ဘာရယ်မဟုတ်ပါဘူး...။
ရင်ထဲခံစားလာရတာလေး..ချရေးကြည့်တာပါ...။
ကမ်းခြေမှာ
တလှုပ်လှုပ်ဆိုက်ကပ်နေခြင်းက
ငါ့အိပ်မက်ကို
သံချေးတက်စေပြီလား.....။
ဟိုအဝေးကို လှမ်းကြည့်တော့
ကြယ်စင်တွေ အစင်းစင်းလင်းတဲ့
ပင်လယ်ပြင်ကျယ်နဲ့
ကောင်းကင်ကြီးကို တွေ့တယ်....။
ငါ့ရင်ဘတ်ထဲက ကြယ်စင်အတွက်ကော...
အဲဒီကောင်းကင်မှာ နေရာမရှိဘူးလား....။
လှိုင်းလုံးတွေထဲ
လူးလွန့်ရွက်လွှင့်ဖို့
ငါဟာ ကြောက်ရွံ့နေရမှာလား....။
ငါ့ရဲ့ကြယ်စင်ကို
ဟိုးမိုးမြင့်ကောင်းကင်မှာ
လွှင့်တင်ထားဖို့...
လှိုင်းနဲ့လေဒဏ်ကို ကြံ့ကြံ့ခံ...
မုန်တိုင်းကို အန်တု...
အိပ်မက်ကို ထုဆစ်ဖို့
တက်ကို ဖွင့်...
ရွက်ကို လွှင့်လို့...
ကမ်းခြေကို စွန်ခွာတော့မယ်...။
Tuesday, January 29, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment