Thursday, February 14, 2008

စင်ကာပူသွားတောလား...

ဒီနေ့ဆို...ကြာသပတေးနေ့တောင် ရှိသွားပီ...
ရောက်တာက စနေဆိုတော့... အင်း..ငါးရက်တောင်မှ ရှိသွားပီ...
ပီးတော့...ဒီနေ့က ချစ်သူများနေ့လေ....
အင်း...ချစ်သူလေးနဲ့တော့ စကားပြောလိုက်ရပါတယ်...
ဒါပေမယ့် သိပ်တော့မ၀ဘူး...သိတဲ့အတိုင်းပဲ ... ဖုန်းခတွေက ဈေးကြီးမှကြီးပဲ...
ဒီနေ့တော့ သူငယ်ချင်းအိမ်သွားလည်တယ်...
ပြန်လာတော့ ကိုယ့်ဘာသာကို ပြန်လာတယ်...
မဆိုးဘူးပဲ...မှတ်တိုင်ကို အသေမှတ်ထားရတာပဲ...
မိုက်တာက ကားမှာ မှတ်တိုင်နံမည်ကို ကြိုပြထားပေးတာလေ..
ဒီတော့ အဲဒီစာတန်းလေးကိုပဲ ကြည့်နေရတာ...
ပြီးတော့...ကားပေါ်ကို စစ်သားဝတ်စုံနဲ့ ကောင်ကလေးတွေ တက်လာတာတွေ့ရတယ်...
ငယ်ငယ်လေးတွေပဲ....၁၉-၂၀ ပတ်ဝန်းကျင်ပဲ...
အင်္ဂါနေ့ကတော့ ဘော်ဒါက လိုက်ပြတာနဲ့ ရမ်ဘို၎ သွားကြည့်တယ်...
ပြီးတော့ မြန်မာတွေရှိတဲ့ panesula ကို သွားတယ်...ဟဲဟဲ..ကွမ်းယာသွားဝယ်တာ...
ပြီးတော့ ဒီမှာ ဒူးရင်းသီးခေါ်တဲ့ နေရာကို သွားကြတယ်...
အဲဒါက ..ရေတွေ မှုတ်ထုတ်နေတဲ့ ခြင်္သေ့ကြီးနားမှာ...
အဲဒီကနေ လှမ်းကြည့်ရင်...ရဟတ်အ၀ိုင်းအကြီးကြီးတွေ့တယ်...
အားပါးပါး..နဲတဲ့အမြင့်ကြီးမဟုတ်ဘူး...အကြီးဆုံးပဲလို့ပြောတယ်...
ဖွင့်တောင် မဖွင့်ရသေးဘူး...၆လစာ လက်မှတ်က ကုန်နေပီတဲ့...
ပီးတော့ ကာစီနိုလုပ်ဖို့ ဆောက်နေတာလဲတွေ့တယ်....
ဒါလည်း အကြီးကြီးပဲ....
ဒါတွေလည်ရတာ ပျော်တော့ပျော်စရာပဲ...ဓါတ်ပုံတွေဘာတွေ ရိုက်လို့ပေါ့...
ဒါပေမယ့် အိမ်ပြန်ရောက်တော့လည်း ပူရပြန်ရော...
အလုပ်လေ....
အလုပ်ရှာရမှာ...သတင်းစာတွေဖတ်ပြီး...ဖုန်းဆက်တော့လည်း ...
စင်ကာပူသားတို့ ပီအာသမားတို့ပဲ လိုချင်ကြတာ...
အွန်လိုင်းမှာလည်း လိုက်လျှောက်ရတာပဲ...
တနေ့တစ်နေ့ ကွန်ပြူတာရှေ့ထိုင်ပီး..အလုပ်လိုက်ရှာလိုက်...
ချက်တင်ဝင်လိုက်နဲ့...မျက်စိတောင်မှ နာလာပီ...
ကဲကဲ...အခုတောင် ည (၁၂း၀၀) နာရီထိုးတော့မယ်...
အိပ်ဦးမှပဲ...
မနက်ဆိုလဲ အိမ်က အစ်ကို့ကလေးတွေ ကျောင်းသွားပို့ရဦးမယ်....
အိပ်တော့မယ်ဗျာ...
ကျွန်တော်အလုပ်ရဖို့လည်း ဆုတောင်းပေးကြဦးဗျ....

No comments:

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..