Tuesday, May 6, 2008

ဘောလုံးစကား (၂)

Marking.....
ဘောလုံးကစားတဲ့အခါမှာ marking က အရမ်းအရေးကြီးတယ်...
ကိုယ့်လူကို marking ကပ်ထားနိုင်ဖို့က အရေးကြီးတယ်...
တဖက်အသင်းက ဘယ်လူကတော့ ပွဲမှာအရေးပါလဲ...
အဲဒီလူကို အသေသာ marking လုပ်ထားလိုက်...
ဒီလိုမျိုး မလှုပ်နိုင်အောင် လုပ်ထားနိုင်ပီဆို... ပွဲက အေးဆေးဖြစ်သွားပီ...

ဒီလိုပဲ...ဘ၀မှာလည်း marking ကပ်ထားဖို့က အရေးကြီးတယ်...
မင်း ဘယ်လမ်းကို ရွေးမလဲ... အဲဒီလမ်းကို အပိုင်သာလုပ်.... ဒါဆို အေးဆေးပဲ..
တခါတလေကျတော့ ဘ၀မှာ ဘယ်လမ်းရွေးရမှန်း မသိဖြစ်တတ်တယ်...
ရွေးမိတဲ့လမ်းကိုလည်း သေချာမလုပ်ထားနိုင်ရင် ဒုက္ခရောက်ရော...
ဒီတော့ ဘယ်လမ်းကို ရွေးမလဲ... သေသေချာချာ စဉ်းစား...
မင်းဟာ ဘာကို ၀ါသနာပါလဲ... တကယ်ဝါသနာပါတာလား...
ကိုယ့်ကိုယ်ကို အရင်မေး... အေး ... သေချာပီဆိုရင်တော့...
အဲဒီလမ်းကို ပိုင်အောင်သာ လုပ်ပေးတော့...
အဲဒီလမ်းကို ပိုင်နိုင်ပီ..သေချာပီ... ဘယ်ဘက်ကလာမေးမေး ... အိုကေဆိုရင်တော့...
ဘ၀မှာ ကြောက်စရာ သိပ်မလိုတော့ဘူး....

2 comments:

Welcome said...

ပြောတဲ့အတိုင်း Marking လုပ်ထားလိုက်တယ်.
ဒါပေမဲ့ marking တွေက များတော့
ဦးစာပေးတွေထပ်ခွဲရလိမ့်မယ်ထင်တယ်..
အဆင်ပြေပါစေ..

Anonymous said...

မှန်၏။ ဒါပေမယ့် အခုအချိန်အထိ ကောင်မလေး ဘာကိုမှ marking မလုပ်ရသေးဘူးဖြစ်နေတယ်.. ဖြစ်ချင်တဲ့ ရည်ရွယ်ချက်တွေက ပျောက်ခဲ့ပြီဆိုတော့လေ.. ကောင်းတဲ့တစ်ခုကိုပဲ မှေးလိုက်နေရတဲ့ သဘောပေါ့.. အဲ့ဒါ ကောင်းဘူးနော်..

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..