တယ်...။
ဒါက ဒီပွဲရဲ့ အဖြေတစ်ခုလို ဖြစ်သွားတယ်...။
ရှေ့မှာ မန်ယူရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှု တချို့ကို ဘာမှမပေးပဲနဲ့...
ဒါပဲ....
ဒီလိုပွဲမျိုးမှာ တစ်ယောက်လျော့သွားတာက တကယ့်အားနည်းချက်ပဲ...။
ပထမပိုင်း ပြီးသွားတယ်...။
လီဗာပူးရဲ့ ကွင်းလယ်အဖျက်နှစ်ယောက်က တစ်ယောက်လျော့သွားပြီ...။
ဘယ်သူနဲ့အစားထိုးမလဲ...။
မန်ယူက ကွင်းလယ်အဖျက်မှာ ကားရစ်၊ ပေါလ်စခိုးလ်၊ အန်ဒါဆန်...သုံးယောက်တောင် ထားကစားထားတာ..။
ဒုတိယပိုင်းစတော့ လီဗာပူး အပြောင်းအလဲမလုပ်သေးဘူး..။
မန်ယူက ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကို ဒိုင်က လစ်လျူရှုထားတယ်...။
ဒီဒိုင်...မန်ယူကို မျက်နှာသာ ပေးလွန်းတယ်...။
ဒါကိုကပဲ ဒီပွဲရဲ့အဖြေပဲ...။
ဘာဘယ်ကို ထုတ်ပီး.. ဘီနာယောင်ကို ထည့်တယ်...။
မန်ယူက တီဗက်...နာနီကို ထည့်တယ်...။
ခဏနေတော့ ရော်နယ်ဒို...တစ်ဂိုးသွင်းတယ်...။
နာနီထပ်သွင်းတယ်....။
ဒီလိုပွဲမှာ ဂိုးသွင်းနိုင်တာကိုများ ကျွမ်းထိုးပီး အောင်ပွဲခံနေသေးတယ်...။
ရှက်ဖွယ်လိလိ...။
ပွဲပြီးသွားတယ်....။
လီဗာပူး ရှုံးသွားတယ်....။
ဘာဖြစ်လဲ...
ဒိုင်သတ်လို့ သေခဲ့ရတဲ့ပွဲပဲ...
လွမ်းစရာမရှိဘူး...။
တင်းတယ်...။
အရမ်းတင်းတယ်....။
ရင်ထဲမှာ ၀ုန်းဒိုင်းကြဲနေတယ်....။
မမgr8 ကို လှမ်းပီး ရင်ဖွင့်လိုက်တယ်...။
သူလည်း ပေါက်ကွဲနေတယ်...။
သိက္ခာရှိရှိ ရှုံးနိမ့်ခြင်းပဲ....။

ဘန်းနက်မှုတ်ငြိမ်းလိုက်တဲ့ ငါတို့ရဲ့ မီးအိမ်....
ဒိုင်သွင်းတဲ့ဂိုးနဲ့ ရှုံးနိမ့်ခြင်း...
..........................
..........................
ဒါတွေအားလုံးရဲ့ အဆုံးမှာ ငါ့အံသွားတွေ တွန့်ကြေကုန်ပီ....။

1 comment:

ကလိုစေးထူး said...

ဟုတ်ပဗျာ။ အဲဒီပွဲမှာ မန်ယူ နိုင်သွားတာက ခြေစွမ်းပိုင်း အသာရတာထက် ဘန်းနက်ရဲ့ ကလေးဆန်မှုကပါ လီဗာပူးကို စိတ်ဓာတ်ရေးရာအရ ထိခိုက်သွားစေတယ်လို့ ထင်မိတယ်။ တောရက်စ်ကို အ၀ါကဒ်ပြတာလဲ အဲဒီလောက်ကြီး မလိုအပ်သလို မာရှေရာနိုရဲ့ အနီကဒ်ကလဲ သူ့ရဲ့ ကလေးဆန်တဲ့ စိတ်ထားပါပဲဗျာ။ ရော်နယ်လ်ဒို ဂိုးသွင်းလိုက်နိုင်တဲ့ ထောင့်ကန်ဘောကလဲ အမှန်တော့ မန်ယူ ကစားသမား နှစ်ယောက်တောင် လူကျွံနေတာကို လိုင်းကြပ်က အလံမထောင်ခဲ့ပါဘူး။ တကယ်တမ်း မန်ယူ နိုင်တယ်ဆိုရင်တောင် အဖြစ်သင့်ဆုံး ရလဒ်က ၁-၀ ဂိုးပါ။

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..