Friday, February 22, 2008

ဘ၀ဆိုတာ

ဘ၀ဆိုတာ....
အခါခါရှုံးနိမ့်ခြင်းတွေထဲ
အကြိမ်ကြိမ်ပြန်ထ....
မနက်ဖြန်ကို လှမ်းကြည့်ရတာ
နှလုံးကို ခုန်မြန်စေတယ်....
တိုက်ပွဲတွေ အကြိမ်ကြိမ်တိုက်ဖို့
ဦးခေါင်းကို မော့ထားရမယ်....
ရင်ဘတ်ထဲက အနာတွေကိုက
ကိုယ့်အတွက်ဆေးဝါး...
ကော့ထားတဲ့ရင်ဘတ်တွေအတွက်
ဦးနှောက်ကို အလုပ်ပေးထား...
ဒဏ်ရာတွေထဲ
စိတ်ပျက်လို့လဲကျနေရင်...
ကြယ်စင်တွေပျက်သုဉ်းသွားမယ်...
သြော်...
ဘ၀ဆိုတာ...
ရင်ဘတ်ထဲက ပေတံတွေအတွက်
တိုက်ပွဲဝင်နေရခြင်းပါလား.....။ ။

No comments:

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..