Monday, June 9, 2008

My Two Heart

ဒီနေ့ ဘောလုံးသတင်းတွေ ဖတ်ကြည့်တော့ ဖြစ်ရပ်လေးတစ်ခုသွားတွေ့တယ်...။

အဲဒါကတော့ ....နှလုံးသားနှစ်ခုနဲ့ လူတစ်ယောက်အကြောင်းပဲ...။

လူတစ်ယောက်ပါပဲ....။
သူ့နံမည်က ပိုဒေါစကီး...တဲ့။
ဂျာမနီအသင်းမှာ ကစားတယ်..။
တစ်ဖက်အသင်းကို ဂိုးနှစ်ဂိုးသွင်းပြီး အနိုင်ယူတယ်...။
ဒါပေမယ့် သူ့ခမျာ မပျော်နိုင်ရှာဘူးတဲ့...။
ဂိုးသွင်းပီးတာတောင်မှ အောင်ပွဲမခံနိုင်ရှာဘူးတဲ့..။
ဘာလို့လဲဆိုတော့....
သူကိုယ်ပိုင်သွင်းယူတဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တဲ့အသင်းက ပိုလန်အသင်းဖြစ်နေလို့ပဲ...။

သူဟာ ပိုလန်နိုင်ငံမှာ မွေးခဲ့တယ်...။
သူ့အဖေဟာ ပိုလန်နိုင်ငံရဲ့ လက်ရွေးစင် ဘောလုံးသမားတစ်ယောက်...။
သူ့ဟာ ငယ်စဉ်အခါထဲက ဂျာမဏီနိုင်ငံကို ပြောင်းရွေ့ခဲ့ပီး....
ဂျာမဏီနိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့တယ်...။
World Cup 2006 မှာ Best Young Player Award ကို ရော်နယ်ဒိုတို့..ရွန်းနီတို့ကို ကျော်ပြီးရခဲ့တယ်...။
ဒီလို လက်ရွေးစင်ဘ၀နဲ့ ဘောလုံးပွဲများစွာကို ကစားခဲ့တယ်...။
နောက်ဆုံး ဒီနေ့မှာတော့ သူရဲ့မိခင်နိုင်ငံအသင်းကို ရင်ဆိုင်ပီး professional ပီသစွာ အနိုင်ဂိုးတွေ သွင်းယူခဲ့တယ်...။
ဒါပေမယ့်....သူဟာ မပျော်နိုင်ရှာဘူး...။ သူ့ရင်ထဲမှာ ဘယ်လိုများ ခံစားရမလဲ...။
သူဟာ သူ့ခံစားချက်တွေကို ဒီလို ဖွင့်ဟပြတယ်...။
"My dad, uncle and relatives from Poland were there in stand."
"I didn't celebrate because I was born in Poland. I've got a big family there and you have to have some respect for the Land. I have two hearts - a German one and a Polish one!."....တဲ့။
ကျွန်တော်တို့ ဘ၀တွေမှာရော ဒီလိုအဖြစ်တွေ မကြုံနိုင်ဘူးလား...။
ဒီလိုဆိုရင်ကော ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ကြမလဲ...။
ကျွန်တော်တို့ဟာ ကိုယ့်ဘ၀တက်လမ်းတွေအတွက် ကိုယ်နိုင်ငံတွေကို စွန့်ပြေးခဲ့ရတယ်...။
ဒီလိုနိုင်ငံတွေမှာ အခြေကျဖို့ကြိုးစားရင်း လှုပ်ရှားကြတယ်...ရုန်းကန်ကြတယ်...။
ဒီလိုအချိန် ကျွန်တော်တို့လို့ စွန့်မပြေးနိုင်ခဲ့တဲ့လူတွေ အများကြီးကျန်ခဲ့တယ်...။
ဒီလိုလူတွေအတွက်ကော ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...။
အထူးသဖြင့် ကလေးလေးတွေ...။
ဘယ်လိုမှ မကောင်းနိုင်တဲ့...ပညာရေးတွေ..။ ပတ်ဝန်းကျင်တွေ...။ မျှော်လင့်စရာတွေ...။ သင်ယူစရာတွေ...။
ဒီလိုအခြေအနေတွေအတွက်ကော ဘာတွေလုပ်ကြမလဲ...။ ဘယ်လိုလုပ်ကြမလဲ...။
လုပ်နေတဲ့လူတွေတော့ ရှိပါတယ်..။
ဒါပေမယ့် မလုံလောက်နိုင်သေးဘူး....။
တချက်လေး...ပြောကြည့်တာပါ...။ စိတ်ဆိုးရင်လည်း မတတ်နိုင်ဘူး...။
ဒီက တစ်ရာဆိုတဲ့ ငွေကြေးလေးဟာ....ဟိုမှာဆို ဘယ်လောက်များ အသုံးကြလိုက်မလဲ...။
ကျွန်တော်လည်း သိပါတယ်...။
ဒီမှာလည်း ဘယ်လောက်တောင် ရုန်းနေရတာ...။ အနိမ်ခံနေရတာ...။ ပင်ပန်းကြတာ...။
ဒါတွေဟာ ဘာကြောင့်လဲ....။ စဉ်းစားကြည့်မိတာပါ...။
ကိုယ်တွေ ဒီလိုဖြစ်နေရင်....နောက်မျိုးဆက်တွေ မဖြစ်အောင် ဘယ်လိုများလုပ်ကြရင်ကောင်းမလဲပေါ့...။
ဒီလို...ဒီလိုလေး...စဉ်းစားမိတော့...

No comments:

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..