Thursday, August 6, 2009

သူငယ်ချင်းထက်ပိုရင်...

ဘာရယ်မဟုတ်ပါဘူး....။
ဂျီတော့မှာ တရက်တော့ တစ်ယောက်ရဲ့ status မှာ ဒီလိုလေးတွေ့လိုက်တယ်။
´´သူငယ်ချင်းထက် မပိုနဲ့´´
ဒါနဲ့ပဲ စချင်တဲ့ စိတ်ကလေးက ၀င်လာတော့.... လှမ်းကလိလိုက်တယ်....
သူငယ်ချင်းထက် ပိုရင် ဘာဖြစ်မှာလဲ...လို့
ဒီတော့ သူငယ်ချင်းထက်ပိုရင် ရည်းစားဖြစ်မှာစိုးလို့....
အဲဒီမှာ သွားစဉ်းစားမိတယ်.....။
သူငယ်ချင်းထက် ပိုတိုင်း ရည်းစားဖြစ်ရရောလား.....
သူငယ်ချင်းနဲ့ ရည်စားကြား အဆင့်တွေ ဘယ်လောက်ရှိဦးမလဲ....
အိုကေ...
သူငယ်ချင်းထက် ပိုရင်...မိတ်ဆွေမဖြစ်နိုင်ဘူးလား....
သူငယ်ချင်းဆိုတာ ငယ်ငယ်က ခင်တာ.... ကျောင်းမှာခင်တာ.... ဒါမျိုးကို သူငယ်ချင်းလို့ခေါ်တာ...
ဟုတ်တယ်ဟုတ်...
သူငယ်ချင်းထက်ပိုရင် ... မိတ်ဆွေတွေ ဖြစ်သွားနိုင်တာပဲ....
သူငယ်ချင်းအဆင့်ဆိုတာ တကယ့်ကို ရိုးရိုးသားသား ပျော်ပျော်ရွှင်ရွှင်လေးပဲ....
မိတ်ဆွေကတော့ ဆိုးတိုင်ပင်...ကောင်းတိုင်ပင်ကိုး...
အိုကေ....
ရည်စားဖြစ်ဖို့ကော ... သူငယ်ချင်းအဆင့်က လိုလား.....
ကောင်မလေးတစ်ယောက်ကို ကြိုက်တာနဲ့...တန်းပြီးတော့ ရည်းစားဖြစ်ဖို့ ကြိုးစားကြတာပဲ...
ရည်းစားဖြစ်ဖို့ ကြိုးစားရင်း သူငယ်ချင်းအဆင့်ကို ၀င်ရင်း...သူငယ်ချင်းအဆင့်မှာ တစ်နေတာတွေလည်း အများကြီးပဲလေ...
ဒီတော့....
သူငယ်ချင်းထက်ပိုရင်...ရည်းစားဖြစ်တယ်ဆိုတဲ့ သီအိုရီဟာ သိပ် မဖြစ်နိုင်ပါဘူး....

1 comment:

ဒီဇင်ဘာနှင်း said...

ဒီအမြင်လေးကိုတော့ ကြိုက်တယ်။ သူငယ်ချင်းဆိုတာထက်ပိုတိုင်း ချစ်သူရည်းစားမဖြစ်နိုင်ဘူးဆိုတာ တကယ်လက်တွေ့မို့ လက်ခံပါတယ်။ ကိုယ့်မှာ တကယ်မိတ်ဆွေစစ်တယောက်လောက်ရှိရင် တော်တော်လေးကို ပြည့်စုံတယ်လို့ ထင်ပါတယ်။

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..