Monday, June 9, 2008

အဖေ

လာမည့် ဇွန်လ ၁၅ရက်က ဖခင်များနေ့...။
ကျွန်တော် အဖေကလည်း ဇွန်လ ၆ ရက် ၂၀၀၆ မှာ ကွယ်လွန်သွားတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့နှလုံးသားထဲမှာတော့ အခုထိ ရှင်သန်နေဆဲပါပဲ...။
ကျွန်တော်တို့ ငယ်စဉ်က တော်တော်လေး ဆင်းရဲတယ်ဗျ...။
နေစရာအိမ်တောင်မှမရှိလို့...ဘုရားကျောင်းမှ အိမ်လေးဆောက်ပီး နေရတာ...။
အဖေရော...အမေရောက ကျောင်းဆရာမတွေ...။
သိတဲ့အတိုင်းပဲ ၀န်ထမ်းလစာက ဘယ်လောက်ရလဲဆိုတာ...။
ဒီမြို့လေးမှာ အခြေချနေဖြစ်တော့ တော်တော်လေး ရုန်းကန်ရတယ်...။
ငယ်စဉ်က အိမ်မှာ ၀က်မွေးတယ်...ကြက်မွေးတယ်...ဘဲမွေးတယ်...။
ဒါလေးတွေနဲ့ အသက်ဆက်ရှင်ခဲ့ရတယ်...။
ဒါပေမယ့် အဖေဟာ စိတ်ပျက်မသွားဘူး...။
သူဟာ သူ့မိသားစုလေးနဲ့ အတူနေချင်ပေမယ့် မိသားစုအတွက် အဝေးနယ်တွေကို ထွက်ပီးအလုပ်လုပ်ရတယ်...။
အစက အထက်တန်းပြဆရာ..။
မူလတန်းကျောင်းအုပ်ဖြစ်ဖို့ နယ်အဝေးကို သွားရတယ်...။
အဲဒီကမှ အလယ်တန်းကျောင်းအုပ်....တွဲဘက်အထက်တန်း...။
ဒီလိုမျိုးဖြစ်အောင် ရုန်းကန်ခဲ့တယ်..။
သူက ဖခင်ဖြစ်တဲ့အတွက် မိခင်လိုတော့ ကြင်နာမှုကို သိပ်မပြဘူး..။
ဒါပေမယ့် သိတဲ့အတိုင်းပဲ ခပ်ဝေးဝေးကနေပဲ အကဲခတ်နေတယ်...။
ငါ့သားသမီးတွေ ဘာလိုအပ်သလဲ..။ ဘာတွေ လမ်းမှားနေလဲ...။
ပထမဦးဆုံး ကျွန်တော်သတိထားမိတာကတော့ စာဖတ်တတ်ဖို့ သူသင်ပေးတယ်...။
စာဖတ်တယ်ဆိုတာ ကျောင်းစာမဟုတ်တဲ့ အပြင်စာ...။
သူက ဖတ်ပါလို့တော့ မပြောဘူး...။ ဒီလိုပဲ ဆိုင်ကနေ ငှားလာပေးတယ်..။
မှတ်မိပါသေးတယ်..။ ကျွန်တော်တို့ စာတွေကို စစွဲတာ... သိုင်းဝတ္တုနဲ့...။
သိတဲ့အတိုင်းပဲ...သိုင်းစာအုပ်တွေက သိပ်ဖတ်လို့ကောင်းတာ...ပေါ့ပေါ့ပါးပါးလည်းရှိတယ်...။
အမေကတော့ မကြိုက်ဘူး...။ ဒီတော့ ခိုးဖတ်ရတယ်...။
ခိုးဖတ်လို့ အကောင်းဆုံးနေရာက အိမ်သာပဲ...။ ငှဲငှဲ..။
အခုထိကိုစွဲနေတာ...။ အိမ်သာတက်ပီးဆို စာအုပ်ရှာရတာ...အလုပ်တစ်ခု..။
ဆင်းရဲသားဇိမ်ခံနည်း...ခေါ်မလားပဲ..။
အဲလို..သိုင်းစာအုပ်...အဲဒီကနေ...သုတစွယ်စုံ...ဒီလို တဆင့်တဆင့် သင်သွားပေးတာ။
စာဆိုတာ ဖတ်ရကောင်းမှန်း သိလာတယ်..။
အဖေက စကားတွေ သိပ်ပြောတာမဟုတ်ဘူး...။
သူကျောင်းအုပ်ဖြစ်တဲ့နေရာနဲ့ ကျွန်တော်တို့အိမ်က (၅) နာရီလောက် စက်ဘီးစီးသွားရတယ်...။
အဲဒီနေရာကို သူဟာ နေ့တိုင်းလိုလို စက်ဘီးနဲ့အသွားအပြန်လုပ်တယ်...။
ဟိုမှာနေရင်ရပေမယ့် မိသားစုနဲ့နေချင်တော့ ပြန်ပြန်လာတယ်...။
မှတ်မိသေးတယ်...။
ကျွန်တော်မြို့မှာ အဲယားကွန်းဘတ်စ်...မှန်လုံကားတွေကို အဖေကျေးဇူးကြောင့် ကျွန်တော်တို့ ဦးဆုံးစီးရတာ..။
သူ့ကျောင်းက တွဲဘက်အထက်တန်းဆိုတော့ စာမေးပွဲနီးရင် မြို့က ဆရာတွေကို ခေါ်ပီးစာသင်တယ်..။
နည်းနည်းအရေးကြီးတာလေးတွေ ရအောင်ပေါ့...။ အဲဒီအခါ မှန်လုံကားတွေကို လိုင်းမဆွဲခင် သူက အရင်ဆုံးငှားပီး ဆရာတွေကို တင်ခေါ်လာတာ...။ ကျွန်တော်တို့ကတော့ ဆရာကြီးသားသမီးတွေပေါ့ဗျာ...။
မှတ်မိသေးတယ်...။
အဖေက အားကစားသမားဗျ..။ သူငယ်ငယ်က တက္ကသိုလ်မှာ ဆုတွေအများကြီးရခဲ့တာ..။ ပြေးခုန်ပစ်...။ ဘောလုံးဆိုလည်း လက်ရွေးစင်...။ ကျောင်းဆရာဖြစ်တော့လည်း ဘောလုံးနည်းပြ..။ ပညာရေးအသင်းဆိုရင် အနည်းဆုံး ဖိုင်နယ်တော့ ရောက်တာကြီးပဲ...။
သူက ကျောင်းဆရာဆိုတော့ တပည့်တွေက အများသား...။
ကျောင်းမှာဆိုလည်း သူ့ကို သူ့တပည့်တွေက အရမ်းကြောက်...အရမ်းချစ်ရတာ....။
ဆရာချစ်ဆွေ...ဆိုရင် အားလုံးမီးသေပဲ..။ အရိုက်ကလည်း ကြမ်းတာကိုး...။
သိတဲ့အတိုင်းပဲ...ကျောင်းဆရာဆိုတာက ပီတိပဲစားရတာ..။
အဲဒီပီတိက ကျွန်တော်တို့ပါစားရတာ...။ ဆရာချစ်ဆွေသား...ဆိုပီးတော့လေ...။
နောက်ပီး အဖေက အစအနောက်လည်း သန်တယ်ဗျ...။
ငယ်ငယ်က ရေကူးသင်တော့ သူများတွေလိုမဟုတ်ဘူး..။
အစ်ကိုတွေက ရေထဲဆင်းပီး ၀ိုင်းထားတယ်...။ ပီးတော့ အဖေက ချီပီးတော့ ၀ုန်းဆို ပစ်ချတော့တာ...။
ကူးစမ်းပဲ...။ အားပါးပါး...ကူးလိုက်ရတာ...ငုပ်လိုက်ရတာ...ငိုလိုက်ရတာ...ရေသောက်လိုက်တာ...။
နောက်ကျတော့ ရေထဲကကို မတက်ချင်တော့ဘူး...။
ကျွန်တော်နဲ့ ကျွန်တော့်အမက မောင်နှမခြောက်ရောက်ထဲမှာ အငယ်ဆုံးဆိုတော့ အိမ်မှာ အများဆုံးနေရတယ်...။ ကျောင်းတက်တယ်...။
အစ်ကိုတွေက နဲနဲကွာတော့ သူတို့က အပြင်ရောက်ကုန်ပီ...။
ကျောင်းစရိတ်ကို အလုပ်လုပ်ရင်း ရှာရတာ...။
ကျွန်တော်တို့သာ အေးအေးဆေးဆေး...အိမ်မှာ နေရတာ...။
နောက်တစ်ခုက...
ကျွန်တော်ဘွဲ့ယူတဲ့အချိန်မှာ အဖေရောအမေရော တက်တယ်ဗျ...။
ကျန်တဲ့လူတွေတုန်းကတော့ အမေပဲ ဒိုင်ခံသွားနေတာ...။
သူက မသွားဘူးဗျ...။ အဖေက အဲလို..တခါတလေ မလုပ်ဘူးဆို...လုံးဝပဲ...။
သူ့ခံစားချက်နဲ့သူပေါ့ဗျာ...။
နောက်ဆုံး ကျွန်တော့်အလှည့်ကျမှာ သူတတ်တာ...။ သူလည်း အားပီ...အငြိမ်းစားယူပီဆိုတော့လေ...။
နောက်တော့မှာ ကျွန်တော်လည်း သိတာဗျ...။ ဘာလို့သူမသွားလည်းဆိုတာ...။
သူက သူ့သားသမီးတွေ အားလုံး..ပညာတတ်..ဘွဲ့ရဖြစ်စေချင်တာ...
ဒီတော့ သားသမီးတွေအားလုံး ... ဘွဲ့မရမချင်း...သူ့မှာတာဝန်မကျေသေးဘူးလို့ပဲ သူမှတ်ယူထားတာ..။
အဲဒါကြောင့်လေ...။
သူဆုံးခါအချိန်ထိတောင် သူ့သားသမီးတွေကို စိတ်မချတာ...။
သူဟာ တသက်လုံး လူတန်းစေ့ မနေရတဲ့ဘ၀ကို မလိုချင်တာ...။
နောက်ဆုံး ကျွန်တော်အစ်ကိုတွေလည်း အလုပ်တွေလုပ်ကြ...ကျွန်တော်တို့လည်း အလုပ်တွေလုပ်ကြတဲ့အချိန်ထိတောင် သူက မကျေနပ်အားသေးဘူး...။
သူရဲ့ အိမ်လေးကို သူ သေချာကို ပြင်တာ...။ အစက ပျဉ်ထောင်အိမ်ကို တိုက်အိမ်ဆောက်တယ်...။
အဲဒီအချိန်မှာ ကျွန်တော်တို့ အားလုံးက ရန်ကုန်ရောက်ကုန်ကျပြီ...။
ဘယ်သူမှလည်း ပြန်မနေနိုင်တော့ဘူးလေ...။
ဒါပေမယ့်လည်း သူုဟာ သူ့အိမ်လေးကို သူဆက်ဆောက်တယ်...။
သူ့..ခံစားချက်ကတော့ ငယ်ငယ်ကတည်းက ကိုယ်ပိုင်အိမ်မှာ မနေခဲ့ရတာကို စိတ်မကောင်းတာပေါ့ဗျာ...။
အဲဒီအိမ်စဆောက်တဲ့အချိန်မှာ သူမှာ ရောဂါတစ်ခုရတယ်...။
အဲဒါကတော့ လည်ချောင်းကင်ဆာ....။
သူက ဒီလိုပဲ ကျိတ်မှိတ်နေလာတာ...။ သိတဲ့အချိန်ကျတော့ လည်ချောင်းကင်ဆာ..တဲ့...။
အဲဒီအချိန်မှာ သူ့သားတစ်ယောက်က စင်ကာပူရောက်နေပီ...။
တစ်ယောက်က စင်ကာပူသံရုံးမှာ...။ တစ်ယောက်က ထရေးဒါး ဟိုတယ်မှာ...။
ဝိုင်းပီးတော့ ကုကြတာပေါ့ဗျာ...။
အဖေက နားလည်း နဲနဲကောက်တယ်ဗျ...။
သူက အရက်လည်းသောက်တယ်...။ သောက်တယ်ဆိုတာ ဒီလို...။
သူက ရာထူးတိုးလို့ ကျောင်းပြောင်းတိုင်း အဲဒီကျောင်းမှာ ကျောင်းသစ်ဆောက်တယ်...။
ဒီတော့ဗျာ...လူတွေနဲ့ ပေါင်းသင်းရတယ်ပေါ့ဗျာ...။ ဒီတော့ ၀ိုင်းထောင်ပေးရတယ်ပေါ့ဗျာ...။
သူလည်းသောက်ရတယ်ပေါ့ဗျာ...။ ကျောင်းသုံးကျောင်းလောက် ပြောင်းတာ...သုံးကျောင်းစလုံး ကျောင်းသစ်ဆောက်ရတော့ အရှိန်တက်သွားတာပေါ့ဗျာ..။
အဲလို....သူ့ရောဂါကို ကင်ဆာကို ဓါတ်ကင်တဲ့အချိန်မှာတောင် အရက်ကို ခိုးသောက်တာ...။
နောက်ဆုံး သူ့ရောဂါပျောက်လို့ အစားတွေဝင်...အသံပြန်ထွက်လာတော့...။
သူ့အိမ်လေးကို သူဆက်ဆောက်တယ်...။ ကျွန်တော်တို့က ပြောတယ်...။
အပါးရယ်...ဘယ်သူနေမှာမို့လို့တုန်း....တော်ရုံဆိုရပီပေါ့....။
ဒါပေမယ့် သူက မရဘူးထပ်ဆောက်တာပဲ...။
နောက်ဆုံးတော့ ရောဂါအသစ်ထပ်ရတယ်...။ အသဲကြီးတဲ့ရောဂါ...။
သူတော်တော် ခံစားရမှာ...။ ဆေးရုံမှာတက်ကုတယ်...။ သိပ်မသက်သာဘူး...။
တနေ့တနေ့ ပိုးသတ်ဆေးတွေ လူးရတယ်...။ ဆေးတွေလည်း လက်တဆုပ်လောက် သောက်ရတယ်...။
ဒါလည်း သူ့အိမ်လေး ဆက်ဆောက်တာပဲ...။ နောက်ဆုံး ဗမာဆေးနဲ့ ကုတာ သက်သာတယ်လို့ ထင်ရတယ်...။
သူ့ဆေးကုန်သွားလို့ ရန်ကုန်မှာ တက်လာပီး လာဝယ်ရင်း ခဏနေတဲ့အချိန်မှာပဲ ရုတ်တရက် ဆုံးပါးသွားတယ်...။
ရုတ်တရက်လို့ ပြောရတာက အဲဒီညက သူ့နဲ့ ကျွန်တော်အတူအိပ်တယ်...။
မနက်ကျတော့ သူ့မြေးလေးနဲ့သူ ဆော့လို့...။ ကျွန်တော်က အလုပ်သွားတယ်...။
ဒေါ်လာစရတဲ့အလုပ်ပေါ့ဗျာ...။ နေ့ခင်းကြတော့ ကျွန်တော့်ဆရာဆီ ဖုန်းလာတယ်....။
မင်းအိမ်ပြန်လိုက်ဦးတဲ့...။ ဘာလို့မှန်းမသိသေးဘူး...။ အိမ်ရောက်တော့ အဖေဆုံးနေလို့ လူတွေ ပြင်ဆင်နေတာ တွေ့သွားတယ်...။ မေးကြည့်တော့...ဒီလိုပဲ သူမြေးနဲ့ဆော့ပီး ခဏနားတုန်း လဲကျသွားတာတဲ့..။ နောက်ဆုံးအချိန်ထိ သူ့သားတွေကို မေးသွားသေးတယ်တဲ့...။ သူ့သားတွေ အလုပ်တွေကိုယ်စီနဲ့ အဆင်ပြေသွားတာကို သူကျေနပ်သွားတယ်...တဲ့။
အခုဆိုရင် အဖေကွယ်လွန်သွားတာ.... ၂နှစ်ကျော်လာပီ...။
ဒါပေမယ့် အဖေဟာ ကျွန်တော်တို့နဲ့အတူ ရှင်သန်နေတုန်းပဲ...။
အဖေရဲ့စကားတွေက ကျွန်တော်တို့ကို လမ်းပြနေတုန်းပဲ...။
အဖေရဲ့လုပ်ဆောင်ချက်တွေကို အတုယူနေရဆဲ...။

3 comments:

Anonymous said...

ကိုgangsterရေးထားတာတွေက ကွက်ကွက်ကွင်းကွင်း မြင်နိုင်တယ်နော်.. စိတ်မကောင်းပါဘူးဗျာ.. ဇွန်လ ၁၅ရက်နေ့ဆိုတာ တနင်္ဂနွေနေ့လား.. မနှစ်ကတော့ မသိလိုက်ဘူး.. ကောင်မလေးကတော့ ရေးမယ်ဆိုရင်တောင် ဘာရေးရမှန်းမသိဘူး... ငယ်ငယ်ကတည်းက ဖေနဲ့ အတူတူမနေရလို့လေ.. အခုမှ အတူတူပြန်နေရတာ တစ်နှစ်တောင်မပြည့်သေးဘူး.. ဘာပဲဖြစ်ဖြစ် ကိုgangster ရဲ့ ပါးပါးက ကောင်းကင်ဘုံမှာ အေးချမ်းနေမှာပါ.. စိတ်မကောင်း သိပ်မဖြစ်ပါနဲ့.. By the way, အလုပ် မြန်မြန်ရပါစေနော်.. =))

:P said...

ဝေးနေရတဲ့ ဖေဖေ့ကိုအရမ်းသတိရသွားမိပါတယ်

ZT (TGO) said...

oww....same to you .
sorry about your feeling .
my fatheR PASSED away long long ago.
i miss him to much

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..