Tuesday, February 26, 2008

ဘောလုံးပွဲ ဖီလင်...

ဟေ့ကောင် ငပေါက်...

မင်းကို သတိရတယ်..
မင်းကို ဦးတည်ပြီး ဘလော့ရေးရဦးမယ်...
ဘာလို့လဲဆိုတော့...
ဒီမှာလည်း ဘောလုံးပွဲကြည့်ချင်ရင် လိုင်းထပ်ဝယ်ရတယ်ကွ...
ငါ့ဆီမှာမရှိလို့ ဆိုင်မှာသွားကြည့်ရတယ်...
ငါ့ Liverpool ကတော့ တော်တော် အခြေအနေ ကောင်းသွားပြီကွ..
သိတယ်ဟုတ်...
မာတာရာဇီ အနီ..ကိုဘားက နား...
နှစ်လုံးနဲ့နိုင်ထား...
ဘယ်လောက်မိုက်လဲ
နေဦး ငါ့စကားဘယ်ရောက်သွားပီလဲ
အော်...ဆိုင်မှာကြည့်ရင်ကွာ...
အနည်းဆုံး ကော်ဖီတော့ ၀ယ်သောက်ရတယ်ကွ ...
ကော်ဖီတစ်ခွက် ၁ ဒေါ်လာ ၅၀ ဆင့်....
ဗမာငွေနဲ့တွက်ကြည့်....၈၀၀ ကျော်တယ်ကွ
ချန်ပီယံလိဂ်ညကဆို..သူများအိမ်မှာသွားကြည့်ရတာကွ
အားပါးပါး...မနက်လေးနာရီမှ လာတယ်ကွာ
ငါ့မှာငုတ်တုတ်...
ဟေ့ကောင် ငပေါက်...
ပြန်ပြောဦးလေကွာ..
သိတယ်ဟုတ်...
ဒီမှာက အလုပ်နဲ့လူတွေကြီးပဲဆိုတော့ မနက်ဆိုထထပြေးကြရာတာ...
ငါ့မှာသာ အလုပ်မရသေးတော့ အားအားယားယား...
ဘောပွဲလိုင်းကြည့်ချင်ရင် လိုင်းထပ်ဝယ်ပဲ...။
ငါတို့မှာ 5 movie က ချုပ်ထားသလို
ဒီမှာတော့ starhub က ချုပ်ထားတာကွ။
ESPN, Star Sport, Football Channel, Star Movie, MTV, BBC စသည်ဖြင့်ပေါ့ကွာ..
အဲဒီလိုင်းတွေပါတယ်ကွ...ရွေးစရာကို မလိုဘူး။ အကုန်ပါတာကွ...
ပိုက်ဆံလည်း ငါတို့ဆီမှာလိုပဲ လစဉ်ကြေးတို့ ဘာတို့ပေါ့ကွာ..။
Receiver လည်း ၀ယ်ရတာပေါ့ကွာ..။
တစ်ခုကောင်းတာက..
ပရိုမိုးရှင်းအနေနဲ့ ဗီဒီယိုကင်မရာတို့၊ လပ်တော့တို့တောင် ပေးတာကွ..။
ဒီမှာ channel တစ်ခုအသစ်ရှိတယ်ကွ။ Football Channel တဲ့။
http://fc.sg.msn.com/index.aspx
ဒီမှာကွ..။
ငါ့တို့လို ဘောသမားတွေအတွက်...ဒါကလဲ တစ်ဒုက္ခကွ...။
မင်းရဲ့အာကြီးကတော့ ဒုတိယအကျော့မှာ အေစီကို နှစ်ဂိုးတောင် ကိုင်လိုက်ပီကွ...
မန်ယူကြီးကလည်း လိုင်ယွန်ကို တစ်ဂိုးနဲ့ ကပ်ပီး နိုင်သွားပီကွ...
ဘာကာကလည်း ၁းဝ နဲ့နိုင်သွားပီ...
ဒီလိုဆိုတော့ ရီးယဲလ်ကြီးလည်း ရုန်းရဦးမှာ...
ချယ်ဆီးရော ဘယ်လိုလာဦးမလဲပဲ...
ဘာပဲဖြစ်ဖြစ်ကွာ..အင်္ဂလန်သုံးသင်းကတော့ ခိုင်သွားပြီကွ...
ဒီကြားထဲ...မင်းတို့အာကြီးနဲ့တော့ မတွေ့ချင်ဘူးကွ...
ဖြစ်နိုင်ရင်ကွာ...အင်္ဂလန်အသင်းတွေနဲ့ မတွေ့ချင်ဘူး...
ငါ့ဘော်ဒါထဲမှာ အာကြီးပရိသတ်က အများသားကွ...
မင်းရယ်..ကိုဘာရယ်...ကိုဂေါ်ရယ်....
တခါတလေ..တီဗီမှာ သွားမကြည့်နိုင်တဲ့အခါ အွန်လိုင်းမှာပဲ ကြည့်ဖြစ်တယ်ကွ...
http://uk.eurosport.yahoo.com/football/
ဒီလိုင်းလေးက Live update ကြည့်လို့ရတယ်ကွ..စာလေးတော့ စောင့်ပီးဖတ်ရတာပေါ့ကွ....
LiveScore ပဲကြည့်ချင်ရင်တော့ http://www.livescore.com/ ဒီမှာဝင်ကြည့်လို့ရတယ်ကွ...
တခါတလေ မြန်မာပြည်က စာစောင်လေး ဖတ်ချင်ရင်တော့
http://www.first-11.com/ ဒီမှာဝင်ဖတ်တယ်ကွ...
အိုကေ..
မင်းလည်း ဘောလုံးပွဲတွေ ကြည့်တိုင်း ငါ့ကို သတိရပေါ့ကွာ..
မင်းနဲ့မင်းအဖေကိုတော့ ဘောလုံးပွဲကြည့်တိုင်း သတိရတယ်ကွ...
အိုကေ...
မင်းတို့အာကြီး အောင်မြင်ပါစေ...
ငါတို့ လီဗာပူး ချန်ပီယံလိဂ်ဖလား ရပါစေပေါ့ကွာ...

Monday, February 25, 2008

အိုဘဲ့...စင်ကာပူ

ဘယ်လိုလဲ..
အခါခါရှုံးနိမ့်လဲကျခြင်းတွေထဲ
အကြိမ်ကြိမ် ပြန်ထရခြင်းကိုက ဘ၀ပဲလား...
အရှေ့ကိုလှမ်းကြည့်တယ်...
သူများတွေ အသီးသီးဆိုက်ကပ်နေတဲ့ ကမ်းခြေထဲ
ငါဟာ မရောက်နိုင်သေးဘူး...
ကြိုးစားလှော်ခတ်နေခြင်းမှာ
ရွေ့လျားခြင်းက လိုက်မလာဘူး....
ရင်ဘတ်ကို လာလာကုတ်ခြစ်နေတဲ့
စိတ်ဓါတ်ကျခြင်းတွေထဲ
ငါဟာ သွေးစိမ်းတွေ သွင်သွင်ပန်းထွက်နေပီ...
အွန်လိုင်းနဲ့ငါ့လက်တွေကို
သော့ခတ်ထားသလိုမျိုး...
သတင်းစာတွေထဲမှာ ပြန့်ကျဲသွားတဲ့
ငါ့မနက်ခင်းတွေထဲ...
ငါဟာ ရီဝေမူးရစ်နေပြီ...
ကံကြမ္မာရဲ့ကောင်းမြတ်ခြင်းတွေရယ်..
ငါ့ကို နောက်ပြောင်နေခြင်းလား..
လှောင်ရီနေခြင်းလား..သိချင်စမ်းရဲ့
ညွှတ်ကျလာတဲ့ဒူးတွေနဲ့အတူ
ငါဟာ ပြိုလဲလိုက်ရတော့မှာလား...
စာအုပ်လေးတစ်ခုရဲ့သက်တမ်းကလည်း
တဖြည်းဖြည်း ဆွေးမြည့်လာပြီ....
ရင်ဘတ်ထဲ ဟုန်းဟုန်းတောက် မျှော်လင့်ခြင်းတွေလဲ...
အရှိန်နည်းလို့ အေးခဲလာတော့မယ်...
အိုး....စင်ကာပူကြီးရယ်..
ငါ့အိမ်မက်တွေကိုများ အမှည့်ခြွေနေတာလား..
အဲဒီ..PR တို့ Singaporian တို့ Local ဆိုတဲ့ အသံတွေကို
ငါ ကြောက်ရွံ့လာပီ...
ဘာဖြစ်ဖြစ်လေ...
ဘ၀ဆိုတာကိုက..ချိုမြိန်ခြင်းတွေအတိပြီးနေတာမှ မဟုတ်တာ...
ခါးသီးခြင်းတွေရဲ့နောက်မှာ လင်းလက်တဲ့ကြယ်စင်တွေလည်း
ငါတို့ကို ကြိုဆိုနေမှာပဲလေ...

ဆုရသွားတဲ့ကားလေးတွေ...











Sunday, February 24, 2008

အော်စကာ ရင်ခုန်သံ...






ဘာရယ်မဟုတ်ပါဘူး..
အလုပ်အကိုင်တွေ ရှာမရသေးတဲ့ အဆုံးမှာ..
အော်စကာပွဲလေး...ထိုင်ကြည့်လိုက်တယ်...
ခင်ဗျားတို့လည်း အဖြေလေးတွေသိချင်ရင်...
အောက်ကလင့်လေးကို ကလစ်လိုက်နော်...
http://oscar.com/oscarnight/winners/
ဒါမှမဟုတ်ရင်....

ဆုရတဲ့စာရင်းလေးက ဒီမှာ...

Best PictureNo Country for Old Men
Lead Actor Daniel Day-Lewis in There Will Be Blood
Supporting Actor Javier Bardem in No Country for Old Men
Lead Actress Marion Cotillard in La Vie en Rose
Supporting Actress Tilda Swinton in Michael Clayton
Animated FeatureRatatouille
Art DirectionSweeney Todd
CinematographyThere Will Be Blood
Costume DesignElizabeth: The Golden Age
Directing Joel Coen and Ethan Coen for No Country for Old Men
Documentary FeatureTaxi to the Darkside
Documentary Short Subject Freeheld
Film Editing The Bourne Ultimatum
Foreign Language The Counterfeiters
MakeupLa Vie en Rose
Music (Original score)Atonement
Music (Original song)"Falling Slowly" from Once
Animated Short "Peter & the Wolf"
Live Action Short "Le Mozart des Pickpockets (The Mozart of Pickpockets)"
Sound Editing The Bourne Ultimatum
Sound Mixing The Bourne Ultimatum
Visual Effects The Golden Compass
Adapted Screenplay No Country for Old Men
Original Screenplay Juno
Honorary Award Robert Boyle

Friday, February 22, 2008

ဘ၀ဆိုတာ

ဘ၀ဆိုတာ....
အခါခါရှုံးနိမ့်ခြင်းတွေထဲ
အကြိမ်ကြိမ်ပြန်ထ....
မနက်ဖြန်ကို လှမ်းကြည့်ရတာ
နှလုံးကို ခုန်မြန်စေတယ်....
တိုက်ပွဲတွေ အကြိမ်ကြိမ်တိုက်ဖို့
ဦးခေါင်းကို မော့ထားရမယ်....
ရင်ဘတ်ထဲက အနာတွေကိုက
ကိုယ့်အတွက်ဆေးဝါး...
ကော့ထားတဲ့ရင်ဘတ်တွေအတွက်
ဦးနှောက်ကို အလုပ်ပေးထား...
ဒဏ်ရာတွေထဲ
စိတ်ပျက်လို့လဲကျနေရင်...
ကြယ်စင်တွေပျက်သုဉ်းသွားမယ်...
သြော်...
ဘ၀ဆိုတာ...
ရင်ဘတ်ထဲက ပေတံတွေအတွက်
တိုက်ပွဲဝင်နေရခြင်းပါလား.....။ ။

Monday, February 18, 2008

Song of the Sea....


















ဒီလိုပါပဲ....
ကြွားတယ်လို့တော့မထင်ပါနဲ့...
စင်ကာပူရောက်ရင် လည်စရာ ဒါတွေပဲရှိတာလေ...
သူငယ်ချင်းနဲ့ချိန်းပြီး..သွားလည်ကြတာ...
ဝင်ကြေးက (၃) ကျပ်တဲ့...
ဝင်သွားလိုက်တော့...
အားပါး...လှလိုက်ကြတဲ့. အပြင်အဆင်လေးတွေ...
ပန်းတွေဆိုတာလဲ..အရောင်အစုံပဲ...
တချို့ဟာတွေက အတုတွေ..
ခြင်္သေ့တပိုင်း ငါးတပိုင်းအကောင်ကြီးက သိပ်မိုက်တာ..
ရောက်သွားတာ နေ့ခင်းကြီးဆိုတော့...နေသိပ်ပူတာပဲ
နေ၀ိုက်တာနဲ့ အသားတွေ မဲကုန်တော့မယ်..
ဒါနဲ့ကမ်းခြေလေးမှာ သွားထိုင်ပြီး ထမင်းစားဘာစားပေါ့...
ကမ်းစပ်ကို လျှောက်သွားရင်း..ရေထဲနဲနဲဆင်းရင်ကိုပဲ စိတ်က ထိန်းမရဘူး...
ကိုယ့်ဘော်ဒါက ကောင်မလေးနှစ်ယောက်...
အ၀တ်အစားက အပိုမပါ...
ရေကူးချင်စိတ်က ထိန်းမရဘူး..
မထူးဘူးကွာဆိုပြီး..သူတို့က အရင်ဆင်းတယ်....
ကိုယ်ကတော့ ဓါတ်ပုံရိုက်ပေးမယ်ပေါ့...
ဒါပေမယ့် အတူတူပါပဲကွာ..ဆိုပီး...ဘောင်းဘီကို ချွတ်ပီး ရေထဲဆင်းချလိုက်ရော...
ငှဲငှဲငှဲ....ဘောင်းဘီပိစိကွေးလေးပါတယ်နော်...
အားပါး...မိုက်တယ်ဗျာ...စင်ကာပူရေနော်...
ဟဲဟဲ...ဘေးနားမှာလဲ အားလုံးက ဘီကနီလေးတွေနဲ့..
သီးလေးသီးပြောသလိုဆို...ဗီဒီယိုထဲကအတိုင်းပဲ....
Song of the Sea တဲ့...လက်မှတ်က၀ယ်ထားပီးသား...အားပါး..(၆) ကျပ်တောင်..
ဒါနဲ့လျှောက်ဒိုးရင်း ည (၇း၄၀) အထိစောင့်ရတာပေါ့...
အချိန်တန်လို့ ၀င်သွားတော့ ကမ်းခြေလေးမှာပဲ ..ထိုင်စရာလေးတွေ လုပ်ထားတာ..
အားပါး .. လူတွေက များမှများပဲ...အစက အလကားပြတာတဲ့...
ရေစပ်ကလေးမှာ...အိမ်လေးတွေဆောက်ထားတာ...
ငပုတောတို့ ဘိုကလေးတို့ဘက်က အိမ်လေးတွေအတိုင်းပဲ..
အော်..ဒီလိုအိမ်များ မြန်မာနိုင်ငံမှာပေါလို့...ဆိုပီး..ပြောရယ်ကြရသေးတာ...
ခဏနေတော့..စပါလေရော...
ဒီလိုပဲ ... လူတစ်အုပ် ကမ်းခြေမှာ လျှောက်ပြေးရင်း စကားပြော သီချင်းဆို...
ဘာလဲဟလို့..ဒါပဲလားလို့...
ခဏနေတော့မှ...အိမ်လေးတွေအပေါ် ဆလိုက်တွေထိုးပီး.
လေဆာတွေ ထိုးပီး ပုံဖေါ်လိုက်တာများ ... အသက်ရှူဖို့တောင် မေ့တယ်...
အားပါးပါး..မိုက်ချက်က ဒါတောင် (၆) ကျပ်တန်ပဲရှိသေးတာ...
လေဆာရောင်ခြည်ထဲမှာကို အရုပ်တွေက စကားတွေပြော...သီချင်းတွေဆို...
အိုးအိုး...လုပ်တိုင်းကို ဖြစ်နေတာ
မီးရှူးမီးပန်းတွေဆိုတာများ...ပုံစံအမျိုး..အရောင်အမျိုးမျိုး....
အား...အား..မိုက်ချက်က ကန်းကုန်...
အပေါ်မှာကြည့်လိုက်...

အိုဘဲ့...ဆန်တိုဆာ








Friday, February 15, 2008

Thursday, February 14, 2008

စင်ကာပူသွားတောလား...

ဒီနေ့ဆို...ကြာသပတေးနေ့တောင် ရှိသွားပီ...
ရောက်တာက စနေဆိုတော့... အင်း..ငါးရက်တောင်မှ ရှိသွားပီ...
ပီးတော့...ဒီနေ့က ချစ်သူများနေ့လေ....
အင်း...ချစ်သူလေးနဲ့တော့ စကားပြောလိုက်ရပါတယ်...
ဒါပေမယ့် သိပ်တော့မ၀ဘူး...သိတဲ့အတိုင်းပဲ ... ဖုန်းခတွေက ဈေးကြီးမှကြီးပဲ...
ဒီနေ့တော့ သူငယ်ချင်းအိမ်သွားလည်တယ်...
ပြန်လာတော့ ကိုယ့်ဘာသာကို ပြန်လာတယ်...
မဆိုးဘူးပဲ...မှတ်တိုင်ကို အသေမှတ်ထားရတာပဲ...
မိုက်တာက ကားမှာ မှတ်တိုင်နံမည်ကို ကြိုပြထားပေးတာလေ..
ဒီတော့ အဲဒီစာတန်းလေးကိုပဲ ကြည့်နေရတာ...
ပြီးတော့...ကားပေါ်ကို စစ်သားဝတ်စုံနဲ့ ကောင်ကလေးတွေ တက်လာတာတွေ့ရတယ်...
ငယ်ငယ်လေးတွေပဲ....၁၉-၂၀ ပတ်ဝန်းကျင်ပဲ...
အင်္ဂါနေ့ကတော့ ဘော်ဒါက လိုက်ပြတာနဲ့ ရမ်ဘို၎ သွားကြည့်တယ်...
ပြီးတော့ မြန်မာတွေရှိတဲ့ panesula ကို သွားတယ်...ဟဲဟဲ..ကွမ်းယာသွားဝယ်တာ...
ပြီးတော့ ဒီမှာ ဒူးရင်းသီးခေါ်တဲ့ နေရာကို သွားကြတယ်...
အဲဒါက ..ရေတွေ မှုတ်ထုတ်နေတဲ့ ခြင်္သေ့ကြီးနားမှာ...
အဲဒီကနေ လှမ်းကြည့်ရင်...ရဟတ်အ၀ိုင်းအကြီးကြီးတွေ့တယ်...
အားပါးပါး..နဲတဲ့အမြင့်ကြီးမဟုတ်ဘူး...အကြီးဆုံးပဲလို့ပြောတယ်...
ဖွင့်တောင် မဖွင့်ရသေးဘူး...၆လစာ လက်မှတ်က ကုန်နေပီတဲ့...
ပီးတော့ ကာစီနိုလုပ်ဖို့ ဆောက်နေတာလဲတွေ့တယ်....
ဒါလည်း အကြီးကြီးပဲ....
ဒါတွေလည်ရတာ ပျော်တော့ပျော်စရာပဲ...ဓါတ်ပုံတွေဘာတွေ ရိုက်လို့ပေါ့...
ဒါပေမယ့် အိမ်ပြန်ရောက်တော့လည်း ပူရပြန်ရော...
အလုပ်လေ....
အလုပ်ရှာရမှာ...သတင်းစာတွေဖတ်ပြီး...ဖုန်းဆက်တော့လည်း ...
စင်ကာပူသားတို့ ပီအာသမားတို့ပဲ လိုချင်ကြတာ...
အွန်လိုင်းမှာလည်း လိုက်လျှောက်ရတာပဲ...
တနေ့တစ်နေ့ ကွန်ပြူတာရှေ့ထိုင်ပီး..အလုပ်လိုက်ရှာလိုက်...
ချက်တင်ဝင်လိုက်နဲ့...မျက်စိတောင်မှ နာလာပီ...
ကဲကဲ...အခုတောင် ည (၁၂း၀၀) နာရီထိုးတော့မယ်...
အိပ်ဦးမှပဲ...
မနက်ဆိုလဲ အိမ်က အစ်ကို့ကလေးတွေ ကျောင်းသွားပို့ရဦးမယ်....
အိပ်တော့မယ်ဗျာ...
ကျွန်တော်အလုပ်ရဖို့လည်း ဆုတောင်းပေးကြဦးဗျ....

Sunday, February 10, 2008

ဒုတိယည...

ဒီနေ့က ဆန်းဒေဆိုတော့ ဘုရားကျောင်းသွားမလားလို့....
အိမ်က လူကြီးတွေက အလုပ်တက်ရတယ်...
ကလေးတွေက ဗမာကျောင်းသွားမယ်တဲ့...
ကိုယ်က ကရင်ကျောင်းသွားချင်တာ...သွားမှမသွားတတ်တာ...
အစ်မကလည်း သူငယ်ချင်းနဲ့ချိန်းထားတယ်တဲ့...
ဒါနဲ့ တူမကို ခေါ်ပြီးလိုက်သွားပါလေရော...
အဲ...အဲမှာစတွေ့ပီ...ကဒ်တွေ...ကဒ်တွေ...
ကားစီးလည်း...ကဒ်...ကပ်
ဘူတာကို ၀င်တော့လည်း...ကဒ်...ကပ်...
ရထားစီးတော့လည်း...ကဒ်...ကပ်
မိုက်တော့မိုက်တယ်ဗျ...
ဒါပေမယ့်ဗျာ...ရန်ကုန်က စပယ်ယာတွေကို လွမ်းတယ်...
ဟိုရောက်တော့ သူ့ဘော်ဒါတွေက တစ်အုပ်ကြီးရယ်...
အတူတူလိုက်ပီးအလုပ်ရှာဖို့ သူငယ်ချင်းအိမ်ရှာ...
လမ်းလျှောက်လိုက်ရတာဗျာ...ခြေတောင်တိုရော...
သူတို့မှာတော့ သူငယ်ချင်းနဲ့...တိုင်တိုင်ပင်ပင်...
ကိုယ့်မှာတော့ ငေါင်တောင်တောင်...
အဲ..သူငယ်ချင်းကို လှမ်းချိန်းတော့ လာမည်ဆိုပီး...မလာဘူး...
ဘုရားကျောင်းကို နောက်ကျတော့ မ၀င်လိုက်ရဘူး...
အလုပ်လိုချင်ကို ဘုရားကို အားကိုးပါမယ်ဆိုမှ.....
အဲ...အဲဒီမှ သူငယ်ချင်းက ဖုန်းခေါ်လာတယ်...
ရုပ်ရှင်ကြည့်မယ်...မုန့်စားမယ်တဲ့....
ဒါနဲ့ကလေးတစ်အုပ်နဲ့ ပြန်လာတယ်...
ဒီကလေးတွေကလည်း မျောက်ရှုံးရော...
ချော်လေးတွေကလည်း အပျံစားတွေပဲ...
ခဏနေတော့ ကလေးတွေအဖေဖုန်းဆက်တယ်...
ရုပ်ရှင်က ကလေးတွေ ကြည့်လို့မရဘူးတဲ့...
ဒါနဲ့ကလေးတွေကို အိမ်ပြန်လွှတ်ရတယ်...
သူတို့တွေကတော့ မလိုက်ရလို့ စိတ်ဆိုးချင်ချင်...
ရုပ်ရှင်ရုံရောက်တော့ အဲဒီကားက မနက် ၁၁ နာရီမှ ပြတာတဲ့...ကောင်းရော..
ဒါနဲ့ ဒီကောင်က မုန့်ကျွေးမယ်ပေါ့...
ဒါပေမယ့် သူ့မှာတဲ့ ... စင်ကာပူပိုက်ဆံမပါဘူးတဲ့...
အစိမ်းကလည်း လဲလို့မရဘူးတဲ့...
ဒါနဲ့ပဲ ပါသမျှတွေ အကုန်ယူသွားပါလေရော...
အဲ...စားပီးတော့ ကားစီးပြန်တော့...
ကားမှားစီး...မှတ်တိုင်မှားဆင်း...လမ်းလျှောက်....ကောင်းရော..
ဒီကောင်ကလည်း ကောင်းနေတာကိုး....
အိမ်ရောက်တော့ အတူလာတဲ့အစ်ကိုက...ဟမ်းဖုန်းနဲ့တောင် ဖြစ်နေပီ...
ကောင်းစားနေတာ...မနက်ဖြန်တောင် အင်တာဗျူးဝင်မယ်ဆိုပဲ...
စိတ်ဓါတ်တွေ လှမ်းလှမ်းကောက်နေရတယ်....
အစ်မအတွက် လက်မှတ်တွေ ဆကင်ဖတ်တော့...
အားပါးပါး....၁၂ ခုတောင်မှ....
လှမ်းကောက်ရပြန်ပီ...စိတ်ဓါတ်တွေ...
ဒါနဲ့ပဲ...လီဗာပူးပွဲစောင့်ကြည့်....
ထုံးစံအတိုင်း...သရေကျ....
ကောင်းရော...ကောင်းရော...
ဒီလိုနဲ့ပဲ...နှစ်ရက်ကုန်သွားပြန်ပီ....

Saturday, February 9, 2008

စင်ကာပူည....

လေယာဉ်ပြတင်းပေါက်က လှမ်းကြည့်တော့...
မီးရောင်ပိစိကွေးလေးတွေ ဖွေးဖွေးလှုပ်နေတဲ့ ကုန်းမြေလေးတစ်ခုကို တွေ့တယ်....
သြော်...ဒါဟာ စင်ကာပူပါလား...
လေယာဉ်မယ်က စင်ကာပူစံတော်ချိန်ကို ပြောပြတာ
၉နာရီထိုးဖို့ ၁၀ မိနစ်တဲ့...
လေဆိပ်မှာ အစ်ကိုက လာကြိုတယ်...
လူက လေးယောက်တောင် ဆိုတော့ ကားကြီးငှားလိုက်ရတယ်..
၅၀ တဲ့...
အိမ်ရောက်တယ်ဆိုတာနဲ့...အကျီကို ချွတ်လိုက်ရတာပဲ...
အားပါးပါး...တော်တော်ပူတာပဲ...
ခဏနေတော့ အင်တာနက်ထဲဝင်လိုက်တယ်...
ဂျီတော့မှာရှိတဲ့ ဘော်ဒါတွေ ပတ်ကြွားလိုက်တယ်...
စင်ကာပူက ဘော်ဒါတွေဆီ ပတ်ဖုန်းဆက်လိုက်တယ်...
နောက်ပီး...အလုပ်ခေါ်တဲ့ ဆိုဒ်တွေကို ပြူးပြဲရှာရင်းနဲ့မှ
၁၂နာရီတောင် ထိုးသွားတယ်...
လူကလည်း အိပ်ချင်လာတာနဲ့ အိပ်ပစ်လိုက်ရော...
ဒီလိုနဲ့ တစ်ရက်က ကုန်သွားပြန်ကော...
ဗီဇာက တစ်လပဲရတာလေ...
ဒီအတောအတွင်း အလုပ်က ရအောင်ရှာရမှာပဲ...
အလုပ်ရမလား..မရဘူးလားဆိုတာကိုတော့......

Thursday, February 7, 2008

အလွမ်း

အလွမ်းဆိုတာ...
ကမ်းခြေကို ရိုက်ခတ်တဲ့ လှိုင်းကလေးတွေလား...

အပြောကျယ်တဲ့ ပင်လယ်ကြီးတဲ့
စုန်ဆန်ကူးခတ်ရင်း နွမ်းလျလာတဲ့အခါ
ကမ်းခြေကို အပြေးအလွှား
ခိုဝင်နားရသလိုပဲ
အလွမ်းဆိုတာလဲ
ဘ၀ကြီးထဲ ၀ဲလည်မောပန်းစွာ
လှုပ်ရှားရုန်းကန်ရင်း မောပန်းလာတဲ့အခါ
တချိန်က ပျော်ရွှင်ခဲ့ရခြင်းတွေကို
လွမ်းမောတမ်းတရခြင်းပဲလား...။

လှိုင်းတွေမှာတောင်
နားခိုစရာ ကမ်းခြေရှိရင်...
အလွမ်းတွေမှာကော
ဆုံဆည်းပျော်ရွှင်ခွင့်တော့ မရနိုင်တော့ဘူးလား...

သြော်...
အလွမ်းဆိုတာ ကမ်းခြေကို
လာလာရိုက်တဲ့ လှိုင်းကလေးတွေပဲလားကွယ်....။

"Step Up 2 The Streets" ဒီကားလေးလည်း ကြည့်ကောင်းမှာ...

ဟိုးဟိုး....ဗွီဒီယိုလေးတွေ တင်းလို့ရပီ....ဒီကားတွေ ကြည့်ချင်နေတာ..