Thursday, February 7, 2008

အလွမ်း

အလွမ်းဆိုတာ...
ကမ်းခြေကို ရိုက်ခတ်တဲ့ လှိုင်းကလေးတွေလား...

အပြောကျယ်တဲ့ ပင်လယ်ကြီးတဲ့
စုန်ဆန်ကူးခတ်ရင်း နွမ်းလျလာတဲ့အခါ
ကမ်းခြေကို အပြေးအလွှား
ခိုဝင်နားရသလိုပဲ
အလွမ်းဆိုတာလဲ
ဘ၀ကြီးထဲ ၀ဲလည်မောပန်းစွာ
လှုပ်ရှားရုန်းကန်ရင်း မောပန်းလာတဲ့အခါ
တချိန်က ပျော်ရွှင်ခဲ့ရခြင်းတွေကို
လွမ်းမောတမ်းတရခြင်းပဲလား...။

လှိုင်းတွေမှာတောင်
နားခိုစရာ ကမ်းခြေရှိရင်...
အလွမ်းတွေမှာကော
ဆုံဆည်းပျော်ရွှင်ခွင့်တော့ မရနိုင်တော့ဘူးလား...

သြော်...
အလွမ်းဆိုတာ ကမ်းခြေကို
လာလာရိုက်တဲ့ လှိုင်းကလေးတွေပဲလားကွယ်....။

No comments:

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..