Monday, June 9, 2008

အချစ်ဆုံးနှင့် အကြောက်ဆုံးအရာ...

ဒီနေ့ညနေ အပြင်ကနေ ကားစီးပြီးပြန်လာတယ်...။
ကားကလည်း ညနေပိုင်းဆိုတော့ ကြပ်လိုက်တာ...။
ကိုယ့်စီးတဲ့ကားက (၁၈၁)။ အရမ်းကြာတဲ့ကား..။
မှတ်တိုင်တိုလေးပဲလေ...။
ရုံးဆင်းချိန်ဆိုတော့ လူတွေကလည်း တန်းစီးထားလိုက်တာ အရှည်ကြီးပဲ...။
ကိုယ်က အရှေ့မှာရောက်တော့ အရင်တက်ရပီး နေရာလေးရတယ်...။
ဒီလိုနဲ့ လူတွေတက်လိုက်တာ...ကိုယ်ဘေးနားကို မိန်းမလတ်တယောက်လာထိုင်တယ်..။
လက်ထဲမှာလည်း အထုတ်အပိုးတွေနဲ့။ သူ့သားလေးကိုလည်း ဆွဲလို့ပေါ့...။
ကားကလည်း မတ်တက်ရပ်တဲ့လူတွေတောင် ပြည့်နေတာ...။
ကားလည်း ထွက်လာတော့ အရှေ့နားမှာ နောက်ပြန်စီးရတဲ့ထိုင်ခုံက ကလေးလေးက အဟင့်အဟင့်နဲ့ စငိုပါရော..။
သူ့ကို ချီထားတာ သူ့ဦးလေးလား..သူ့အဖေလားပဲ..။
အဲဒီခုံနဲ့ ကိုယ်ခုံနဲ့က နှစ်ခုံလောက်ခြားပီး လူတွေကလည်း ကြပ်နေတယ်လေ...။
အစတော့ ငိုတာ ဟင့်ဟင့်ပဲ...။ နောက်တော့ ဗြဲဗြဲဖြစ်လာတယ်...။
ဗြဲဗြဲကနေ အဟွတ်ဟွတ်ဖြစ်လာတယ်...။ ခေါင်းတွေကို ခါလို့ ရှိုက်ကြီးတငင်ကို ငိုတော့တာ...။
ဘယ်ဟုတ်မလဲ...ကိုယ့်ဘေးက တစ်ယောက်က သူ့အမေဖြစ်နေတယ်..။
သူကလည်း သူ့အမေကို တွေ့တော့ လာချင်လို့ငိုတာ...။
သူ့အမေမှာလည်း သူ့ကိုထည့်တဲ့ တွန်းလှည်းလေးရယ်...ပစည်းတွေရယ်...ကလေးရယ်နဲ့ဆိုတော့ ဘယ်လိုမှ မသွားနိုင်ဘူး...။ ကလေးကလည်း သဲသဲမဲမဲကို ငိုတာ...။
ကိုယ်တွေကတော့ ကလေးအဖြစ်ကို သိပီး ပြုံးကြတာပေါ့...။
အဲဒီလိုမှ စဉ်းစားမိတယ်...။ ဒီကလေးလေးငိုရင် သူ့အမေ ဘယ်လိုခံစားရမလဲပေါ့...။
အားပါး...မလွယ်ဘူးနော်...။
ကလေးကတော့ သူ့လိုချင်တာပဲ သိပေမယ့် အမေကလည်း လာချင်ပေမယ့် လာလိုမရဘူးလေ..။
တကယ်ကတော့ ဘာမှမဟုတ်တဲ့ အဖြစ်အပျက်လေးပါ..။
ကားကလည်း ခဏနေရောက်တော့မှာ...အဲဒီအခါကျရင် အမေက ကလေးကို ချီလိုက်ရင် ကလေးက အငိုတိတ်ပီး..ရယ်တော့မှာပဲ..။
အဲဒါဖြစ်ရပ်လေးကနေမှ ဆက်စပ်တွေးကြည့်တော့...
အိုး...နာဂစ်ဖြစ်နေတဲ့အခိုက်အတန့်မှာရော ဒီလိုအဖြစ်အပျက်တွေ မဖြစ်နိုင်ဘူးလား...။
ကလေးတွေနဲ့ အမေတွေနဲ့....လှမ်းတွေ့လို့မှ မကယ်နိုင်တဲ့အဖြစ်တွေ မဖြစ်နိုင်ဘူးလား...။
ဒါဆိုရင်ကော မိခင်တွေ...ကလေးတွေ ဘယ်လိုများခံစားရမလား...။
မျောပါလွင့်သွားမှာစိုးလို့ ချည်ခဲ့တဲ့ကြိုးလေးတွေက ကလေးတွေကို ရုန်းထွက်မရအောင် နစ်မြုပ်သွားစေတဲ့ အဖြစ်မျိုးတွေ ဖတ်ရတော့ ရင်မှာ မချိဘူးဗျာ...။
ကိုယ်မှာတော့ စိုးရိမ်တကြီး လုပ်ခဲ့တဲ့ဟာတွေပဲ...
ဒါပေမယ့် ကိုယ်တိုင်ကမှ ပြန်လာပီး မကယ်နိုင်တော့ ကလေးတွေမှာ နစ်မွန်းအသက်ဆုံးရတယ်...။
ဒါတွေ...ဒါတွေ...ဒီလိုတွေးမိတော့...ကြောက်လာတယ်...။
ကျွန်တော်ကလေ ခလေးတွေဆို သိပ်ချစ်တာ...။
ကလေးတွေကလည်း သိပ်ချစ်ဖို့ကောင်းတယ်လေ...။
သူများကလေးတွေတောင်မှ ဒီလောက်ချစ်နေရင်...ကိုယ့်ကလေးဆိုရင်ကော ဘယ်လောက်များ ချစ်လိုက်မလဲ...။
အဲဒီကလေးတွေ ချစ်ဖို့ကောင်းလာအောင် ကိုယ်မလုပ်ပေးနိုင်ရင် မုန်းဖို့ကောင်းတဲ့ကလေးတွေဖြစ်လာမှာ....။
ကလေးလေးတွေကို ကိုယ်အကောင်းဆုံး ပုံသွင်းမပေးနိုင်မှာ....
တာဝန်မကျေမှာ... ပုံစံကောင်းမပြနိုင်မှာ.... ပတ်ဝန်းကျင်ကောင်းမှာ မထားပေးနိုင်မှာ...
လိုအင်တွေကို မဖြည့်ဆည်းနိုင်မှာ.... မသွန်သင်နိုင်မှာ....
ဒါတွေ...ဒါတွေ တွေးမိတော့...အရမ်းကို ကြောက်သွားတယ်...။
လူဟာ တစ်နေ့မှာတော့ ကိုယ်ပိုင်ဘ၀တွေ မိသားစုတွေ တည်ထောင်ရမှာပဲလေ...။
ကလေးတွေကို မွေးရမှာပဲလေ...။
ဒီလိုအခါ........

No comments:

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..