Monday, February 25, 2008

အိုဘဲ့...စင်ကာပူ

ဘယ်လိုလဲ..
အခါခါရှုံးနိမ့်လဲကျခြင်းတွေထဲ
အကြိမ်ကြိမ် ပြန်ထရခြင်းကိုက ဘ၀ပဲလား...
အရှေ့ကိုလှမ်းကြည့်တယ်...
သူများတွေ အသီးသီးဆိုက်ကပ်နေတဲ့ ကမ်းခြေထဲ
ငါဟာ မရောက်နိုင်သေးဘူး...
ကြိုးစားလှော်ခတ်နေခြင်းမှာ
ရွေ့လျားခြင်းက လိုက်မလာဘူး....
ရင်ဘတ်ကို လာလာကုတ်ခြစ်နေတဲ့
စိတ်ဓါတ်ကျခြင်းတွေထဲ
ငါဟာ သွေးစိမ်းတွေ သွင်သွင်ပန်းထွက်နေပီ...
အွန်လိုင်းနဲ့ငါ့လက်တွေကို
သော့ခတ်ထားသလိုမျိုး...
သတင်းစာတွေထဲမှာ ပြန့်ကျဲသွားတဲ့
ငါ့မနက်ခင်းတွေထဲ...
ငါဟာ ရီဝေမူးရစ်နေပြီ...
ကံကြမ္မာရဲ့ကောင်းမြတ်ခြင်းတွေရယ်..
ငါ့ကို နောက်ပြောင်နေခြင်းလား..
လှောင်ရီနေခြင်းလား..သိချင်စမ်းရဲ့
ညွှတ်ကျလာတဲ့ဒူးတွေနဲ့အတူ
ငါဟာ ပြိုလဲလိုက်ရတော့မှာလား...
စာအုပ်လေးတစ်ခုရဲ့သက်တမ်းကလည်း
တဖြည်းဖြည်း ဆွေးမြည့်လာပြီ....
ရင်ဘတ်ထဲ ဟုန်းဟုန်းတောက် မျှော်လင့်ခြင်းတွေလဲ...
အရှိန်နည်းလို့ အေးခဲလာတော့မယ်...
အိုး....စင်ကာပူကြီးရယ်..
ငါ့အိမ်မက်တွေကိုများ အမှည့်ခြွေနေတာလား..
အဲဒီ..PR တို့ Singaporian တို့ Local ဆိုတဲ့ အသံတွေကို
ငါ ကြောက်ရွံ့လာပီ...
ဘာဖြစ်ဖြစ်လေ...
ဘ၀ဆိုတာကိုက..ချိုမြိန်ခြင်းတွေအတိပြီးနေတာမှ မဟုတ်တာ...
ခါးသီးခြင်းတွေရဲ့နောက်မှာ လင်းလက်တဲ့ကြယ်စင်တွေလည်း
ငါတို့ကို ကြိုဆိုနေမှာပဲလေ...

1 comment:

Kyaw Soe Lynn said...

ဘ၀တူတွေပါ ၂ လပြည့်တော့မယ် အလုပ်မရသေးဘူး စိတ်လည်း မညစ်ချင်တော့ဘူး လမ်းတစ်ခုကို တွေ့အောင်ရှာရမှာပဲ အချင်းချင်းမို့အားပေးလိုက်မယ် တောင့်ထားကိုယ့်ဆရာရေ.....။

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..